Pages

Saturday, December 14, 2013

ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာဘောလုံး အသင်း အခြေအနေ

 
မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းနဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေပြီး၊ အနိုင်ကစား သွားမှာဖြစ်တယ်လို့ မြန်မာဘောလုံးအသင်း တာဝန်ရှိသူ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအသင်းအနေနဲ့ အရင်ပွဲတွေထက် ပိုပြီးတော့ ကြိုးစား ကစားရမယ်လို့ လည်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ဒီကနေ့ ကစားမယ့် မြန်မာ နဲ့ ထိုင်းတို့ရဲ့ ဘောလုံးပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပွဲတွေမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲလို့ဆိုရမယ့် အိမ်ရှင် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေး အားကစားကွင်းမှာ ကစားကြမှာပါ။ အုပ်စု ပထမ ၂ ပွဲမှာ မြန်မာက ကမ္ဘောဒီးယားကို ၃ ဂိုး ဂိုးမရှိ၊ တီမောကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ထားသလို၊ ထိုင်းကလည်း တီမောကို ၃ ဂိုး ၁ ဂိုး ၊ အင်ဒိုနီးရှားကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ထားတာကြောင့် ၂ သင်းစလုံးဟာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ် နဲ့ ရမှတ်တူနေပါတယ်။ ဒါကြောင့် မြန်မာ နဲ့ ထိုင်းပွဲဟာ အုပ်စုမှာ အဆုံးအဖြတ်ပေးမယ့် ပွဲတပွဲဖြစ်ပါတယ်။

မြန်မာကစားသမားတွေဟာ အခုချိန်မှာ နိုင်စိတ်အပြည့်ရှိနေတယ်လို့ ဗီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ မြန်မာဘောလုံးအသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော် က ပြောပါတယ်။

"မြန်မာအသင်းကတော့ ထိုင်းကိုအနိုင်ကစားမှာပေါ့။ အရေးကြီးတဲ့ ပွဲစဉ်လည်းဖြစ်တယ်။ ကိုယ့်အိမ်ကွင်းမှာလည်း ကစားတာဖြစ်တယ်။ အနိုင်ကစားမယ်။"

မေး- ထိုင်းနဲ့ကန်မယ့်ပွဲအတွက် အသင့်ဖြစ်နေတယ်ပေါ့။

" ဟုတ်တယ်။ အသင့်ပဲ။"

မေး- ဒီပွဲမှာ အသင်းမှာ ဒဏ်ရာရတဲ့သူ မပါနိုင်တဲ့သူ အနေအထားကရော ဘယ်လိုရှိပါသလဲ။

" ဒဏ်ရာရတဲ့သူလည်း အဲ့ဒီ့ဒဏ်ရာတွေက သေးသေးမွှားမွှားပဲ အဲ့ဒီ့ဒဏ်ရာတွေကို အကုန်မေ့ပြီး သူတို့အကုန် ကစားကြမှာ။ ဗိုလ်လုပွဲအတွက် နှလုံးသွင်းပြီး ကစားမှာ။"

ထိုင်းအသင်းဟာ ဘောလုံးအပေးအယူ တိကျပြီး၊ ကွင်းလယ်အားကောင်းသလို၊ ရတဲ့ ဂိုးသွင်းခွင့်တွေကိုလည်း မလွတ်တမ်းအသုံးချနိုင်ပြီး ဂိုးသွင်းသေချာတဲ့ အသင်းတသင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဆိုတော့ မြန်မာအသင်းအနေနဲ့ ထိုင်းနဲ့ ကစားတဲ့အခါမှာ ဘာတွေကို အထူးသတိထားဂရုစိုက်ဖို့လိုမလဲ။  ၀ါရင့် အားကစားဆောင်းပါးရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောတာကတော့

"အဲ့ဒီ့ကြားထဲမှာ ကျနော်ပြောသလို သူတို့က တချက်ထိ ညာပေး၊ နှစ်ချက်ထိ ညာပေး၊ လူတွေကြားထဲကနေ နောက်တန်းကြားထဲကနေ ကျော်ကျော်ပြီး ချပေးတာတွေ အဲ့တာတွေ ပေးတာကောင်းတယ်။ အဲ့တာကိုဖျက်နိုင်မှ ကျနော်တို့က နည်းနည်း အခွင့်အရေးသာမယ်ပေါ့နော်။"

