Pages

Saturday, October 26, 2013

ဥပဒေသစ်အရ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၀င်ငွေခွန်ပေးဆောင်ရမည်

 
နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေစရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအရ အဆိုပါပုဂ္ဂိုလ်များအားလုံးသည် ၀င်ငွေခွန် ပေးဆောင်ရတော့မည်ဖြစ်သည်။

အဆိုပါပုဂ္ဂိုလ်များသည် ယခင်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ထားသည့် ဥပဒေများအရ ရရှိသည့်ဝင်ငွေအသီးသီးပေါ်တွင် ၀င်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်ဟူ၍ပါရှိသည်။ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်ဆိုသောစာပိုဒ်ကို ပယ်ဖျက်ထားသည့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို  ကျင်းပနေဆဲလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

၂၀၁၂ ခုနှစ် ဧပြီလတွင် စတင်အသက်ဝင်ခဲ့သည့် ၀င်ငွေခွန်ဥပဒေသစ်အရ နိုင်ငံသားတိုင်းသည် တစ်နှစ်ပတ်လုံးစာဝင်ငွေသည် ၁၄ သိန်း ၄ သောင်း အထက် ဆိုပါက သတ်မှတ်ထားသည့်ရာခိုင်နှုန်းများအလိုက် ၀င်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

သို့သော် ၀င်ငွေခွန်ဥပဒေတွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ယခုချီးမြှင့်ငွေ နှင့် စရိတ်များကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို လွှတ်တော်သို့ တင်သွင်းပြဋ္ဌာန်းမည်ဖြစ်သော်လည်း ၀င်ငွေခွန်ဥပဒေတွင်ပါ ပြင်ဆင်ရန်လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကဆိုသည်။

““အရင်က ကျွန်တော်တို့တွေ ၀င်ငွေခွန်မဆောင်ရဘူး။ ခုပြင်မယ့်ဥပဒေအရ ဆောင်ရမယ်ပေါ့။ ဒါကောင်းပါတယ်။ ပြည်သူတွေနဲ့အတူတူဖြစ်သွားတဲ့အတွက် ဖြစ်သင့်တယ်လို့ထင်ပါတယ်””ဟု စီးပွားရေး ပညာရှင်တစ်ဦးလည်းဖြစ်သည့် ဦးကြည်မြင့်က ပြောသည်။

အဆိုပါချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းငါးခုကို ပြည်သူအများ သိရှိလေ့လာအကြံပြုနိုင်ရန်အတွက် အောက်တိုဘာ ၂၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသော်လည်း ပယ်ဖျက်သည့်ပုဒ်မ၏ အကြောင်းအရာများကို ဖော်ပြထားခြင်းမရှိပေ။

နိုင်ငံတော်သမ္မတသည် တစ်လလျှင် လစာငွေ ကျပ်သိန်း ၅၀ ရရှိပြီး အိမ်တစ်ဆောင်၊ ကားခြောက်စီးနှင့် အခြားအဆောင်အယောင်ခံစားခွင့်များရရှိသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လစာမှာ တစ်လလျှင် ကျပ်သုံးသိန်းဖြစ်ပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်၏လစာမှာ ကျပ်နှစ်သိန်းဖြစ်သည်။

ဥပဒေသစ်အသက်ဝင်လာပါက လွှတ်တော်ကိုယ်စားလှယ်များလည်း ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။

7Day Daily

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံရေးတွင် ပါဝင်ပတ်သက်၍မရတော့ဟု ဦးရွှေမန်းပြော

အောက်တိုဘာ ၂၄ ရက်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မီဒီယာများနှင့်တွေ့ဆုံစဉ် ဓာတ်ပုံ - သန်းထူး - 7Day Daily

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ နိုင်ငံရေး နှင့် ပတ်သက်မှုမရှိတော့ဘဲ လက်ရှိအခြေအနေတွင် ၎င်းပါဝင်ပတ်သက်လိုလျှင်လည်း လုပ်ကိုင်၍မရနိုင်တော့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

““နိုင်ငံရေးနဲ့ပတ်သက်လို့ ရှိပါသလားဆိုတာ ဗိုလ်ချုပ်မှူးကြီးသည် နိုင်ငံရေးနဲ့ပတ်သက်လို့ သူမရှိပါဘူး။ တကယ်လို့ စိတ်ထဲမှာရှိရင်လည်း လက်တွေ့ သူ လုပ်ဆောင်လို့မရပါဘူး”” ဟု ဗိုလ်ချုပ်မှူးကြီးနှင့် မြန်မာနိုင်ငံရေး ဆက်စပ်နေမှုကို သူရဦးရွှေမန်းက ဆိုသည်။

““ပြီးခဲ့တဲ့ ရက်အတွင်းကပေါ့ မိမိတို့ရဲ့ လူကြီးဟောင်းဖြစ်တဲ့၊ အကြီးအကဲဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမိသားစုကို မိမိတို့ရဲ့ မိသားစုက သွားရောက်ဂါရ၀ပြုခဲ့တယ်။ အဲဒီလိုပြုတဲ့အခါမှာလူကြီးအနေနဲ့ ခုနကမေးတဲ့မေးခွန်းလို့ ယူဆပါတယ်။ စိုးရိမ်မှုတွေပူပန်မှုတွေရှိသလား။ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ပတ်သက်လို့ လူကြီးတစ်ယောက်အနေနဲ့ မူလကတည်းက နိုင်ငံတော်နဲ့နိုင်ငံသားများအပေါ်မှာ စေတနာနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သို့သော် အကျိုးရလဒ်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ မိမိတို့ လေးစားတန်ဖိုးထားရမယ်။ အကျိုးရလဒ်ကို မိမိတို့ ကြိုက်ချင်မှကြိုက်မယ်။ ဒီအပေါ်မူတည်ပြီးတော့ သင်ခန်းစာယူပြီးတော့ ဆက်လက်ဆောင်ရွက်တဲ့နေရာမှာ လူကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့တိုးတက်ဖြစ်ပေါ်မှုကို ဘေးနေပြီးတော့ စိတ်ဝင်စားစွာ စောင့်ကြည့်နေတဲ့သဘောရှိပါတယ်။ မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့အတွက်လည်း သူ့ဆီမှာ စိုးရိမ်နေမှုတွေရှိပါတယ်”” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သော တပ်မတော်အစိုးရလက်ထက်တွင် နံပါတ်သုံးခေါင်းဆောင် တာဝန်ယူခဲ့သည့်  ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ မိသားစုသည် အကြီးအကဲဟောင်းဖြစ်သော ဗိုလ်ချုပ်မှူးကြီး မိသားစုအား သွားရောက်ဂါရ၀ပြုရာတွင် ယင်းသို့ပြောကြားခဲ့သည်ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် တပ်မတော်အရာရှိကြီးများသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံရေးအာဏာ ရယူခဲ့ပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်  ဖွံ့ဖြိုးရေးကောင်စီအမည်သို့ ပြောင်းလဲပြီး နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ယင်းနောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်သည့်အစိုးရသစ်အား အာဏာလွှဲပြောင်းပေးခဲ့သည်။

7Day Daily

ကရင်လက်နက်ကိုင်တွေကို ကရင်လူထုဝေဖန်တဲ့ပွဲ

 
မြ၀တီမြို့မှာ ဒီနေ့ပြုလုပ်တဲ့ ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကရင်လူထုတွေ့ဆုံပွဲမှာ တက်ရောက်လာကြတဲ့ လူထုတွေက ကရင်အမျိုးသားအစည်းအရုံး KNU အပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ချို့ယွင်းချက်တွေနဲ့ ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင်ဝေဖန်ခဲ့ကြပါတယ်။
ဒီပွဲကိုကရင်လူထု ၃၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

KNU နဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ဘုန်းတော်ကြီးတပါးက KNU ကို ကရင်တမျိုးသားလုံးက ပိုင်တာဖြစ်တဲ့ အတွက် KNU ဘာဘဲလုပ်လုပ် ကရင်တမျိုးသားလုံးရဲ့ ဆန္ဒ သဘောထားကို မမေ့ဘို့လိုတယ်ဆိုပြီး ဆွေးနွေးပါတယ်။

ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရတဲ့ဒီလိုပွဲမျိုး ကရင်ပြည်နယ်မှာ လစဉ်လုပ်နိုင်ရငိကောင်းမယ်
ဆိုပြီး တက်ရောက်လာသူတဦးက ပြောပါတယ်။

ဒီပွဲကို ကရင်လက်နက်ကိုင်အဖွဲ့တွေ၊ မြ၀တီခရိုင်တာဝန်ရှိသူတွေ၊ ကရင်နိုင်ငံရေးပါတီတွေ၊ ပြည်နယ်အစိုးရ၀န်ါကြီးတွေ၊လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့အောက်ခြေလူထုတွေ၊ကျောင်းသားလူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)












ဧရာဝတီBlog

ကချင်ဒေသခံတချို့ စစ်တပ်က ဆက်လက်ဖမ်းဆီး

ကချင်ပြည်နယ်ထဲမှာ မကြာသေးခင်တုန်းက လက်နက်ကိုင် ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အစိုးရ  စစ်တပ်က ဒေသခံတချို့ကို ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် ဒေသခံတချို့ကို ပြောင်းရွှေ့ပေးရတာတွေလည်း ရှိနေတဲ့အကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင်လက်နက် ကိုင်အဖွဲ့တို့ကြား ဗန်းမော်ခရိုင်ထဲမှာ အရင်တပတ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုအခါ အခြေအနေတွေ တည်တည် ငြိမ်ငြိမ် ရှိနေပြီလို့ တာဝန်ရှိသူတွေက ပြောဆိုပေမဲ့ ရွာသားတွေကို စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးတာတွေ ရှိနေတာ ကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းက မခေါယန်နဲ့ နမ်ဖိုရွာမှာ အောက်တိုဘာလ ၂၅ ရက် သောကြာနေ့က မြန်မာစစ်ကြောင်း ၀င်ရောက်
လာပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့သလို၊ နန်ဖိုရွာသူကြီး အပါအ၀င် ရွာသား ၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လောလောဆယ် ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုလည်း အကြောင်းကြားထားတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးဂွန်ဂျာ က ပြောပြပါတယ်။

“၂၅ ရက်နေ့မှာ တပ်တွေက ပြန်ရွှေ့တယ်၊ ရွှေ့ပြီးတော့မှ မန်စီမြို့နယ် မခေါယန်နဲ့ နန်ဖိုရွာမှာ ပြန်ထိုင်နေတယ်။ အဲဒီမှာ ပြန်ထိုင်ပြီးတော့မှ ရွာသားတွေကို စစ်ဆေးမေးမြန်းပြီးမှ ယောက်ကျားတွေတခြား၊ မိန်းမတွေတခြား အဲလို စုပုံပြီးမှ ထားတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ စစ်ကြောင်းကဝင်လာတဲ့ အခါကျတော့ ရွာသားတွေကလည်းပဲ ကြောက်လန့်ပြီးတော့ ထွက်ပြေး၊ အဲဒီအခါကျတော့ တပ်ကလည်းပဲ ရွာသားလိုလို၊ ရန်သူလိုလိုပေါ့။ အထင်မှားပြီးတော့ အားလုံးကို ပြန်ဖမ်း၊ ပြန်ဖမ်းပြီးတော့ ယောက်ကျားတခြား၊ မိန်းမတခြား စုပြုံပြီးတော့မှ စစ်ဆေးမေးမြန်းချက်လုပ်တဲ့အခါကျတော့ ရွာသားတွေလည်း ကြောက်တဲ့လန့်တဲ့အခါကျတော့ ပြည်သူလူထုက ကျနော်တို့ဆီ အကြောင်းကြားတာပေါ့။ ရွာလူကြီးတစ်ယောက်ကိုလည်း- ဖမ်းသွားတယ်ပြောတယ်။ ဘယ်ရောက်နေလဲမသိဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က ၆ နာရီအချိန်မှာ ကျနော်လည်း တိုင်းကို ပြန်ပြောပြတယ်။ အဲလိုအခြေအနေဖြစ်နေတယ်။ မနေ့ကချက်ခြင်းပဲ တပ်တွေကို ရွာမှာမနေဖို့အတွက်၊ နောက်ပြီး သူတို့လည်း နာမည်စာရင်းတွေယူပြီးမှ အောက်ခြေကိုပြန်စုံစမ်းပြီးတော့မှ အမြန်ဆုံးပြန်လုပ်ပေးနိုင်အောင် လုပ်ပေးမယ်ဆိုပြီး ယူထားတယ်-တဲ့။ အောက်ခြေကတော့ ဒီအဆင့်ပဲရှိသေးတယ်။”

ဒါ့အပြင် မခေါယန်နဲ့ နမ်ဖိုရွာတွေက ရွာသားတွေကိုလည်း ဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေဆီ ပြောင်းရွှေ့ နေရာချ ထားဖို့အတွက် ခရစ်ယာန်ဘာသာရေးဆရာတွေက စီစဉ်ဆောင်ရွက်နေတဲ့အကြောင်းလည်း သူက ဆက်ပြောပြပါတယ်။

“သူတို့ ဖမ်းဆီးထားတဲ့ရွာသားတွေကို ပြန်တက်ခေါ်ဖို့အတွက် ဗန်းမော်က ဘာသာရေးဆရာတွေက ကား ၇ စီးနဲ့ ထွက်သွားလိုက်ပါပြီဗျ။ အဲဒါလည်း တိုင်းမှူးကို အကြောင်းကြားခိုင်းတယ်။ တိုင်းမှူးကလည်း သွားခေါ်ပါလို့ ခွင့်ပြုလို့ ဒီညပြန်ထွက်သွားကြပြီ။”

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း မြန်မာစစ်ကြောင်းတွေကနေ ဗန်မော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာကို ၀င်ရောက်ပစ်ခတ်ခဲ့ပြီး ရွာသား ၅၀၀ လောက်ကို ထိန်းသိမ်းမှုဖြစ်ခဲ့သလို၊ နောက်တနေ့မှာလည်း မန်စီမြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက် ရေးတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ အဲ့ဒီအချိန်က ထိန်းသိမ်းခံခဲ့ရတဲ့ ရွာသား ၅၀၀ လောက်ကတော့ အခု ပြန်လွတ်လာပြီလို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဂွန်ဂျာ က ဗွီအိုအေကို ပြောပါတယ်။

အခုလို ဗန်မော်ခရိုင် မန်စီမြို့နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ - ပြည်နယ်ဝန်ကြီးချုပ်က - မန်စီမြို့နယ်တွင်းမှာ အခြေအနေတွေ တည်ငြိမ်နေပြီ ဆိုတာနဲ့ မကြာခင်မှာ အဲ့ဒီဒေသကို UN ထောက်ပံ့ရေးယာဉ်တွေလည်း သွားရောက်တော့မယ်လို့ အခုလို ပြောပါတယ်။

“အခြေအနေက တည်တည်ငြိမ်ငြိမ်ရှိနေပါပြီ။ UN ကနေပြီးမှ ထောက်ပံ့မှုတွေ အကုန်လုံး ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ကစပြီးတော့မှ ထွက်မှာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ရေးယာဉ်တွေတောင် သွားနေတယ် ဆိုရင်တော့ အစစအရာရာ အဆင်ပြေနေတဲ့အနေအထားမျိုးမှာ ရှိနေပြီဖြစ်ပါတယ်။ အဘက်ဘက်က ဝိုင်းပြီးမှ - အကောင်းဆုံးဖြစ်အောင် ဝိုင်းပြီးတော့ ညှိပြီး ဆောင်ရွက်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် အရှုတ် နီဂမ် (Asok Nigam) ကလည်း - မန်စီမြို့နယ်တွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ကြရတဲ့ ဒေသခံ ၁၂၀၀ နီးပါးအတွက် စိုးရိမ်ကြောင်းနဲ့ ဒီလူတွေဆီ ချက်ချင်း သွားရောက်ကူညီနိုင်ဖို့အတွက်ကိုလည်း လမ်းကြောင်းဖွင့်ပေးဖို့ရာ သောကြာနေ့ကပဲ ကြေညာချက်ထုတ် တောင်းဆိုထား တာပါ။ ဒီတောင်းဆိုပြီးနောက်မှာ အခုလာမယ့် တနင်္လာနေ့ကို သွားရောက်ဖို့အတွက် အစိုးရတာဝန်ရှိသူတွေက ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။

KIO နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ဟာ - တိုက်ပွဲတွေ အရှိန်လျှော့ချရေး၊ တိုက်ပွဲထပ် မဖြစ်အောင် ပူးတွဲစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းဖို့ ဒီလဆန်းပိုင်းက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ တိုက်ပွဲတွေ ကတော့ ဆက်ဖြစ်နေဆဲပါ။ ဒါ့အပြင် အစိုးရဘက်က ကြိုးပမ်းနေတဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခင်မှာလည်း - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေချည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိပါတယ်ရှင်။ 
မနန္ဒာချမ်း(VOA)

ပြည်သူတွေမြတ်နိုးဂုဏ်ယူရတဲ့စစ်တပ် ဖြစ်ဖို့ဒေါ်စုလိုလား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်တော်ဝင်စစ်တက္ကသိုလ် Sandhurst iဗိုလ်လောင်းများနှင့် လက်ဖက်ရည်အတူသောက်နေစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၃)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်တော်ဝင်စစ်တက္ကသိုလ် Sandhurst iဗိုလ်လောင်းများနှင့် လက်ဖက်ရည်အတူသောက်နေစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ ပြည်သူလူထုက ချစ်ခင်မြတ်နိုးပြီးတော့ ဂုဏ်ယူတဲ့စစ်တပ်မျိုး ရှိစေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သာဆိုရင် ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်မှာ မဟုတ်တော့ဘူးလို့လည်း ဗြိတိန်နိုင်ငံ၊ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားတာပါ။ အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာရှိတဲ့ Sandhurst တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“တိုင်းပြည်ဟာ စစ်တပ်ရဲ့အခိုင်းအစေ မဖြစ်သင့်ပါဘူး၊ စစ်တပ်ဟာ တိုင်းပြည်ရဲ့အောက်ခြေ ဖြစ်ရပါလိမ့်မယ်။ ဒါဟာ Sandhurst တက္ကသိုလ်က သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။”

ဒီတစ်ခေါက် ဗြိတိန်နိုင်ငံ ငါးရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst တော်ဝင်စစ်တက္ကသိုလ်ကို သောကြာနေ့က ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူလူထုက လေးစားချစ်ခင်ပြီး ဂုဏ်ယူတဲ့ ပြည်သူ့ဝန်ထမ်း စစ်တပ်စစ်စစ် ရှိစေချင်လို့ တကယ်ကောင်းမွန်တဲ့ ပြည်သူ့ဝန်ထမ်း စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို လေ့လာရအောင် လာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်လောင်းတွေနဲ့ လက်ဖက်ရည်သောက်ရင်း Sandhurst တက္ကသိုလ်ဟာ ဖျက်ဆီးဖို့မဟုတ်ဘဲ ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ စစ်တပ်ကောင်းတစ်ခုဖြစ်အောင် မှန်ကန်တဲ့ ခေါင်းဆောင်မှုတွေကို ပို့ချပေးနေတဲ့နေရာလို့လည်း သူမက ချီးကျူးပြောခဲ့ပါတယ်။

ဗြိတိသျှလက်အောက်ကလွတ်မြောက်အောင် တိုက်ပွဲတွေကို ဦးဆောင်ခဲ့တဲ့ သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ မီးရှူးတန်ဆောင်ဘဝကနေပြီးတော့ အခုအခါမှာ ပါလီမန်မှာ အတိုက်အခံခေင်းဆောင် နိုင်ငံရေးသမားအဖြစ် ပြောင်းလဲခဲ့ပါပြီ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် ရလဒ်ကို အသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။ အခုအခါမှာတော့ ပြီးခဲ့တဲ့နှစ်က  ကြားဖြတ်ရွေးကောက်ပွဲမှာ သူမရဲ့ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ တခါ ၂၀၁၅ ရွေးကောက်ပွဲမှာ သူမကိုယ်တိုင် သမ္မတအဖြစ် ဝင်ရောက်အရွေးခံဖို့ ရည်ရွယ်ထားပြီး ဖွဲ့စည်းပုံဥပဒေကို ပြုပြင်နိုင်မှသာ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်မယ်ဆိုတာ ကမ္ဘာက သိစေချင်တယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Sandhurst တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားတဲ့အခါ အခုလို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

“ဒါဟာ ကျမ သမ္မတဖြစ်လာနိုင်မယ့် အရေးလောက်နဲ့သာ ပတ်သက်နေတာ မဟုတ်ပါဘူး။ အခုလက်ရှိ အခြေအနေမှာကို ဖွဲ့စည်းပုံက ဒီမိုကရေစီကို အလွန့်အလွန် ကန့်သတ်ထားတဲ့သဘော ဖြစ်နေပါတယ်။ မြန်မာတနိုင်ငံလုံးဟာ ဒီမိုကရေစီလမ်းပေါ်ကို တက်လှမ်းနေပြီလို့ ကမ္ဘာက ထင်နေပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံနဲ့သာဆိုရင်တော့ လက်ရှိအခြေအနေထက် ရှေ့တိုးနိုင်စရာကို မရှိတော့ပါဘူး။”

မကြာသေးမီရက်များအတွင်းက မြန်မာနိုင်ငံမှာ မူဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ထိထိရောက်ရောက် ရှုတ်ချတာမျိုးမရှိဘူးလို့ ဗြိတိန်နိုင်ငံ မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။

ကျယ်ပြန့်လာတဲ့ မူဆလင်ဆန့်ကျင်ရေး ခံစားမှုတွေဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် အန္တရာယ်ဖြစ်နေပြီး ဒီမုန်းတီးမှုတွေဟာ ရာစုနှစ်ဝက်ကျော်ကျော် စစ်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ ရလဒ်ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနားက ဆိုထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှု၊ မုန်းတီးမှုမှန်သမျှကို ကျမ ရှုတ်ချပါတယ်။ ဒါပေမဲ့ လူတွေကို ရှုတ်ချနေလို့တော့ အကျိုးရှိမယ်လို့ ကျမ မယုံကြည်ပါဘူး။ လူတွေကို ကျမတို့ ပြုပြင်နိုင်ပါတယ်။ လူတွေရဲ့ အတွေးအမြင်တွေကိုလည်း ပြောင်းလဲပေးအောင် လုပ်နိုင်ပါတယ်။ ရှုတ်ချနေရုံနဲ့ ဒါတွေ ဖြစ်မလာနိုင်ပါဘူး။ ဒီနေရာမှာ သတင်းထောက်တွေက ဘယ်လိုလုပ်မလဲလို့ မေးတော့ နည်းလမ်းကတော့ လူတွေဟာ တဖက်သားရဲ့ ပြဿနာတွေကို ဓမ္မဓိဌာန်ကျကျ ရှုမြင်နိုင်အောင် သူတပါးရဲ့ စိုးရိမ်စိတ်၊ မုန်းတီးစိတ်တွေကို သိရှိနားလည်နိုင်အောင်၊ စိတ်ဓာတ်လုံခြုံမှု အာမခံချက် ပေးရပါလိမ့်မယ်။ အဲဒီနောက် ဒီမုန်းတီးစိတ်၊ စိုးရိမ်စိတ်တွေ ပပျောက်အောင်လို့ ကြိုးပမ်းကြရမှာပါ။”

မြန်မာအစိုးရကတော့ ၂၀၁၂ ဇွန်နဲ့အောက်တိုဘာတုန်းက ရခိုင်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ မူဆလင်တွေဟာ မျိုးဆက်အလိုက် နေထိုင်ခဲ့ကြသူတွေဖြစ်ပေမဲ့ မြန်မာဘက်ကတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ် ဘက်က တရားမဝင် ခိုးဝင်လာသူတွေလို့ ယူဆထားပါတယ်။ ဒီပဋိပက္ခတွေဟာ ကျန်တဲ့နေရာတွေကိုပါ ပျံ့နှံ့လာပြီး ရိုဟင်ဂျာတွေနဲ့ကွဲလွဲတဲ့ ကမန်အပါအဝင် တခြားသော မူဆလင်တွေကိုပါ ပစ်မှတ်ထားလာကြပါတယ်။

သန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံရဲ့လူဦးရေထဲမှာ ၅ % ဟာ မူဆလင်တွေဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

သစ်ခိုးထုတ်မှု ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို

 
ရန်ကုန်၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးရမိသော တရားမဝင် သစ်များသည် ကေအိုင်အေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က The Voice သို့ ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် နှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က သစ်ခိုးထုတ်မှုကို ဖမ်းဆီးရန် စစ်ကြောင်းထိုးစဉ် ကေအိုင်အေနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောဆိုခြင်းအပေါ် ဦးလနန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဖမ်းဆီးရမိတဲ့ သစ်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက သစ်တွေ။ သစ်ကုန်သည်တွေက စစ်ကြောင်းတွေနဲ့ ညှိနှိုင်းပြီး မန်စီမြို့နယ်ကတစ်ဆင့် တရုတ်ဘက်ကို ထွက်သွားမယ့် သစ်တွေ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မန်စီအထိ ရောက်လာစရာ မရှိဘူး” ဟု ဦးလနန်က ဆိုသည်။

တပ်မတော်က သစ်ခိုးထုတ်မှု ဖမ်းဆီးရန် ရှိသည့်အတွက် လမ်းကြောင်းမှ ရှောင်ရန် ကေအိုင်အေကို အကြောင်းကြားထားသဖြင့် တပ်မတော် လမ်းကြောင်းမှ ရှောင်နေသော်လည်း ကေအိုင်အေ၏ ရှေ့တန်း တပ်စခန်းများသို့ စစ်ကြောင်း တက်လာသဖြင့် တိုက်ပွဲ ဖြစ်ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

တပ်မတော်က သစ်ခိုးထုတ်မှုများကို ဖမ်းဆီးပြီးသောအခါ တပ်လှုပ်ရှားမှုများကို ရုပ်သိမ်းသွားမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကတိပြုထားကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

The Voice Weekly

လွတ်မြောက် ဗုံးဖောက်ခွဲသူများ ဖမ်းဆီးနိုင်ရေး အာဆီယံ ရဲတပ်ဖွဲ့ အကူအညီ ရယူဆောင်ရွက်နေဟုဆို