အုပ်စု B မှာ ထိုင်းက အင်ဒိုနီးရှားကို အနိုင်ရလိုက်တဲ့အတွက် ၊ မြန်မာအသင်း နဲ့ ထိုင်းနဲ့ ပွဲရလဒ်ဟာ အုပ်စု B မှာ ဘယ်အသင်း အုပ်စု ပထမနေရာ ရမယ်ဆိုတာကို အဆုံးအဖြတ်ပေးမယ့်ပွဲလိုလည်း ဆိုရမှာဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာအသင်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ဦးခင်မောင်ထွေး သုံးသပ်တာကတော့ -

" မြန်မာအသင်းက ပြီးခဲ့တဲ့ ကစားတဲ့ နှစ်ပွဲဆိုရင်တော့ တော်တော်လေး ကြိုးစားပမ်းစား၊ ကစားရမှာပဲဗျ။ ထိုင်းကလည်း ကျနော်တို့ကို နိုင်လိုက်ရင် အကြိုဗိုလ်လုပွဲ တက်ဖို့ သေချာသွားတဲ့ အနေအထား ရှိတယ်လေ။ နောက်ဆုံးပွဲက သူက ကမ္ဘောဒီးယားနဲ့ကစားရမှာ။ သူတို့က ကျနော်တို့ကို အနိုင်ကစားမှာ၊ ယုံမှားသံသယမရှိဘူး။ ဒါပေမဲ့လည်း ကြည့်တဲ့ပရိတ်သတ်ရော၊ ကိုယ့်မြေပေါ်မှာရော၊  နောက်ပြီး တသင်းနဲ့တသင်းက ပြောပလောက်အောင် ကွာခြားတာ မရှိတော့ မြန်မာအသင်းက အနိုင်ကစားဖို့တော့ လိုတယ်။ မတော်တဆ ခြေချော် လက်ချော် ရှုံးခဲ့ရင် အင်ဒိုနီးရှားကို ကစားဖို့ခက်မယ်။ အင်ဒိုနီးရှားကလည်း ကျနော်တို့ကို နိုင်ခဲ့ရင် ဗိုလ်လုပွဲတက်နိုင်တဲ့ အနေအထားမျိုးရောက်သွားနိုင်တယ်။ အင်ဒိုနီးရှားနဲ့ပွဲကတော့ ကျနော်ပြောရဲပါတယ်။ မြန်မာ အသင်းနိုင်ဖို့များပါတယ်။ ထိုင်းနဲ့ကတော့ ငါးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်းပဲ၊ အမှားများတဲ့အသင်း ရှုံးမယ်။ အမှားနည်းတဲ့အသင်းနိုင်မယ်။ ပြောလို့မရဘူး။ အင်ဒိုနီးရှား ကို သေချာပေါက်ပြော လို့ရတယ်။ ကမ္ဘောဒီးယားနဲ့ကစားတဲ့ပွဲရော ကျနော်တို့ မြန်မာလက်ရွေးစင်အသင်းကို နိုင်နိုင်တဲ့ အဆင့်မရှိဘူး ကျနော်တော့ သုံးသပ်မိတယ်။"

မေး- ဦးခင်မောင်ထွေးက ထိုင်းနဲ့ပွဲကို ဘယ်လိုထင်လဲ။

"မြန်မာအသင်းက နည်းနည်းလေး တသင်းလုံး ညီညီညွတ်ညွတ်နဲ့ အင်တိုက် အားတိုက် ကစားရင် အနိုင်ရဖို့များပါတယ်။"

လာမယ့် ၁၆ ရက်နေ့မှာတော့ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်နဲ့ အင်ဒိုနီးရှားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ သောကြာနေ့က ကစားခဲ့တဲ့ အုပ်စု A ပွဲစဉ်မှာတော့ မလေးရှားအသင်းက လာအိုအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပြီး၊ စင်ကာပူအသင်းက ဘရူနိုင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။

ကိုရန်နိုင် (ဗွီအိုအေ)

ဒီမောဆိုမြို့နယ်က ပဒေါင်ရွာ (ရုပ်/သံ)