 
ရန်ကုန် ၊ အောက်တိုဘာ ၂၅။ ။
လွတ် မြောက်နေဆဲဖြစ်သော ဗုံးဖောက် ခွဲမှု များနှင့်ပတ်သက်သည့် အဓိက တရားခံနှင့် အပေါင်းအပါများ ကို နယ်စပ်မှ ထွက်ပြေးမှုမရှိစေ ရန် အာဆီယံရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင် ရွက်နေ ပြီ ဖြစ်ကြောင်း နေပြည်တော် ရှိ မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ် ဖော်ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ထွက်ပြေးတရား ခံ စောနေတိုးနှင့်ပတ်သက်၍ သတင်းကွင်းဆက်များ ရရှိထား ပြီဖြစ်သော်လည်း တရားခံကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ အာဆီယံရဲတပ်ဖွဲ့ဝင်များကို အ ဆိုပါတရားခံနှင့်ပတ်သက်၍ သ တင်းအချက်အလက်များ ပေး ထားပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော် မှုခင်းရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး က ''မကြာမီ ဖမ်းမိမယ်လို့တော့ မျှော်မှန်းပါတယ်။ နိုင်ငံတကာက ရဲတပ်ဖွဲ့ကလဲ ပူးပေါင်းကူညီမှု တွေ လုပ်နေပါတယ်။ ပြည်ပကို ထွက်မပြေးနိုင်အောင် အာဆီယံ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖမ်းဆီး နိုင်အောင် ဆောင်ရွက်နေဆဲပါ'' ဟု ပြောသည်။

ယင်းတရားခံစောနေတိုး နှင့်ပတ်သက်သည့် စောမြင့်လွင် ပါ တရားခံရှစ်ဦးကိုလည်းစုံစမ်းစစ်ဆေးမှုများ ထပ်မံ လုပ်ဆောင် နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ''ရန်ကုန် အပါအဝင် နယ်မြို့တွေမှာ ဗုံး ပေါက်ကွဲမှုတွေမဖြစ်ရအောင် အ ရေးပေါ်လုံခြုံရေးနဲ့ ဆောင်ရွက် နေတယ်။ ဒါပေမဲ့ လူထု ပူးပေါင်း ပါဝင်ဖို့လိုတယ်''ဟု ပြော သည်။ ရန်ကုန်နှင့် နယ်မြို့တခိျု့ တွင် ဗုံးပေါက်ကွဲ၊ ဗုံးထောင်မှု များနှင့်ပတ်သက်သည်ဟုယူဆ သော တရားခံရှစ်ဦးကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း၊ ဆက်လက် စစ်ဆေး ဆောင်ရွက်နေသည်များ အပြင် တရားခံများ ထပ်မံဖမ်း ဆီးရမိမှု များကို လည်း နိုင်ငံတော် အဆင့် သတင်းအနေဖြင့် ထုတ် ပြန်ပေးသွားမည်ဖြစ်ကြောင်း ရန် ကုန်အရှေ့ပိုင်းခရိုင် ဒုရဲမှူးကြီး မြင့်အေးက ပြောသည်။

ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှု၊ ဗုံးထောင်မှုများနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲတစ်ခု ကို လွန်ခဲ့သောရက်ပိုင်းအတွင်း က ပြန်ကြားရေးဒုဝန်ကြီးနှင့် ရဲ ချုပ်ဇော်ဝင်းတို့က ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲတစ်ခု ပြု လုပ်ခဲ့သည်။

ကျော်မြတ်ဇံ - Yangon Media Group

၂၅-၁၀-၂၀၁၃ ရက်နေ့ က လက်ပတောင်းမှာ ဘာတွေဖြစ်ခဲ့သလဲ

                    “လက်ပန်တောင်းတောင်လယ်သမားများဆက်ဆံရေးရုံးကိုဆန္ဒပြပြီ”


၂၅-၁၀-၂၀၁၃
လက်ပန်တောင်းတောင်လယ်သမားများ၏မြေယာလျှော်ကြေးမယူထားသည့်ယာမြေ
များကိုနေ့စဉ်ရက်ဆက်စစ်ခရိုနီတို့ဆောင်ရွက်နေသည်၊၊ကြေးနီစီမံကိန်နှင့်ပတ်သတ်
၍ပြည်သူ့ဆန္ဒနှင့်စုံစမ်းရေးကော်မရှင်၏တင်ပြသဘောတူညီချက်များကိုချိုးဖောက်
ပြီးကုမ္ပဏီမှဆောင်ရွက်နေခြင်းဖြစ်သည်၊၊မိုင်းခွဲခြင်းမြေသိမ်းခြင်းနှင့်စိုက်ပျိုးပြီးနှမ်းခင်း
ယာခင်းများကိုဖျက်ဆီးပြီးခြံစည်းရိုးခတ်သိမ်းပိုက်နေသည်၊၊

၂၃-၁၀-၂၀၁၃ရက်နေ့ကလိပ်ခွံတောင်ခြေအနီးယာမြေဧက(၂၀၀)ကျော်ကိုခြံစည်းရိုး
ခတ်သိမ်းပိုက်ပြီး၊စိုက်ပျိုးပြီးနှမ်းခင်း၊ပဲခင်းဧက(၅၀)ကျော်ကိုဖျက်ဆီးလိုက်သည့်အ
တွက်လယ်သမားများနှင့်ထိပ်တိုက်တွေ့ခဲ့ပါသည်၊၊

၁၅-၁၀-၂၀၁၃ရက်နေ့တွင်ကြေးနီ
စီမံကိန်းလုပ်ငန်းဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးလှထွန်းနှင့်
ဒေသခံလယ်သမားများတွေဆုံရာတွင်ဦးလှထွန်းမှပြဿနာများကိုမသိပါအထက်
ကိုတင်ပြပေးပါမည်ဟုသာဖြေကြားခဲ့သည်။
လယ်ယာမြေများကိုလုံထိန်းရဲများနှင့်အကြမ်းဖက်သိမ်းယူမှုများကိုတော့နေ့စဉ်ပြုလုပ်နေပါသည်။

လယ်ယာမြေဆုံးရူံးနေသောလယ်သမားကမိမိမြေယာအတွက်တောင်းဆိုဆန္ဒပြစဉ်လုံထိန်းရဲများမှ
အထက်ကခိုင်းလို့လုပ်ရပါသည်ဟုပြောကြားသည်၊လယ်သမားများအနေဖြင့်တာဝန်ခံသူမရှိ
လက်နက်ကိုင်အကြမ်းဖက်သမားများ၏မြေယာလုယက်ခြင်းကိုခံနေရသည်ကို
ရှင်းလင်းနိုင်ရန်ယနေ့မနက်(၁၁)နာရီတွင်ဆည်တည်း၊ဇီးတောရွာသစ်ရှိဆက်ဆံရေး
ရုံးကိုသွားရောက်ဆန္ဒပြဖြေရှင်းခိုင်းခဲ့ပါသည်။

နေ့လယ်(၁၂း၃၀)တွင်လုံထိန်းရဲများရောက်ရှိလာပြီးအင်အားများတိုးချထားပါသည်။
လယ်သမားများလဲကျေးရွာအသီးသီးမှထပ်မံရောက်ရှိလာ၍ထိုင်သပိတ်မှောက်တောင်းဆိုကြတော့သည်။
လယ်ယာမြေများကိုအကြမ်းဖက်သိမ်းယူနေသည့်တာဝန်ရှိသူအားဖော်ထုတ်ပေးရေးနှင့်နစ်နာချက်များ
ကိုအမြန်ဆုံးဖြေရှင်းပေးရေးကိုတောင်းဆိုခဲ့ကြသည်။

ကိုဟန်ဝင်းအောင်(Facebook)  ;အချိန်၊(၂)နာရီ
    ******************************************************
             “လက်ပန်တောင်းလယ်သမားများထိုင်သပိတ်မှောက်ကြပြီ”

လက်ပန်တောင်းဒေသမြေယာလျှော်ကြေးမယူထားသည့်ယာမြေများ၊စိုက်ခင်းများကို
လုံထိန်းများ၏အကူအညီဖြင့် ဖျက်ဆီးနေမှုကြောင့်ဆက်ဆံရေးရုံးကိုလယ်
သမားများချီတက်တောင်းဆိုဖြေရှင်းခိုင်းရာ၊သတ္တူတွင်းဝန်ကြီးဦးသန်းထိုက်နှင့်
စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီးဗိုလ်မှုးကြီးကြည်နိုင်အပါအဝင်ဦးပိုင်ဝမ်ဘောင်စသည့်ကုမ္ပဏီမှ
တာဝန်ရှိသူများကသူတို့မသိရှိကြောင်းပြောဆိုကြသည်။
မြေယာများကိုဖျက်ဆီးမှုဖြင့်ကြေးနီစီမံကိန်းလုပ်ငန်းဖော်ဆောင်ရေးဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး
ဦးလှထွန်းမှာတာဝန်ရှိကြောင်းမကျေနပ်လျှင်တရားစွဲဆိုနိုင်ကြောင်းပြောကြားသည်။

အမှန်တကယ်(၃-၁၀-၂၀၁၃)ရက်နေ့မှစ၍မြေယာများကိုအကြမ်းဖက်သိမ်းယူသည့်လုပ်ရပ်တိုင်း
တွင်လုံထိန်းရဲများနှင့်အတူစစ်ကိုင်းတိုင်းနယ်လုံဝန်ကြီးကိုယ်တိုင်ပါဝင်ညွန်ကြားခဲ့ပြီး
၊ဦးပိုင်နှင့်ဝမ်ဘောင်ကုမ္ပဏီမှတာဝန်ရှိသူများကိုယ်တိုင်တိုက်ရိုက်လုပ်ဆောင်ခဲ့
ကြခြင်းဖြစ်ပါသည်ဟုလက်ပတောင်းအရေးတက်ကြွစွာကူညီလှုပ်ရှားပေးနေသူ ကိုဟန်ဝင်းအောင်
၏ Facebook ၌ ဖော်ပြထားသည်။

၁၅-၁၀၂၀၁၃ရက်နေ့ကလူထုနှင့်တွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက
အထက်ပါပြဿနာများကိုသူမသိရှိပါကြောင်းပြောကြားထားသည်။
မြေယာများကိုလက်နက်ကိုင်လုံထိန်းရဲ(၄၀၀)ကျော်ဖြင့်သိမ်းပိုက်နေမှုကိုမည်သူ
မှတာဝန်မခံ၊မသိရှိသည့်အစိုးရသည်မည်သို့သောအစိုးရဖြစ်ပါသနည်းဟု
 မေးခွန်းထုတ်စရာဖြစ်နေပေသည်။
ထိုကြောင့်လက်ပန်တောင်းလယ်သမားဆက်ဆံရေးရုံးရှေ့တွင်ထိုင်သပိတ်မှောက်ရန်
ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အာဏာပိုင်ဝန်ကြီးများမှသူတို့မသိကြောင်းနှင့်မဖြေရှင်းနိုင်ကြောင်းကိုသာပြောဆိုနေပါသည်၊၊

၂၅-၁၀-၂၀၁၃ အချိန်ညနေ(၃)နာရီ
လက်ပန်တောင်းဆက်ဆံရေးရုံး



လက်ပန်တောင်းတောင်လယ်သမားများဆက်ဆံရေးရုံးသို့သွားရောက်
၍မြေသိမ်းတရားခံဖော်ထုတ်ပေးရေးတောင်းဆိုနေစဉ်
၂၅-၁၀-၂၀၁၃


လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်နဲ့ ဆည်တည်း ကျေးရွာတွေက လျော်ကြေး မယူထားတဲ့ ယာမြေတွေမှာ စိုက်ပျိုးထားတဲ့ ပဲစင်းငုံ၊ ပြောင်းနဲ့ နှမ်းစိုက်ခင်းတွေကို
 တာဝန်ကျလုံထိန်းရဲတွေရဲ့ အကာအကွယ်နဲ့ ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းတွေက မြေထိုးစက်တွေနဲ့ ထိုးပြီး လမ်းဖောက် ဖျက်ဆီးခဲ့တဲ့အတွက်
မနေ့နေ့လယ်ပိုင်းက လိပ်ခွံတောင်ပေါ်တက်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ပန်တောင်းလယ်သမားများဆက်ဆံရေးရုံးအမည်ခံစစ်ခရိုနီတို့၏ဖိနှိပ်ရေးရုံးကိုထိုင်သပိတ်မှောက်၍မြေသိမ်းတရားခံဖော်ထုတ်ပေးရေးတောင်းဆိုနေစဉ်
၂၅-၁၀-၂၀၁၃








လက်ပန်တောင်းဒေသမြေလျှော်ကြေးမယူထားသည့်မြေယာများကိုကြေးနီစီမံကိန်းအတွက်
အကြမ်းဖက်သိမ်းပိုက်နေသည့်အတွက်မည်သူ့အမိန့်ဖြင့်သိမ်း
သလဲတရားခံဖော်ထုတ်ပေးရေးလယ်သမားများတောင်းဆိုနေစဉ်
၂၅-၁၀-၂၀၁၃
ဆက်ဆံရေးရုံး




“တရုတ်ဝမ်ဘောင်မှာတာဝန်ရှိတာလားမြေယာကိုသိမ်းနေတာဖြေပါ၊စုံစမ်းရေးကော်မရှင်က
မသိမ်းခိုင်းထားဘူးလယ်သမားတွေမေးပြီ”
၂၅-၁၀-၂၀၁၃   (ဆက်ဆံရေးရုံး)




“တရုတ်ဝမ်ဘောင်ကလဲမသိပါ၊နယ်လုံဝန်ကြီးကလဲမသိပါ၊ရဲမှုးကလဲမသိပါ၊ဦးပိုင်ကလဲမသိပါတဲ့
မျက်နှာစုံညီမေးတော့မြေလျှော်ကြေးမယူထားတဲ့မြေဧက(၂၀၀၀)ကျော်ကိုလက်နက်ကိုင်(၄၀၀)ကျော်နဲ့
သိမ်းနေတာဘယ်သူလက်ချက်လဲဖြေပါ၊”
၂၅-၁၀-၂၀၁၃ (ဆက်ဆံရေးရုံး)
ညနေ(၅း၅၀)







ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေတင်ပြခြင်း(ဆက်ဆံရေးရုံး၊ဆည်တည်း-ဇီးတောရွာသစ် ဆားလင်းကြီးမြို့နယ်




ဆက်သွယ်ရန်ဖုန်း၊၊ဒေါ်ခင်စန်းလှိုင်-(စုံစမ်းရေးအဖွဲ့ဝင်)၀၉၈၆၃၂၉၆၆
ဦးလှစိန်(စီမံကိန်းတာဝန်ခံ). ၀၉၆၅၀၂၁၄၃
နယ်လုံဝန်ကြီးဗိုလ်မှုးကြီးကြည်နိုင်. ၀၉၄၇၀၇၃၈၉၉

ဒေသခံများ.
၀၉၄၀၀၄၁၃၅၅၆
၀၉၃၃၂၂၀၉၆၈
၀၉၄၀၀၄၀၁၈၄၉

သတင်းနှင့် ဓာတ်ပုံ - ကိုဟန်ဝင်းအောင်(Facebook)

စစ်တပ်ကို လူထုချစ်စေချင်

 
ဥရောပ ငါးနိုင်ငံ ခရီးစဉ် ဒုတိယ နောက်ဆုံး နိုင်ငံ အဖြစ် ဗြိတိန် နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ မနေ့ တုန်းကတော့ ဆန်းဒ် ဟပ်စ် တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်း ပြောခဲ့ပါတယ်။

စစ်ယူနီဖောင်း အပြည့် ဝတ်ဆင် ထားကြတဲ့ ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နစ်ဟောင်တန်၊ နောက် တခြား ဗိုလ်ချုပ်တွေ၊ အရာရှိကြီး တွေနဲ့ ဗြိတိန် အပါအဝင် နိုင်ငံတကာက ဗိုလ်လောင်းတွေ ရှေ့မှာ မိန့်ခွန်းခြွေဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ကို ပန်ကြားခဲ့ တာဖြစ် ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ လန်ဒန်မြို့ အနောက်တောင် လောက်မှာ ရှိတဲ့ ဆန်းဟတ်စ် တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့တာပါ။

ဒီလို ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောတာဟာ ကမ္ဘာ့ အထင်ကရ ဒီစစ် တက္ကသိုလ်ကြီးမှာ မြန်မာ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး အနေနဲ့ ပထမဆုံး ဖြစ်သလို တခြား ကမ္ဘာ့ ခေါင်းဆောင် တွေထဲ မှာတောင် ရှားရှား ပါးပါး လို့ ပြောနိုင် ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကတော့ သူဒီကို လာတာက သင်ပြဖို့ လာတာ မဟုတ်ပဲ သင်ယူဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

လူထု လေးစား ကြည်ညိုတဲ့ ကောင်းမွန်တဲ့ စစ်တပ် တစ်ခုကို ဘယ်လို တည်ဆောက် သလဲဆိုတာကို လာ လေ့လာတာ ဖြစ်တယ်။ ဗမာ့ တပ်မတော် ကိုလည်း ဒီလို တပ် မတော်မျိုး ဖြစ်စေ ချင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲမှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ မူလရည်ရွယ်ခဲ့တဲ့ ဗမာ့တပ်မတော် အကြောင်းကို ထည့်သွင်းပြောသွားသလို စစ်တပ်ရဲ့ အလုပ်ကိုပဲ လုပ်တဲ့ ကောင်းမွန်တဲ့ စစ်တပ်ဆိုတာ ဘယ်လို စစ်တပ်မျိုးလဲ၊ ဒီမိုကရေစီ ယန္တာရားမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက ဘယ်မှာ ရှိသလဲ၊ နိုင်ငံရေး အာဏာကို စစ်တပ်အနေနဲ့ ဘာကြောင့် မယူသင့်သလဲ စတာတွေကို ဗြိတိန်စစ်တပ်ကနေ မြန်မာစစ်တပ် နားလည်အောင် အကူအညီပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ရေးပိုင်းနဲ့ ခေါင်းဆောင်မှု အရည်အသွေး ဆိုင်ရာတွေကိုလည်း ဗြိတိန်စစ်အရာရှိတွေနဲ့ ဆွေးနွေးခဲ့သလို့ တက္ကသိုလ်တွင်းကို တနေကုန် လှည့်လည် လေ့လာခဲ့ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ဆန်းဟပ်စ် တက္ကသိုလ်ကို လာရောက်တာဟာ ဗြိတိန်ကနေ မြန်မာစစ်တပ်ကို အကူအညီပေးမယ်လို့ ကြေငြာပြီးနောက် ရောက်လာတာလည်း ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလမှာ အင်္ဂလန်က ခရမ်းဖီး တက္ကသိုလ်နဲ့ ဗြိတိန်စစ်တပ်တို့ ပူးပေါင်းပြီး မြန်မာပြည်မှာ တပ်မတော်အရာရှိတခိျု့ကို လူ့အခွင့်အရေး၊ နောက်ပြီး လူထုနဲ့ ဆက်ဆံရေး စတဲ့အကြောင်းတွေကို သင်တန်းပေးမှာ ဖြစ်ပါတယ်။

တဘက်မှာလည်း နှစ်ပေါင်းများစွာ လူထုကို ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ကို အကူအညီပေးတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဗြိတိန်ဘက်ကတော့ စောစောက ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသလို အကူအညီပေးတယ်၊ သင်တန်းတွေ ပေးတယ်ဆိုတာဟာ တိုက်ရေး ခိုက်ရေးကို ပေးမှာမျိုးမဟုတ်ပဲ ဒီနေ့ခေတ်သစ် တပ်မတော်တွေရဲ့တကယ့် အခန်းကဏ္ဍအကြောင်းကိုပဲ ဆွေးနွေးပြောပြဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာတော့ လန်ဒန်မြို့မှာ ဗြိတိသျ ကောင်စီ၊ အောက်စဖို့ တက္ကသိုလ်တို့က တာဝန်ရှိသူတွေနဲ့ ပညာရေးကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိပြီး မနက်ဖြန်မှာတော့ အီတလီကို သွားရောက်မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အာဆီယံဥက္ကဌ မြန်မာအတွက် ဟန်ဂေရီအစိုးရ ကူညီထောက်ပံ့

 
မြန်မာနိုင်ငံ အာဆီယံဥက္ကဌ တာဝန်ယူဆောင်ရွက်တာကို ထောက်ခံအားပေးကူညီတဲ့အနေနဲ့
ဥရောပတိုက် ဟန်ဂေရီနိုင်ငံက အမေရိကန်ဒေါ်လာ ၄ သောင်းကျော်တန်ဖိုးရှိတဲ့ အဆင့်မြင့်ကွန်ပျူတာ အထောက်အကူပြုပစ္စည်းတွေ ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။

အီးယူဥရောပသမဂ္ဂ ဥက္ကဌလုပ်ခဲ့ဖူးတဲ့ ဟန်ဂေရီနိုင်ငံက မြန်မာနိုင်ငံကို အခုလို အကူအညီပေးဖို့ ထိုင်းနိုင်ဆိုင်ရာ ဟန်ဂေရီသံအမတ်ကြီး Mr. Danes TOMAJ ဦးဆောင်တဲ့အဖွဲ့ဟာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဒီနေ့ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

“လာမယ့်နှစ် ၂၀၁၄မှာ မြန်မာ့နိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ထမ်းဆောင်တဲ့အခါမှာ မြန်မာရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ထောက်ခံတဲ့အနေနဲ့ ထောက်ခံတာကို ပြတဲ့အနေနဲ့ ပေါ့နော် အာဆီယံအလှည့်ကျဥက္ကဌ လုပ်တဲ့အခါမှာ အောင်မြင်အောင် တတ်နိုင်သမျှ ဘက်စုံထောင့်စုံကနေ ကူညီတယ်ပံ့ပိုးတယ်ဆိုတဲ့ဟာလေး၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ကျတော့ အာဆီယံဥက္ကဌ တာဝန်ထမ်းဆောင်ဖို့အတွက် ဘက်စုံထောင့်စုံကနေ ပြင်ဆင်နေတဲ့အခါမှာ ကွန်ပျူတာနဲ့ အင်တာနက်ပေါ့နော် online ကနေပြီးတော့မှ အာဆီယံနိုင်ငံအချင်းချင်း ဆက်သွယ်ဖို့၊ တခြားဆွေးနွေးဘက်နိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ဆိုတာမှာ ဒါအလွန်အသုံးကျပါတယ်၊ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အားဖြည့်ပေးတဲ့သဘော ဖြစ်သွားတာပေါ့နော်၊ မြန်မာ့ရဲ့အာဆီယံဥက္ကဌ ပြင်ဆင်မှုအပိုင်းမှာ ဒါလေးတွေက တော်တော်လေး ကျနော်တို့ ပြင်ဆင်မှုမှာ ပိုပြီးတော့ ပြီးမြောက်စေတဲ့အနေအထား တွေ့ရပါတယ်”

ဒါ့အပြင် မြန်မာပညာတော်သင် အယောက် ၉၀ ကို သုံးနှစ်စီမံကိန်းနဲ့ ဟန်ဂေရီနိုင်ငံမှာ ပညာသင်ကြားခွင့် စကောလားရှစ် အကူအညီရရှိအောင် များမကြာခင်မှာ နှစ်နိုင်ငံဝန်ကြီးအဆင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့လည်း သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

“အဓိကအားဖြင့် ပညာသင်ဆုပေါ့ Hungarian ပညာသင်ဆု ၉၀ ပေးဖို့ရှိတယ်လို့ သိရပါတယ်၊ အဲဒါက ၃ နှစ် စီမံကိန်းပေါ့၊ ၃ နှစ်စီမံကိန်းဆိုတာ တစ်နှစ်ကိုမြန်မာပညာသင် ၃၀၊ သုံးနှစ်ဆက်တိုက်ပေးဖို့ပေါ့ သူတို့စီစဉ်ထားတယ်။ ရိုးရိုးဘွဲ့ပေါ့နော် Bachelor Degree တို့ master Degree တို့၊ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေတဲ့အခါမှာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် အထူးသဖြင့် ပညာရေးကဏ္ဍမှာ ကူညီပံ့ပိုးပေးတဲ့ အနေအထားလေးတွေ ဖြစ်တာကိုတွေ့ရပါတယ်”

ဒီကနေ့စာချွန်လွှာ လက်မှတ်ရေးထိုး လွှဲပြောင်းလှူဒါန်းတဲ့ အခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနဲ့အတူ၊ စစ်သံမှူး ဗိုလ်မှူးကြီးဝင်းမောင်၊ သံမှူးကြီးများဖြစ်ကြတဲ့ ဦးမျိုးတင့်နဲ့ ဦးအောင်မြင့်တို့အပါအဝင် မြန်မာအရာရှိများလည်း တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

ကချင်ဒုက္ခသည်စခန်း တပ်မတော် ၀င်ရောက်မှုအကြောင်းရင်း တိုင်းမှူးရှင်းပြ

 
ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်နေ့က အစိုးရတပ်များ ဗန်းမော်မြို့အနီး မန်စီမြို့နယ်အတွင်းရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို ၀င်ရောက်ခြင်းဟာ နယ်မြေကျွမ်းကျင်မှုရရှိရန်နဲ့ ပြည်သူများနဲ့ ထိတွေ့နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က ပြောဆိုပါတယ်။

ဒီနေ့ညနေပိုင်းက ငြိမ်းချမ်းရေးအကျိုးဆောင်PCG အဖွဲ့ဝင်သုံးဦးနဲ့ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ KBC က တာဝန်ခံတစ်ဦးတို့ကို မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနေုာင်က မြစ်ကြီးနားမြို့ မလိခရိပ်သာမှာ ခေါ်ယူတွေ့ဆုံပြီး ခုလိုရှင်းပြခဲ့တာပါ။ အစည်းအဝေးကို တက်ရောက်တဲ့ PCG အဖွဲ့က ဦးဆန်းအောင် ပြောတာကတော့..