 
 ထိုင်းနိုင်ငံဘက်ခြမ်းမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံက ပဒေါင်တိုင်းရင်းသား လူငယ်တွေ များလာတဲ့အတွက် အခုအခါမှာ ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ပဒေါင်ကျေးရွာတွေမှာ လူငယ်တွေ မရှိသလောက် နည်းပါးနေပါတယ်။ ဒီမောဆိုမြို့နယ်က ပဒေါင်ကျေးရွာတွေကို သွားရောက်လေ့လာခဲ့တဲ့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။

ဘင်္ဂလား အတိုက်အခံ ခေါင်းဆောင် သေဒဏ် စီရင်ခံရမှု မီးရှို့ဆန္ဒပြ

ဘင်္ဂလားနိုင်ငံက မီးရှို့ဆန္ဒပြမှုများဖြစ်ပွား (ဒီဇင်ဘာ ၁၃၊ ၂၀၁၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်အတွင်း ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး အခုနောက်ဆုံး ကွပ်မျက်လိုက်တဲ့ အစ္စလာမ်ဝါဒီ ခေါင်းဆောင်ကို ထောက်ခံသူတွေ သောကြာနေ့က ဆန္ဒပြကြရာမှာ နေအိမ်တွေ၊ ဈေးဆိုင်တွေကို မီးရှို့ခဲ့ကြပါတယ်။ နောက်ဆုံးအချိန်မှာ အယူခံတင်သွင်းခဲ့တာကို တရားရုံးချုပ်က ပယ်ချခဲ့ပြီး နောက်မှာပဲ Abdul Qader Mollah ကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ ကြိုးပေးကွပ်မျက်ခဲ့တာပါ။

သေဒဏ်ပေးပြီး သိပ်မကြာခင်မှာပဲ မီးရှို့မှုတွေ၊ ရဲနဲ့ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ပွားတာတွေကြောင့် လူ ၃ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းတွေက ဖော်ပြကြပါတယ်။ တိုက်ခိုက်မှု အများစု ကတော့ အာဏာရပါတီကို ထောက်ခံသူတွေ၊ ၀န်ကြီးချုပ် Sheikh Hasina နဲ့ ကွပ်မျက်စီရင်တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသူ လူနည်းစု ဟိန္ဒူတွေကို ပစ်မှတ်ထားခံခဲ့ရတာပါ။

ဒက္ကားမြို့က ဗွီအိုအေ သတင်းထောက်ကတော့ အခြေအနေတွေ တင်းမာနေတဲ့ အတွက် မနေ့ကတည်းက လုံခြုံရေးတွေ အင်အားတိုးမြှင့် ချထားတဲ့အကြောင်း ပြောပါတယ်။ ကွပ်မျက်ခံခဲ့ရသူ Mollah ရဲ့ Jamaat-e-Islami ပါတီကတော့ တနင်္ဂနွေနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်သွားဖို့ ဆော်သြထားတာပါ။

Mollah ဟာ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးအတွက် ပါကစ္စတန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ် စီရင်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူကွပ်မျက်ခံ ခဲ့ရတဲ့အတွက် ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ မတိုင်မီ သွေးထွက်သံယို နိုင်ငံရေး တင်းမာမှုတွေပေါ်ပေါက်လာမှာကိုလည်း အကဲခတ်တွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ ဘော်လီဘော အသင်း ဆီးဂိမ်းမှာ ပွဲဦးထွက် အနိုင်ရ