"လူထုနဲ့ထိတွေ့ချင်လို့ နယ်မြေကျွမ်းကျင်အောင် ဆိုပြီးတော့မှ သူတို့လှုပ်ရှားတာရှိတယ်ပေါ့၊ အဲဒါကို ဆွေးနွေးပွဲတုန်းက ဗိုလ်ချုပ်ဂွမ်မော်တို့နဲ့လည်း ဆွေးနွေးပြီးသားဖြစ်တယ်၊ အဲဒါကြောင့် သူတို့က အကြောင်းကြားပြီးတော့မှ သွားတာပါလို့ ပြောပါတယ်ခင်ဗျ၊ လက်နက်ကြီးပစ်တဲ့ကိစ္စကို ဘာမှမရှင်းပြပါဘူး"

အောက်တိုဘာ ၂၂ရက်နေ့က မုန်းတင်ပါစခန်းကို လက်နက်ကြီးများပစ်ခတ်ပြီး ၀င်ရောက်ခဲ့တာဖြစ်သလို စခန်းကအမျိုးသား ၁၀ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသူတွေကပြောပါတယ်။ တိုင်းမှုးနဲ့တွေ့ဆုံစဉ် ဖမ်းထားသူများနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ၂ ဦးကိုပြန် လွှတ်ပေးပြီးဖြစ်တယ်လို့ တိုင်းမှူးကပြောဆိုကြောင်း ဦးဆန်းအောင် ကပြောပါတယ်။

RFA Burmese

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် ကချင်တိုင်းရင်းသားများနှင့် တွေ့ဆုံ

Saturday, October 26, 2013

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်သည် ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီ အပါအဝင် ကချင်တိုင်းရင်းသား မျိုးနွယ်စု ကိုယ်စားလှယ်များနှင့် မြစ်ကြီးနား မနောကွင်းရှိ ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီရုံးတွင် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့သည်။

ကချင်တိုင်းရင်းသား မျိုးနွယ်စု ကိုယ်စားလှယ်များသည် ပြည်တွင်း ငြိမ်းချမ်းရေးတွင် ပါဝင်နိုင်မည့် အခန်းကဏ္ဍများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးလမြာဝူက ပြောကြားသည်။
“မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုအားလုံးက တက်ညီလက်ညီ လုပ်ဆောင်နိုင်မှ ကောင်းမွန်တဲ့ ဒီမိုကရေစီ ရနိုင်မယ်လို့ သံအမတ်ကြီးက ပြောသွားတယ်” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ ကချင်လူထု၏ သဘောထားကို လာရောက် နားထောင်ခြင်း ဖြစ်ကြောင်း၊ အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် မဖြစ်မနေ ဆောင်ရွက်မည် ဖြစ်သောကြောင့် တိုင်းရင်းသားများ တောင်းဆိုထားသော ဖက်ဒရယ်ပြည်ထောင်စု စနစ်မှာလည်း ဖြစ်လာနိုင်ဖွယ် ရှိကြောင်း အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကချင်ရိုးရာ ယဉ်ကျေးမှု လူငယ်တာဝန်ခံ ကိုယော်ဆမ်က ပြောကြားသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် စည်းလုံးရေးတွင် ကူညီနိုင်ရန်အတွက် အမေရိကန်အနေဖြင့် ဆက်လက် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ အောက်တိုဘာလအတွင်းက ပြုလုပ်သွားခဲ့သော အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ရောက် နိုင်ခဲ့ခြင်းမှာ ကေအိုင်အိုဘက်က ဖိတ်ခေါ်ခဲ့သော်လည်း အစိုးရဘက်က မဖိတ်ခေါ်သည့်အတွက် မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် သံအမတ်က ပြောကြားသည်။
“ကချင်ပြည်နယ် ခရီးစဉ်ပြီးဆုံးရင် ကြေညာချက်တစ်စောင် ထုတ်ပြန်သွားမယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်၏ ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ခရီးစဉ် အစီအစဉ်အရ သိရသည်။

The Voice Weekly
 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNPP တို့ တွေ့ဆုံမည့် အစီအစဉ်ပျက်

ရန်ကုန်၊ အောက်တိုဘာ ၂၅
နှစ်ဖက်တပ်များအကြား ယုံကြည်မှု တည်ဆောက်ရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မအားလပ်သဖြင့် တွေ့ဆုံရန် အစီအစဉ် ပျက်သွားကြောင်း KNPP အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် အောက်တိုဘာ ၂၅ ရက်နေ့ တွင် KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော KNPP အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် KNPP အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံရန် အစိုးရ တာဝန်ရှိသူအချို့က နှုတ်အားဖြင့် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ဦးရွှေမျိုးသန့် က ဆိုသည်။
“နှစ်ဖက် ရင်းနှီးမှုရအောင် သွားတွေ့တာပါ။ ဒါပေမဲ့ မအားဘူးဆိုတော့ တွေ့ခွင့်မရခဲ့ဘူး” ဟု ၎င်းကဆိုသည်။

KNPP အဖွဲ့သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံခွင့် မရခဲ့သော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာနှင့် တိုင်းရင်းသားရေးရာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ထပ်မံတွေ့ဆုံနိုင်ရန် တင်ပြခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး The Voice က မြန်မာ ငြိမ်းချမ်းရေးစင်တာသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယင်းအစီအစဉ်နှင့် ပတ်သက်ပြီး သိရှိခြင်း မရှိကြောင်း MPC မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

နိုင်ငံတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် နှစ်ကြိမ် တွေ့ဆုံထားသည်။

KNPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ်အတွင်း ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် ပြည်ထောင်စုအဆင့် သဘောတူညီချက် ခုနစ်ချက်ကို လက်မှတ် ရေးထိုးထားသည်။
( The Voice Weekly )

မြန်မာတွင် အသုံးပြုနိင်တော့မည့် Visaကတ် ကန်ဒေါ်လာသာမက စင်ကာပူဒေါ်လာနှင့်ယူရိုငွေကိုပါ လက်ခံမည်


 
 (ရန်ကုန်-အောက်တိုဘာ၂၆)

မြန်မာနိင်ငံတွင်မကြာမှီ အသုံးပြုနိင်တော့မည့် Visaကတ်တွင် ငွေစာရင်းကို
ကန်ဒေါ်လာသာမက စင်ကာပူဒေါ်လာနှင့်ယူရိုငွေကိုပါလက်ခံနိုင်ရန် ပြုလုပ်ထားကြောင်း CB ဘဏ်မှသိရသည်။ 
ယခုနှစ်မကုန်မီအသုံးပြုနိင်တော့မည့်Visaကတ်ကို
နိင်ငံတကာသို့သွားရောက်နေကြသည့် မြန်မာနိင်ငံသားများအတွက်
ရည်ရွယ်ကြောင်းလက်ရှိတွင် ယင်းကတ်စနစ်အတွက်
လိုအပ်သော နည်းပညာပိုင်းကိုပြင်ဆင်နေဆဲဟုCB ဘဏ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဗဟိုဘဏ်ကခွင့်ပြုချက်ရထားပြီးပါပြီဟုအထက်ပါတာဝန်ရှိသူကပြောသည်။
CB ဘဏ်အနေဖြင့် Visaနှင့်ပြောဆိုဆွေးနွေးထားသည်မှာကြာပြီဖြစ်ကြောင်း၊
ပြည်တွင်းအသုံးပြုသူများအတွက် MPUကတ်စနစ်ကို တွင်ကျယ်စေလိုကြောင်းသိရသည်။

သုတလင်း(
Popular Myanmar News Journal)

ဘင်္ဂလာဒေခ်ျ့ မတည်ငြိမ်မူ လူ ၇ ဦးသေဆုံးပြီး လူပေါင်း ၄၅၀ ဒဏ်ရာရ

 
မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ မနေ့က ပေါ်ပေါက်ခဲ့တဲ့ လက်ရှိ အစိုးရပါတီ ထောက်ခံသူတွေနဲ့ အတိုက်အခံပါတီ ထောက်ခံသူတွေ အကြား အပြန်အလှန် တိုက်ခိုက်မူ အတွင်း လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၄၅၀ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ (BNP) ကို ထောက်ခံသူတွေဟာ မနေ့က လက်ရှိ အစိုးရပါတီ အ၀ါမီလိဂ် ထောက်ခံသူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ အနှံ့အပြားမှာ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၇ ဦးထဲမှာ မြန်မာနယ်စပ် အနီးမှာ တည်ရှိတဲ့ ကော့စ်ဘဇားခရိုင် ဆိုကရီယာမြို့က အတိုက်အခံ ပါတီ BNP အဖွဲ့ဝင် လူငယ် (၂) ဦး ပါဝင်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အတိုက်အခံ ပါတီရဲ့ ဆန္ဒပြ လူအုပ်ကို ပစ်ခတ် ဖြိုခွဲစဉ်မှာ သေဆုံးသွားခဲ့ကြတယ်လို့ ပြောပါတယ်။ တခြားသူ ၅ ဦးကလည်း သေနတ် ကျည်ဆံတွေ ထိမှန်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

တခြားသေဆုံးသူတွေကလည်း အတိုက်အခံ BNP ပါတီနဲ့ ဂျာမတ် အစ္စလာမ်မီးယာ ပါတီ အဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ခုလို ဆူပူ အကြမ်းဖက် တိုက်ခိုက်မူတွေဟာ လက်ရှိ အစိုးရ (၅) နှစ် သက်တမ်းကုန်တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ကနေ စတင် ဖြစ်ပွားနေတာ ဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှာတော့ အစိုးရပါတီ ထောက်ခံသူတွေနဲ့ အတိုက်အခံ ပါတီ ထောက်ခံသူတွေ အကြား အပြန်အလှန် တိုက်ခိုက်မူက ကြီးမား ကျယ်ပြန့်လာခဲ့ပါတယ်။

အတိုက်အခံ ပါတီ ခေါင်းဆောင် ခါလစ်ဒါဇီယာက လက်ရှိ အစိုးရဟာ သက်တမ်းကုန်သွားပြီ ဖြစ်တဲ့ အတွက် တရားမ၀င်တော့ကြောင်းနဲ့ လွတ်လပ်မျှတတဲ့ ရွှေးကောက်ပွဲကို ပါတီလက်ကိုင်မရှိတဲ့ ကြားဖြတ် အစိုးရ လက်အောက်မှာ ကျင်းပ ပြုလုပ်ဖို့ တောင်းဆိုနေပါတယ်။

လက်ရှိ အစိုးရကတော့ လာမယ့် ရွှေးကောက်ပွဲကို သူတို့အစိုးရရဲ့ လက်အောက်မှာ ကမကထ ပြု ကျင်းပသွားမယ်လို့ ကျေညှာထားပါတယ်။

ဘင်္ဂလာဒေခ်ျ့ ဖွဲ့စည်းပုံအရ ရွှေးကောက်ပွဲကို အစိုးရသက်တမ်းကုန်ပြီး ရက်ပေါင်း (၉၀) အတွင်း ကျင်းပ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

မနေ့ကတော့ အတိုက်အခံ ပါတီက BNP က နာရီ (၆၀) ကြာ အထွေထွေ သပိတ်ကို ခေါ်ယူလိုက်ပြီး လက်ရှိ အစိုးရပါတီ အနေနဲ့ သူတို့နဲ့ ရွှေးကောက်ပွဲကိစ္စကို အမြန်ဆုံး ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။ ခုလို အထွေထွေ သပိတ် ခေါ်ယူလိုက်တာကြောင့် မနက်ဖြန် တနင်္ဂနွေနေ့ နံနက် (၆) နာရီက စပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားမှာ ဖြစ်သလို ကျောင်းတွေ၊ ဈေးဆိုင်တွေကိုလည်း နာရီ (၆၀) ကြာ ပိတ်ထားကြရမှာ ဖြစ်ပါတယ်။


(နိရဉ္စရာ- ၂၆ အောက်တိုဘာ ၂၀၁၃)

Standard Chartered ဘဏ်ရဲ့ Goal လှုပ်ရှားမှု မြန်မာမှာစတင်

Standard Chartered ဘဏ်က  မြန်မာနိုင်ငံမှာ Goal လှုပ်ရှားမှုကို အောက်တိုဘာလ ၂၄ ရက်နေ့က စတင်လိုက်ပါတယ်။ 


 Standard Chartered ဘဏ်ရဲ့ Goal လှုပ်ရှားမှုတခု၊ ဓာတ်ပုံ- Standard Chartered ၀က်ဆိုက်

ဒီလှုပ်ရှားမှုရဲ့ ထူးခြားတဲ့ အစီအစဉ်က အသက် ၁၂ နှစ်မှ အသက် ၂၀ ကြား အမျိုးသမီးငယ်တွေ အတွက် ငွေကြေးအသုံးချမှုဆိုင်ရာ ပညာပေးရန်နဲ့ ဘ၀အတွက် လိုအပ်မယ့် စွမ်းရည်တွေ ပျိုးထောင်ပေး ရန် ရည်ရွယ်တယ်လို့ အဆိုပါ ဘဏ်က တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါ်လှမြတ်မွန်က ပြောပါတယ်။

"ယခုကြိုးပမ်းအားထုတ်မှုသည် Standard Chartered ဘဏ်၏ မြန်မာနိုင်ငံတွင် လူမှုရေး အစီအစဉ်များ အားထုတ်ဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ နိုင်ငံ၏ လူမှုဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကို အဓိကထား ဦးတည် ဆောင်ရွက် ပေးမည်ဟု ရည်ရွယ် ထားပါသည်"လို့ မီဒီယာတွေကို ပေးပို့တဲ့ စာမှာ ဖော်ပြပါတယ်။ 

"မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့မယ့်စီးပွားရေး ဖြစ်ထွန်းအောင် ကြိုးပမ်းမှုများကို Standard Chartered က အသေအချာ ထောက်ပံကူညီသွားမှာပါ။ မြန်မာနိုင်ငံမှာ ကျွန်မတို့ လုပ်ငန်း စတင်ချိန်ဖြစ်တဲ့အလျောက် ကျွန်မ တို့ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း တွေနဲ့ ကျွမ်းကျင်မှုတွေကိုအသုံးပြုပြီး မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ချောမွေ့အဆင်ပြေအောင် အားထုတ်ဆောင်ရွက်မှုတွေ အပေါ်မှာ ကျွန်မတို့ အာရုံစိုက်ခဲ့ပါတယ်" လို့  Standard Chartered Bank Myanmar မှ ကိုယ်စားလှယ် အရာရှိချုပ် Tina Singhsacha က ပြောထားပါတယ်။ 

ဆက်လက်ပြီး သူက "အခုအချိန်မှာတော့ ပိုမိုကျယ်ပြန့်တဲ့ လူထုအသိုင်းအ၀ိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ အာရုံစိုက် လုပ်ဆောင်ဖို့ ကျွန်မတို့အနေနဲ့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါဟာ အရေးကြီးတဲ့ကိစ္စဖြစ် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့လုပ်ငန်းရဲ့ ရေရှည်အောင်မြင်မှုဟာ ကျွန်မတို့ လုပ်ငန်းလည်ပ တ် ဆောင်ရွက်နေတဲ့ လူထုအဖွဲ့အစည်းတွေရဲ့ သာယာဝပြော ကြီးပွား တိုးတက်မှု အပေါ်မှာ မူတည်နေ တယ်လို့ ကျွန်မတို့ ယုံကြည်ထားလို့ပဲဖြစ်ပါတယ်" ဟု ပြောပါတယ်။ 

ဒီအစီအစဉ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားရင် အောက်ပါ လူပုဂ္ဂိုလ်တွေကို ဆက်သွယ်လို့ ရနိုင်ပါတယ်။


Ms Hla Myat Mon, Tel: 95-09-5096881, Email: hla.myatmon@todayogilvy.com
Mr Joshua Labya, Tel: 95-09 421012974, Email: joshua.doiaung@todayogilvy.com
Mr Shane Neubronner, Tel: 95-09-421151418, Email: shane.neubronner@ogilvy.com

ဒီဘဏ်နဲ့ပတ်သက်လို့ သိချင်ရင်တော့ ဤနေရာကတဆင့် သွားကြည့်နိုင်ပါတယ်။
ဧရာဝတီblog

စီးပွားကူးသန်း အရာရှိ ၃ဝ ရာထူးတိုးရာမှာ မသမာမှုများ ရှိနေသလား

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်အောက်ရှိ ဌာနခွဲများတွင် လစ်လပ်လျက်ရှိသော အရာရှိရာထူး ၃၀ အတွက် ၀န်ထမ်းများ ရာထူး တိုးပေးရာတွင် တရားမျှတမှု မရှိဘဲ မသမာမှု များရှိနေကြောင်း သတင်းရရှိသည်။ 


 စီးပွားကူးသန်း သင်တန်းဖွင့်ပွဲ မြင်ကွင်း

သမ္မတ ဦးသိန်းစိန်က မတ်လ ၂၉ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၂ ဦး၊ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ၆ ဦးအပါအ၀င် နယ်စပ် ကုန်သွယ်ရေးဝန်ထမ်း အချို့ကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ဌာနပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကို ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနဟု အမည်
ပြောင်း ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ ဦးစီးဌာနတွင် ဒုတိယ ညွှန်ကြားရေး မှူး ရာထူး ၁၀ နေရာ၊ လက်ထောက် ညွှန်ကြားရေးမှူး ရာထူး နေရာ ၂၀ နေရာ စုစုပေါင်း ရာထူးနေရာလွတ် ၃၀ ရှိလာ ကြောင်း၊ ထို့ကြောင့် ဌာနမှ ၀န်ထမ်းများကို ရာထူးတိုးပေး ရန် လုပ်ဆောင် ယင်းသို့ ရာထူးတိုးမှု အတွက်လုပ်ဆောင် ရာတွင် တရားမမျှတမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ရာထူးတိုးလုပ်ဆောင်ရာတွင် ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန လက်အောက်ရှိ စီမံရေးရာဌာနခွဲက အဓိက ကိုင်တွယ် လုပ်ဆောင်ရပြီး လစ်လပ် ရာထူးနေရာများအတွက် အရည်အချင်း များသတ်မှတ်ထားကြောင်း၊ ရာထူး လုပ်သက် ၄ နှစ်မှ စတင် စဉ်းစားပေးမည် ဆိုသော အချက်အပါအ၀င် သတ်မှတ်ချက်များ ရှိကြောင်း၊ သို့ရာတွင် အမှန် တကယ် ရာထူးတိုးပေးရာတွင် သတ်မှတ်ချက်နှင့် မညီသူ များ၊ အရည်အချင်း မရှိသူများကို ရာထူး တိုးမြှင့် စာရင်းတွင် ထည့်သွင်းထားကြောင်း သိရှိရသည်။ 

"လက်ရှိရာထူးမှာ လုပ်သက် ၄ နှစ်ရှိတဲ့သူကစပြီး စဉ်းစားပေးမယ်ဆိုပေမယ့် တကယ်တန်း ရာထူးတိုး လျာထား စာရင်းမှာ ဦးစီးအရာရှိရာထူး လုပ်သက် ၄ နှစ် မရှိတဲ့သူ ၂ ဦး၊ ဘွဲ့ရပညာ တတ်မဟုတ် တဲ့ သူတွေနဲ့ တပ်ဘက်ကနေ ဗိုလ်ကြီး ဘ၀နဲ့ အငြိမ်းစား ယူလာတဲ့သူ ၅ ဦး ကို လက်ထောက် ညွှန်ကြားရေး မှူး  အဖြစ် စာရင်းထည့်ထားတယ်။ နောက် ဒုတိယညွှန်ကြားရေးမှူးရာထူးအတွက် ဌာနခွဲ တိုင်းက အရည်အချင်းရှိတဲ့သူ တွေကို စာရင်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပေမယ့် Mobile Team က သူတွေကို ဦးစားပေး စာရင်းတင် ပေးတာမျိုးတွေ လည်း လုပ်ထားတယ်။ အဓိက က မူဘောင်ကျော် လုပ်တာ
တွေ တော်တော်များတယ်'' ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်းတဦး က ပြောသည်။

စီမံရေးရာဌာနခွဲက လစ်လပ်ရာထူးတိုးနေရာများအတွက် အရာရှိလျာထားစာရင်းကို အောက်တိုဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ကန့်ကွက်လိုပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် အောက်တိုဘာ ၂၈ ရက်
နေ့ နောက်ဆုံးထား ကန့်ကွက်နိုင်သည်ဟု ရုံးတွင်းအမိန့်စာထုတ်ပြန်ခဲ့သည်။

 စီမံရေးရာဌာနခွဲမှ အရာရှိတဦးက ထုတ်ပြန်ထားသော အရာရှိ ရာထူးတိုးမြှင့်စာရင်းကို ကန့်ကွက်ပါက ကန့်ကွက်သူကို မှတ်တမ်း တင်ထားမည်ဖြစ်ကြောင်း၊ တိုးမြှင့်အရာရှိစာရင်းတွင် လျာထားသူများသည် မည်သို့သော ကန့်ကွက်မှု ရှိစေကာမူ လျာထားရရှိမည်ဖြစ်ကြောင်း၊ ရာထူးတိုးမြှင့်မှုနှင့် ပတ်သက်၍ သတ္တိရှိလျှင် ကြိုက်သည့်နေရာသို့ တိုင်ကြား နိုင်သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

''ရာထူးတိုးတာကို ကန့်ကွက်နိုင်တယ် ဆိုပေမယ့် တဖက်မှာလည်း သတ္တိရှိရင် လုပ်ဆိုပြီး ပြောထားဆိုထားတော့ ကန့်ကွက်မယ့်သူကလည်း အရဲကိုးလုပ်ကြရတယ်လေ ။ ဒါပေမယ့်လည်း ဒီရာထူးတိုးနဲ့ ပတ်သက်ပြီး ဌာနတွင်း မှာက တော်တော် မကျေနပ်တာတွေဖြစ်နေတာဆိုတော့ တိုင်စာတွေတော့ တက်နေပြီ'' ဟု ကူးသန်း ရောင်းဝယ် ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်းက ရှင်းပြသည်။ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးက လစ်လပ်ရာထူးများအတွက် အရာရှိများ ခန့်ထားမှုကို ၀န်ကြီးရုံးက တိုက်ရိုက်မကိုင်တွယ်ကြောင်း၊ သို့ရာတွင် ရာထူးတိုးမြှင့်မှုနှင့် ဆက်စပ်၍ တဦးနှင့်တဦး မကျေနပ်မှုများ ရှိနိုင်ပြီး လာဘ်ပေးလာဘ်ယူကိစ္စများ မရှိနိုင်ကြောင်း၊ အမှန်တကယ် မသမာမှုများရှိပါက ဌာနတွင်း စုံစမ်းစစ်ရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးမည်ဟု ဧရာဝတီသို့ပြောဆိုသည်။ 

ဧရာဝတီက ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တာဝန်ခံ ဖြေကြားမည့်သူမရှိပေ။ 
သာလွန်ဇောင်းထက် ~ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် Sandhurst စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော

ဒေါ်အောင်ဆန်းစုကြည် တော်ဝင်စစ်တက္ကသိုလ် Sandhurst မှာ လေ့လာနေစဉ်။
ဒေါ်အောင်ဆန်းစုကြည် တော်ဝင်စစ်တက္ကသိုလ် Sandhurst မှာ လေ့လာနေစဉ်။
ဗြိတိန်နိုင်ငံကိုရောက်ရှိနေတဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst (ဆန်းဒတ်စ်) တော်ဝင် စစ်တက္ကသိုလ်ကိုသွားရောက်ပြီး လေ့လာခဲ့သလို ဗိုလ်လောင်းတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မနေ့ကတော့ မြောက်အိုင်ယာလန်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် ပတ်သက်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အသေးစိတ်ကိုတော့ ဗြိတိန်နိုင်ငံခြားရေးရုံးကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင် က ပြောပြပေးပါမယ်။

အခုအသံလွှင့်ချိန် မတိုင်ခင် ဗြိတိန်စံတော်ချိန် ၃နာရီ၊ ၄၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကို ဘယ်လိုလေ့ကျင့် သင်ကြားပေးသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်လေ့လာ တာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Jonathan Farr က ဗွီအိုအေကိုပြောပါတယ်။
"ဒီကနေ့မှာ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ လန်ဒန်စံတော်ချိန် နေ့လည်ပိုင်းမှာ ဗိုလ်လောင်းတွေနဲ့တွေ့ဆုံမှာဖြစ်ပြီး ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကို ဘယ်လိုလေ့ကျင့် သင်ကြားပေးသလဲ ဆိုတာကို  ဒေါ်အောင်ဆန်းစုကြည်လေ့လာမှာပါ။ ပြီးတော့ သူကိုယ်တိုင်လည်း ဗိုလ်လောင်းတွေကို မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ၊ဗြိတိန် မှာ သူရဲ့ ကိုယ်ပိုင်ချိန်အဖြစ်ရှိနေမှာပါ။"

အခုလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ Sandhurst တော်ဝင်စစ်တက္ကသိုလ် ကိုသွားရောက်လေ့လာတဲ့အတွက်လည်း အလွန်ပဲဝမ်းသာဂုဏ်ယူမိပါတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Philip Hammond ကပြောပါတယ်။

ဒီကနေ့ခေတ်မှီတဲ့ကမ္ဘာမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့  ပြည်သူ့ဝန်ထမ်း စစ်သားကောင်းပီသဖြစ်အောင် ဗြိတိန်နိုင်ငံအနေနဲ့ ဘယ်လိုလေ့ကျင့်သင်ကြားနေသလဲဆိုတာ ဒီစစ်တက္ကသိုလ်ကနေ စံနမူနာအဖြစ်ရှိနေပါတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။

ဒါ့အပြင် အနာဂတ်မြန်မာနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံမှုဟာ ဒီမိုကရေစီစံပြီး နိုင်ငံတကာ ဥပဒေကို လေးစား လိုက်နာတဲ့ ခေတ်မှီစစ်တပ်ဖန်တီးရေးကို အဓိကဦးတည်မှာဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီး Mr Hammond ကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  မနေ့ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး ပြောခွင့်ရ Mr Jonathan Farr ကပြောပါတယ်။

"ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လန်ဒန်ကိုရောက်ပြီး ဗြိတိန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ၀န်ကြီးတို့နဲ့တွေ့ဆုံခဲ့ပါတယ်။မနေ့က မြောက်အိုင်ယာလန်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ Belfast မြို့မှာ DUP ပါတီနဲ့ ရှမ်ဖိန်အဖွဲ့တို့ကခေါင်းဆောင်တွေနဲ့လည်း သူ ဆွေးနွေးခဲ့ပါတယ်။"

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ အပြည့်အဝ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်ဖို့လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံက ယူဆကြောင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ယူကေအစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက အကူအညီတွေ ဆက်ပြီးပေးသွားမယ် ဆိုတာကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ကျန်းမာရေးနဲ့ ပညာရေးပိုင်းမှာ တိုးတက်စေဖို့ အပါအဝင် မြန်မာနိုင်ငံအတွက် စတာလင်ပေါင် သန်း ၅၀ ကျော် သုံးစွဲဖို့ အာမခံထားတယ်လို့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Justine Greening ကပြောပါတယ်။