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေကို သောကြာနေ့က ၁၀ ရက်မြောက်နေ့ အဖြစ်နဲ့ ဆက်လက် ယှဉ်ပြိုင်ကစားနေတာမှာ ပြိုင်ပွဲတွေက ပိုပြီးတော့ အကြိတ်အနယ် ရှိလာနေပြီး၊ မြန်မာက ဆုတံဆိပ်အများဆုံးနဲ့  ပြိုင်ပွဲကို ဆက်ပြီး ဦးဆောင်နေပါတယ်။ ဒါ့အပြင် သောကြာနေ့က ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလည်းတက်ရောက် အားပေးကြည့်ရှုခဲ့ သလို၊ ထိုင်းဘုရင့်ရဲ့ မြေးတော်လည်း ၀င်ရောက် ယှဉ်ပြိုင် သွားခဲ့ပါတယ်။ မြန်မာအသင်းအနိုင်ရသွားတဲ့ ဘော်လီဘောပွဲတွေ
အပါအ၀င် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က စုစည်း တင်ဆက်ပေးထားပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့က ဆီးဂိမ်းပြိုင်ပွဲတွေမှာတော့ မြန်မာက ဆုတံဆိပ် အများဆုံးနဲ့ ထိပ်ဆုံးမှာ ရှိနေပေမဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား နဲ့ ထိုင်းနိုင်ငံတို့ကလည်း ရွှေတံဆိပ်တွေ ရလာတာကြောင့် အတော်လေးကို အကြိတ်အနယ်ဖြစ်လာနေပြီလို့ ဆိုရမှာပါ။  ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီလောက် အထိ နောက်ဆုံးသိရသလောက် အနေအထားမှာ မြန်မာက ရွှေ ၂၆ ခု၊ ငွေ ၂၅ ခု နဲ့ ကြေး ၂၀ ရထားပါတယ်။

ဒုတိယနေရာမှာ ရှိတဲ့ ဗီယက်နမ်နိုင်ငံကတော့ ရွှေ ၂၂ ခုအထိ တက်လာသလို၊ အင်ဒိုနီးရှားက အခု ၂၀ နဲ့ ၊ ထိုင်းက ၁၈ ခုအထိ တက်လာပါတယ်။
မြန်မာက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကရာတေး အမျိုးသမီးအဖွဲ့လိုက် ခတ္တ ပြိုင်ပွဲ၊ အမျိုးသား ပန်ဆတ်စီလတ် အပြ နဲ့ ကနူးအမျိုးသမီး WK4 မီတာ ၂၀၀ အပါအ၀င် ရွှေတံဆိပ် ၅ ခု ထပ်ရခဲ့ပါတယ်။

ဒီကနေ့ ကစားသွားတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း မြင်းအလှစီးပြိုင်ပွဲ နဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲကို သွားရောက် အားပေးတာကိုလည်း တွေ့ခဲ့ရပါတယ်။ ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီးအသင်းလိုက်မှာတော့ ထိုင်းက မြန်မာအသင်းကို အနိုင်ရသွားတာကြောင့် မြန်မာအမျိုးသမီးအသင်းက ငွေတံဆိပ်ပဲရခဲ့ပါတယ်။

ဒါ့အပြင် မြင်းအလှစီးပြိုင်ပွဲမှာတော့ ထိုင်းဘုရင် ရဲ့ မြေးတော်လည်း ၀င်ရောက်ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဘော်လီဘောပြိုင်ပွဲတွေကို ဒီကနေ့မှာ စတင်ကစားတာမှာ မြန်မာက အမျိုးသားဘက်မှာရော၊ အမျိုးသမီးဘက်မှာပါ အနိုင်ရသွားပါတယ်။
မြန်မာဘော်လီဘောအသင်း ယှဉ်ပြိုင်နေစဉ်။ ( ဒီဇင်ဘာ ၁၃၊ ၁၃) သတင်းဓာတ်ပုံ- ခိုင်လွင်သန်းမြန်မာဘော်လီဘောအသင်းယှဉ်ပြိုင်နေစဉ်။(ဒီဇင်ဘာ၁၃၊၁၃) သတင်းဓာတ်ပုံ- ခိုင်လွင်သန်း
အမျိုးသားဘက်မှာ မြန်မာက ကမ္ဘောဒီးယားကို ၃ ပွဲပြတ်နဲ့ အနိုင်ရသွားသလို၊ အမျိုးသမီးဘက်မှာလည်း မြန်မာက မလေးရှားကို ၃ ပွဲ ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီကနေ့ ကစားသွားတဲ့ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသားအသင်းရဲ့ လက်ထောက်နည်းပြ ဦးညီညီလွင်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ အခုလိုပြောပါတယ်။

လက်ထောက်နည်းပြ ဦးညီညီလွင်-
" အမျိုးသမီးက မလေးရှားနဲ့ကစားတယ်။ မြန်မာအမျိုးသမီးက 3-0 နဲ့ နိုင်ပါတယ်။ အမျိုးသားက ကမ္ဘောဒီးယားနဲ့ ကစားပါတယ်။ 3-0 နဲ့ပဲ နိုင်ပါတယ်။"