အခုယူကေခရီးစဉ် ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ခရီးဆက်ပြီး၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံခဲ့တဲ့ မြို့ ၅ မြို့ကို သွားမှာဖြစ်ပါတယ်။ 
VOA

မိုးစက်ဝိုင် Miss Universe 2013 သရဖူ ရနိုင်ဟု သတင်းတခုဆို

မြန်မာအလှမယ် မိုးစက်ဝိုင်ဟာ Miss Universe 2013 ရဲ့ အလှ သရဖူဆုကို ဆွတ်ခူးရနိုင်တယ်လို့ International Business Times ရဲ့ အယ်ဒီတာက သုံးသပ်ရေးသားထားပါတယ်။ 


အသားအရေသိပ်ကောင်းတယ်လို့ ညွှန်းဆိုတာခံရတဲ့ မိုးစက်ဝိုင်၊ ဓာတ်ပုံ- မိုးစက်ဝိုင်

ရုရှားနိုင်ငံ မော်စကိုမြို့မှာ Miss Universe 2013 ပြိုင်ပွဲမှာ နှစ်ပေါင်း ၅၀ ကျော်ကြာပြီးမှ မြန်မာနိုင်ငံက ပထမဆုံး ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ အသက် ၂၅ နှစ်အရွယ် မိုးစက်ဝိုင်ဟာ လက်ရှိ ပြိုင်ပွဲ အနေအထားမှာ အလှသရဖူဆောင်းနိုင် တယ်လို့ ရေပန်းစားနေပြီး ပြိုင်ပွဲမှာ ဦးဆောင်နေတယ်လို့ Miss Universe 2013: Moe Set Wine Could Win the Pageant ဆိုတဲ့ အောက်တိုဘာ ၂၃ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ 
အခုလို မိုးစက်ဝိုင်ဟာ Miss Universe 2013 ရဲ့ အလှ သရဖူဆုကိုရနိုင်တယ်လို့ ပြောရတဲ့ အချက်တွေကို သူက အခုလို ထောက်ပြထားပါတယ်။ 



Miss Universe people's choice မဲပေးမှုကို Missoslogy.com က လုပ်ဆောင်ခဲ့ရာမှာ မိုးစက်ဝိုင် က ထောက်ခံမဲပေါင်း ၁၆၈၆၇၁ မဲ ရရှိပြီး အမြင့်ဆုံး ဖြစ်နေတယ်။ 

ဒါကြောင့် မိုးစက်ဝိုင်ဟာ ဒီနှစ်အတွက် people's choice ဆုအတွက် ရဖို့ ရှင်း ပါတယ်တဲ့။ နောက်ထပ် မိုးစက်ဝိုင်ဟာ ဈေးကွက်စီးပွားရေးနဲ့ပတ်သက်တဲ့ မဟာဘွဲ့လည်း ရခဲ့သူဖြစ်ပြီး လူမှု ဆက်ဆံရေး ကျွမ်း ကျင်မှု ကလည်း အံ့မခန့် ကောင်းတယ်လို့ ဆိုပါတယ်။ 

မိုးစက်ဝို်င်ရဲ့ အသားအရေ အလှကို ထိုင်းမယ်၊ ကိုရီးယားမယ်တွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ဖို့

သူ့ရဲ့ အင်္ဂလိပ်စကားပြောဆိုမှုကလည်း အရမ်းကောင်းပါတယ်တဲ့။ သူ့ရဲ့ အားအကောင်းဆုံးကတော့ အပြောစွမ်းရည်ပါဘဲတဲ့။ မိုးစက်ဝိုင်ရဲ့ စွမ်းပကားတွေလိုမျိုး သူမှာမရှိပါဘူးလို့တောင် Ariella Arida ဆိုတဲ့ မယ်က ၀န်ခံထားပါသတဲ့။ 

ဒါကြောင့် Miss Universe 2013 အလှမယ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် အင်တာဗျူးမှာ အဲဒီအရည်အချင်း က သူ့ကို သရဖူ ရစေနိုင်ပါသတဲ့။ 

ဒါနဲ့ မပြီးသေးပါဘူး။ မိုးစက်ဝိုင်ရဲ့ လှပတဲ့ အသားအရေကိုလည်း ချီးမွမ်းထားပြီး အလှပြိုင်ပွဲဝင်သူတွေကြား မှာ တကယ့်ကို ကျန်းမာမှု အရှိဆုံး အသားအရေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ 
မြန်မာပြည် မှာ သူက "Miss Healthy Skin" ဆုကို ရခဲ့တာဖြစ်ပါတယ်လို့ ထောက်ပြထားတယ်။ ဒါကြောင့် မိုးစက်ဝိုင်ရဲ့ အသားအရေဟာ သူ့ကိုအဓိက အထောက် အပံ့ပေးပြီး သူ့အလှကို ပိုပြီး တောက်ပပေါ် လွင်
စေတာ ဖြစ်တယ်လို့ ရေးပြထားပါတယ်။ 

ဆက်ရေးပြထားတာက မိုးစက်ဝိုင်ဟာ စစ်အုပ်ချုပ်ရေးကာလတွေကနေ မကြာသေးမီကမှ ရုန်းထွက်လာပြီး ဖွံ့ဖြိုးတိုးတက် မှုလမ်းပေါ် လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံက ဖြစ်တာတကြောင်းလည်း သူက ထောက်ပြ ထားပါသေးတယ်။ 

သူဆိုလိုတာ က မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ၊ နိုင်ငံ့စီးပွားရေးတွေကိုလည်း အခြား စီးပွားရေး အားကောင်းတဲ့ နိုင်ငံတွေ က အားပေး ထောက်ခံမှုတွေ လိုအပ်နေပါတယ်တဲ့။

Miss Universe သူရဖူကို မိုးစက်ဝိုင်ကို ပေးလိုက်ရင်တော့ ဒါဟာ ရုရှားလိုနိုင်ငံမျိုးအနေနဲ့ မြန်မာနဲ့ အပေါင်း လက္ခဏာ ဆောင်တဲ့ ဆက်ဆံရေးတိုးတက်ဖို့ အစပြုမှု တခုလည်းဖြစ်နိုင်ပါကြောင်း နောက်ဆုံး ပိတ်မှာ ရေးသား တင်ပြထားပါတယ်။ 

အိမ့်သံစဉ် ~  

Friday, October 25, 2013

လွမ်းစိမ့်

 
 သရုပ်ဆောင် - ရဲတိုက်၊ ပြေဇင်၊ အေးမြတ်သူ၊ နိုဘယ်ကျော်ကျော်
ဒါရိုက်တာ  - ချိုတူးဇော်
                            ရုပ်ရှင်ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) စိုးရိမ်မှုအပေါ် သဘောထားမှတ်ချက်များ

“စိုးရိမ်ရင်လဲ စိုးရိမ်မှာပဲ။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေက တဖြည်းဖြည်း အရှိန်မြင့်လာတာကိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ကိစ္စတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ လုပ်နေတာတွေ အားလုံးနဲ့ နောက်ပြီး ဟိုရခိုင်မှာ ဖြစ်တဲ့ ကိစ္စတွေက သူ့ကို နောက်ကျောမလုံအောင် လုပ်နေသလို ဖြစ်နေပြီ။ နောက်ပြီး မြစ်ဆုံကိစ္စတို့၊ လက်ပံတောင်းကိစ္စ စတဲ့ စီးပွားရေးကိစ္စ တွေမှာ ပြဿနာတွေ ဖြစ်လာတယ်။ အားလုံးကလည်း ပြောရဲ ဆိုရဲ ရေးရဲ ဖြစ်လာတော့ သူအာဏာမလွှဲခင်က ဖြစ်ခဲ့တာတွေကို မဖော်ထုတ်ဘူးလို့ အာမမခံနိုင်တော့ဘူး။
နိုင်ငံအကြီးအကဲ လုပ်ခဲ့တဲ့သူဟာ ချန်ထားခဲ့တဲ့ နိုင်ငံကို အေးအေးဆေးဆေးနဲ့ မြင်ချင်မှာပေါ့ ။ ဒါမှသူ့ကို မထိခိုက်မှာလေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး

စိုးရိမ်တယ်ဆိုတာက ကောင်းတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူး။ ပြည်တွင်းစစ် တွေကို သူ့လက်ထက်ထဲက ရပ်ဆိုင်းနိုင်ဖို့ ကြိုးစားခဲ့တာ ဆိုရင် အရင်ထဲက သူဒီစကားမျိုး ပြောသင့်တယ်၊ အခုတော့မှ ပြောတော့ သာမန်လူတစ်ယောက်က ပြောသလို ဖြစ်သွားတယ်။
စစ်အုပ်ချုပ်ရေးထက် အရပ်ဘက် အုပ်ချုပ်ရေးက ပြည်တွင်းစစ်ကို ပိုရပ်ဆိုင်းနိုင် လိမ့်မယ်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ
အဲလိုပြောရင် သူ့ဆီကို သွားလည်ပြီးတော့ ဆိုးတဲ့ဘက်ကို ပြောတာများလို့ နေမှာပေါ့။ မီဒီယာတွေ လွတ်လပ်လာပြီ။ မီဒီယာတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ပြောနေကြတယ်၊ KIA က နိုင်ငံရေး ဆွေးနွေးပွဲကို အရင်လုပ်ဖို့ ပြောတယ်၊ ရခိုင်မှာဖြစ်တဲ့ ပြဿနာတွေကြောင့် အမျိုးသားရေး ဝါဒတွေ ခေါင်းထောင် လာတယ်တို့ Bad Site တွေကို ပြောတာတွေ များလို့ နေမှာပေါ့ ။အဲဒါတွေကို မှန်မှန်ကန်ကန် ပြောပေးရမယ်၊၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ပြန်ဆွဲဖို့ ဘယ်လောက်ပြောပြော ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပဲသွားမယ်။ အသစ်ကို ပြန်ဆွဲဖို့အတွက် လမ်းပေါ်ထွက်ပြီး အုံကြွမှု လုပ်နိုင်ပါ့မလားလို့ သံသယဖြစ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မဆလ လက်ထက်ကလို လမ်းတစ်ပေါက်တည်း ရှိတာ မဟုတ်တဲ့အတွက် အုံကြွမှု မဖြစ်နိုင်ဘူး။ နောက်ကြောင်း ပြန်သွားချင်တဲ့သူ တွေက ကောင်းကောင်း မထိန်းသိမ်းဘဲ လွှတ်ထားရင် တပ်မတော်က ဒါတွေကြောင့် အာဏာပြန် သိမ်းရပါတယ် လို့ပြောလိမ့်မယ်။
ပြည်သူတွေက ဥပဒေကို ရိုသေသိရှိဖို့ လိုတယ်။ တပ်မတော်ကို ပြောချင်တာက နိုင်ငံရေး အခြေအနေ တွေကို မှန်မှန်ကန်ကန် သုံးသပ်ပါ။ စေတနာပါပါ သုံးသပ်ပါလို့ ပြောချင်တယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း
အခု မြန်မာ့နိုင်ငံရေးက သူ့ဘက် ကိုယ့်ဘက် တွေးနေရမယ့်အချိန် မဟုတ်တော့ဘူးလေ၊ သမိုင်းကြောင်းမှာ မှားခဲ့တာက မှားခဲ့တာပဲ၊ ဖုံးထားလို့ မရတော့ဘူး၊ တစ်ကမ္ဘာလုံး သိနေပြီ၊ မှားခဲ့တာမှ နှစ်ပေါင်း ၆၀ကျော် ကြာအောင် မှားခဲ့ကြတာပဲ။ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့၊ ဒါပေမဲ့ တစ်ယောက်တည်း အုပ်ချုပ်နေတဲ့ နိုင်ငံရေး မဟုတ်တော့ဘူး၊
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အချိန်မှာ ဒီလိုပါပဲ၊ ပြဿနာ တွေကတော့ ရှိမှာပေါ့၊ ဒါတွေကို ဘယ်လို ကောင်းအောင်ပြင်ဆင်မလဲ၊ ရင်ဆိုင်မလဲ ဆိုတာပဲ အရေးကြီးတယ်၊ ဘေးကနေထိုင် ပြောနေလို့မရဘူး။
၈၈မျိုးဆက် ကျောင်းသားဟောင်း ဦးမြအေး
The Voice Weekly

ဗြိတိန်အထည်ချုပ်စက်ရုံ ဘီလင်းတွင်ဖွင့်မည်


ဘီးလင်း၊ အောက်တိုဘာ၂၅။

လုပ်သားရွေ့ပြောင်းမှု အများဆုံးပြည်နယ်များတွင် ပါဝင်သည့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အလုပ်အကိုင် ၆၀၀၀ကျော်ခန့် အလုပ်ပေးနိုင် သည့် ဗြိတိန်နိုင်ငံအခြေစိုက် အထည်ချုပ်စက်ကို ၂၀၁၄ခုနှစ်နှစ်ဆန်းပိုင်တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးလှရှိန်က People Powerသတင်းစာသို့ ပြောကြားသည်။

“သူတို့တွေက မြေနေရာနဲ့ စက်ရုံတွေကို ဌားရမ်းပြီးသွာပါပြီ။ စက်ရုံဖွင့်ဖို့က သေချာသလောက် ရှိနေပါပြီ” ဟု ဦးလှရှိန်က ထပ်မံအတည်ပြု ပြောကြားသည်။

အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများသည် အလုပ်သမား အသွားအပြန် သယ်ယူပို့ဆောင်ကိုလည်း ဆွေးနွေးလျက် ရှိပြီး ယင်းစက်ရုံ တည် ဆောက်ပြီးပါက အလုပ်အကိုင် ရှားပါးလျက်ရှိသော မွန်ပြည်နယ်ကို အထိုက်အလျောက် အလုပ်အကိုင်များပေးနိုင်မည်ဖြစ်ကြောင်း ဦးလှရှိန်က ဆက်လက်ပြောကြားသည်။

“အလုပ်ပေးနိုင်တဲ့ စက်ရုံတွေသာ ဒီမှာရှိရင် လုပ်အားခနည်း ပေးမယ့် ဘယ်သူကမှ ထိုင်းကိုသွားပြီး လုပ်ချင်မှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် စက်ရုံ၊ အလုပ်ရုံ ရှားပါးသောကြောင့် အလုပ်ပေးနိုင်မှု နည်းပါကြောင်း၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက် အောင်အတွက် စက်ရုံ အလုပ်ရုံများ ပိုမိုဆောက်လုပ်ပေး သင့်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယခုနှစ်အတွင်း မွန်ပြည်နယ်သို့ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်ရှင်များသည် ဟိုတယ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ အသေးစား နှင့် အလတ်စားစက်မှုလုပ်ငန်းတို့ကို လာရောက်ရင်းနှီးမြှပ်နှံရန် ပြည်နယ်အစိုးရထံ ခွင့်ပြုချက် တောင်းခံထားပြီး၊ ထိုင်းစီးပွာရေးလုပ်ငန်းရှင်များ လာရောက်
ဆွေးနွေးမှုသည် အများဆုံးဖြစ်ကြောင်း မွန်ပြည်နယ်ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ရေးသားသူ - မင်းသူရ

People power

ထိုင်းဘုရားဖူးကားမှောက် ၂၂ဦး သေ၊ ၁၆ဦးဒဏ်ရာရ

 
ထိုင်းနိုင်ငံမြောက်ဘက်ရှိ လျှိုမြောင်တစ်ခုတွင် ဘုရားကျောင်း မှပြန်လာသော ခရီးသည်တင် ဘုရားဖူးဘတ်စ်ကားတစ်စီး အ ရှိန်ပြင်းပြင်းဖြင့် လျှိုထဲသို့ပြုတ်ကျ ခဲ့ရာ ခရီးသည်ပေါင်း ၂၂ဦးသေ ဆုံးခဲ့ရကြောင်း အောက်တိုဘာ ၂၃ရက်တွင် ရဲကပြောခဲ့သည်။ကားမောင်းသူသည် လမ် ပန်ပြည်နယ်ရှိ ဝန်နူအာခရိုင်မှ အ ကောက်အကွေးများသော တော လမ်းအတွင်းက လျှိုမြောင်တွင် မီ တာ ၃၀(၉၈ပေ)ခန့်အထိ ပြုတ်မ ကျမီ ကားကိုအရှိန်မထိန်းနိုင်ဖြစ် ခဲ့ကြောင်း ဗိုလ်မှူးဆွမ်ဒက်တော ပြောသည်။ ထိခိုက်ဒဏ်ရာရသူ များထဲတွင် ကားမောင်းသူအပါ အဝင် ၁၆ဦးရှိကြောင်း သိရသည်။

ဘုရားဖူးများသည် ဗုဒ္ဓဘာ သာဝင်များ ကုသိုလ်ကောင်းမှုရရှိ စေရန် အခမ်းအနားကျင်းပခြင်း နှင့် သီလဆောက်တည်ခြင်းများ ပြုလုပ်ရန် ဘုရားကျောင်းသို့ လာ ရောက်ကြခြင်းဖြစ်သည်။ သေဆုံး သူများထဲတွင် အမျိုးသမီးအ များဆုံးပါဝင်ကြပြီး ကားသမား သည် လူသေစေနိုင်သောစည်းကမ်း မဲ့ကားမောင်းနှင်မှုဖြင့် တရားစွဲခံ နေရကာ ထောင်ဒဏ် ၁ဝနှစ်ထက် မနည်း ကျခံရနိုင်ကြောင်း ဗိုလ်မှူး ဆွမ်ဒက်က ပြောသည်။

လမ်ပန်ပြည်နယ်သည် ဘန် ကောက်၏မြောက်ဘက်ကီလိုမီ တာ၆၀၀(၃၇၂မိုင်)အကွာအဝေးရှိ တောင်တန်းပေါများသောနေရာ တစ်ခုဖြစ်သည်။ ပြည်ထဲရေးဝန် ကြီးဌာနသတင်းများအရ ထိုင်း နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း လမ်းမ တော်တဆမှုများကြောင့် သေဆုံး သူ၂၆၀၀ဝအထိရှိကြောင်း သိရ သည်။

[ Ref.AP ၊ ဘန်ကောက် ၊ အောက်တိုဘာ ၂၄ ]
Yangon Media Group

Feel စားသောက်ဆိုင်၏ အဆင့်အတန်းခွဲခြားမှု ဒုဝန်ကြီးကိုပင် စားသောက်ခန်းထဲ ပေးမ၀င်

 
ကျွန်တော်သည် နေပြည်တော်တွင် နေသူဖြစ်၍ ကားဖြင့် နေပြည်တော်မှ ရန်ကုန်၊ ရန်ကုန်မှ နေပြည်တော် သို့ အသွားအပြန် တိုင်းတွင် ဖြူးစခန်း ကားရပ် ရာတွင် (Feel) စားသောက်ဆိုင် တွင်သာ စားသောက်လေ့ ရှိပါသည်။ ခရီးသည် အများစုသည်လည်း ၎င်းဆိုင်တွင်ပင် ၀င်ရောက် စားသောက် ကြသည်။ အစားအသောက် ကောင်းလွန်း၍ မဟုတ်ပါ၊ သန့်စင်ခန်း အသုံးပြုရသည်မှာ အဆင်ပြေ ၍ ဖြစ်ပါသည်။

ပင်မဆိုင် အဆောက်အအုံ အတွင်း၌ တစ်ခါက ၀င်စားရာတွင် ထိုင်စရာနေရာ မရှိသဖြင့် လွတ်နေသည့် သီးခြား အခန်းကို ၀င်မည်ပြုရာ -““ဒါက ဗိုလ်မှူးကြီးနဲ့ အထက်သာ ၀င်ခွင့်ရှိတယ်””ဟု ဆိုင်ဝန်ထမ်းက ပြောသဖြင့် ကျွန်တော် ၀င်မထိုင်တော့ပါ။ နောက်လည်း ထိုအခန်းတွင် လူရှိရှိ၊ မရှိရှိ မ၀င်ခဲ့ပါ။ ကိုယ့် အဆင့်အတန်းကို ကိုယ်သိပါသည်။ (၂၀-၁၀-၂၀၁၃) ရက် တနင်္ဂနွေနေ့တွင် နေပြည်တော်မှ ရန်ကုန်သို့ သွားရာ နေ့လည် ၁၂း၀၀ အချိန်၊ ပူလှသဖြင့်  (Feel) ဆိုင်ဘေး သန့်စင်ခန်း၊ သွားရာလမ်းရှိ အအေးခန်းသို့ (ခါတိုင်းလည်း ထိုအခန်း၌ပင် ၀င်စားလေ့ ရှိပါသည်။) ၀င်မည်ပြုရာ ထိုအခန်းဝတွင် အင်္ဂလိပ်လို Reserved (သီးသန့်ထားသော နေရာ) ဟူသော စာချိတ်ဆွဲ ထားပါသည်။ ၀န်ထမ်း အမျိုးသားလေးက ၀င်၍မရဟု ပြောပါသည်။ တစ်ဖက်မှာ ရှိသော အခန်းကိုလည်း မှန်တံခါး ပိတ်ထားပြီး ထိုကဲ့သို့ပင် စာချိတ်ဆွဲ ထားပါသည်။ ထိုအခန်းသည် V.I.P (အရေးကြီး ပုဂ္ဂိုလ်များအတွက်သာ ဖြစ်သည်) ဟု သိသဖြင့် ခါတိုင်းလည်း ၀င်လေ့မရှိပါ။ …

အပြင်တွင်လည်း အလွန်ပူပြင်းသည့် အချိန်ဖြစ်၍ နီးစပ်ရာ စားပွဲလွတ်တွင်သာ ၀င်ထိုင် လိုက်ရပါသည်။ ကျွန်တော်တို့ နှင့်အတူ ၀န်ကြီးဌာနတစ်ခုမှ ဒုဝန်ကြီး တစ်ဦးလည်း ပါလာပါသည်။ ကျွန်တော်က ထိုဒုဝန်ကြီးကို အလွန် အားနာသွားသည်။ ဒုဝန်ကြီးကလည်း ပြောဆိုနေပုံကို ကြားနေရ၍ စိတ်ဆိုးပုံရပါသည်။

““မင်းတို့ မန်နေဂျာကို သွားခေါ်စမ်း””ဟု ကျွန်တော် ပြောလိုက်ရာ၊ ကတုံးဆံတောက်နှင့် တရုတ်ဟု ထင်ရသူ တစ်ယောက်အား ခေါ်လာပါသည်။ မန်နေဂျာ ဟုတ်ဟန် မတူပါ။ ထိုကဲ့သို့ အခန်းများကို အဘယ်ကြောင့် လုပ်ထားရသနည်းဟု ပြောရာ-
““ဖောက်သည်တစ်ဦးက တယ်လီဖုန်းဖြင့် ဆက်ထားလို့ လုပ်ထားတာပါ””ဟုပြောသည်။ ကျွန်တော်က -““အခန်းကြီး နှစ်ခန်းလုံး ဘွတ်ကင် လုပ်ထားရအောင် ဖောက်သည် ဒီလောက်များလား””ဟု မေးလိုက်ရာ ထိုသူက နိုင်ငံခြားသားများ ပါ၍ဟု ဖြေပါသည်။ သူ့အဖြေက ပို၍ပင် ဆိုးပါသည်။ နိုင်ငံခြားသား များကိုသာ ဦးစားပေးရမည်လော။ ကျွန်တော်တို့ကဲ့သို့ ဖောက်သည်များကို ဦးစားမပေးရပြီလော၊ ယခုကဲ့သို့ အများသူငါ စားသုံးနေသည့် ဆိုင်တွင် သီးသန့်ထားသော နေရာဟု ကြိုတင် တယ်လီဖုန်း ဆက်ထားတိုင်း ဤသို့ ခွဲခြားမသင့်ပါ။ စားသုံးသူ ဖောက်သည်တိုင်းတွင် ညီမျှသော အခွင့်အရေး တန်းတူရှိပါသည်။

ကျွန်တော်က -““ဒီလို ပြောစတမ်းဆိုရင် ဒါ …. ဒုဝန်ကြီးပဲ””ဟု ကျွန်တော်တို့နှင့် ပါလာသော ဒုဝန်ကြီးကို လက်ညှိုးထိုး၍ ပြလိုက်ပါသည်။ ဤသို့ဆိုသည်နှင့် အပေါ်ထပ်တွင် သီးခြားအခန်း လုပ်ပေးပါမည်ဟု ပြောပါတော့သည်။ ဒုဝန်ကြီးလည်း စိတ်ပျက်သည့်ပုံနှင့် ကျွန်တော်တို့ကို ဘာမျှမပြောရန် တားမြစ်ပြီး ထပြန် လာ ကြတော့ သည်။

ဝန်ထမ်းတစ်ဦး၏ ပြောဆိုချက်အရ ထိုအခန်းများကို “သီးသန့်” ဟု လုပ်ထားသည်မှာ ရန်ကုန် (Feel) စားသောက်ဆိုင်မှ လူများ နေပြည်တော် သွားမည်ဖြစ်၍ ယခုကဲ့သို့ လုပ်ထားခြင်း ဖြစ်သည်ဟု သိရသည်။ ဤသို့ဆိုလျှင် ပို၍ပင် ဆိုးပါသည်။ (Feel)  ၀န်ထမ်း ဆိုသူများသည် အိမ်ရှင်ဖြစ်၍ ဧည့်သည် စားသုံးသူ ဖောက်သည်များကို ပို၍ ဦးစားပေးရမည် မဟုတ်ပါလော။

(Feel) ဆိုင်မှ လုပ်ပုံသည် စားသုံးသူ ဖောက်သည်များကို အဆင့်အတန်း ခွဲခြား လွန်းနေသည်။ ဗိုလ်မှူးကြီး နှင့်အထက် ဆိုသည့် လူတန်းစားက တစ်မျိုး၊ V.I.P ဆိုသည့် လူတန်းစားက တစ်မျိုး၊ နိုင်ငံခြားသား ဆိုသည့် လူတန်းစားကတစ်မျိုး၊ သူတို့ (Feel) စားသောက်ဆိုင် ၀န်ထမ်း အချင်းချင်းက တစ်မျိုး၊ ကျွန်တော်တို့ စားနေကျ ဖောက်သည် လူတန်းစားက တစ်မျိုးဟူ၍ အဆင့်အတန်း ခွဲထားပါသည်။ ယခုကဲ့သို့ ခေတ်ကြီးတွင် ထိုကဲ့သို့ မဖြစ်သင့်တော့ပါ။ ကျွန်တော် သည် နောက်ထို ဆိုင်တွင် မည်သည့်အခါမျှ မစားတော့ဟု ဆုံးဖြတ်လိုက်ပါသည်။

ကိုညို (နေပြည်တော်)
သစ်ထူးလွင်