ကိုရန်နိုင်- ဟုတ်ကဲ့။ ဒီနေ့ကစားသွားတဲ့ အနေအထားအပေါ်မှာရော ဦးညီညီလွင် အနေနဲ့ အားရကျေနပ်မှုရှိရဲ့လား။

လက်ထောက်နည်းပြ ဦးညီညီလွင်-
" ဒီနေ့ကစားသွားတာ ကျနော်တို့အသင်းအနေနဲ့  အားရကျေနပ်မှုရှိပါတယ်။ ကစားတာကောင်းပါတယ်။

ကိုရန်နိုင်- မြန်မာဘော်လီဘောအသင်းရဲ့ အလားအလာ ဘယ်လိုရှိပါသလဲ။ ဦးညီညီလွင်တို့ အနေနဲ့ ဒီပွဲမှာ ဘယ်လောက်အထိ မှန်းထားပါသလဲ။

လက်ထောက်နည်းပြ ဦးညီညီလွင်-
"ကျနော်တို့ အမျိုးသမီးအသင်း အနေနဲ့ကတော့ အမြင့်ဆုံး တတိယဆုကိုပဲ မှန်းနိုင်ပါတယ်။ မိန်းကလေးက ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ ဒီအသင်းတွေက ပိုတောင့်တယ် ခင်ဗျ။ တတိယလုပွဲအနေနဲ့က အင်ဒိုနဲ့မြန်မာပဲ တတိယလုရမယ်ဗျ။"

ကိုရန်နိုင်- မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲ ရောက်နိုင်တဲ့အနေအထားမျိုး မရှိဘူးလား။ အမျိုးသမီးဘက်မှာ။

လက်ထောက်နည်းပြ ဦးညီညီလွင်-
"လက်ရည်ကတော့ ကွာတယ်ခင်ဗျ။ မိန်းကလေးအနေနဲ့ ကျနော်တို့ အမြင့်ဆုံးအနေနဲ့ တတိယဆုပဲ မှန်းနိုင်ပါတယ်ခင်ဗျ။"

ကိုရန်နိုင်- အမျိုးသားဘက်မှာရော ဦးညီညီလွင်တို့ ဘယ်လောက်အထိ မှန်းထားပါသလဲ။

လက်ထောက်နည်းပြ ဦးညီညီလွင်-
" အမျိုးသားအနေနဲ့က ဖိုင်နယ်ရောက်အောင်အထိ ကြိုးစားပါတယ်။"

ကိုရန်နိုင်- ဒီနေ့ပြိုင်ရမယ့်အဓိကအသင်းက ဘယ်အသင်းဖြစ်မလဲခင်ဗျ။

လက်ထောက်နည်းပြ ဦးညီညီလွင်-
" ကျနော်တို့ အရှေ့တောင်အာရှမှာ နိုင်ငံတွေအနေနဲ့က အမျိုးသားက ထိုင်းရှိမယ်။ အင်ဒိုနီးရှားရှိမယ်။ ဗီယက်နမ်၊ ကျနော်တို့ မြန်မာရယ်၊ ဒီလေးသင်းကတော့ နှစ်စဉ် ဒါပြိုင်ဖက်တွေပါပဲ။"

မြန်မာအမျိုးသားဘော်လီဘော အသင်းကစားသွားတာနဲ့ ပတ်သက်ပြီး မြန်မာ လက်ရွေးစင် ကစားသမား နဲ့ နည်းပြဟောင်း ဦးစိုးသိန်း သုံးသပ်တာကတော့-

" ဒီနေ့ ကစားသွားတဲ့အနေအထားကတော့ သာမာန်အဆင့်လောက်ပဲပေါ့လေ။ အမှားတော့ နည်းတယ်။ ဒါပေမဲ့လည်း ကမ္ဘောဒီးယားလို အသင်းမျိုးကို အဲ့ဒီ့အတိုင်း လိုက်ကစားတဲ့သဘောမျိုး ဖြစ်တော့ အမှတ်က တအားတော့ မပြတ်ဘူး။ သိပ်တော့ အားမရဘူးပေါ့။ ဒီ့ထက်ပိုပြီးတော့ ပြတ်သင့်တာပေါ့။ ကမ္ဘောဒီးယားကို။"

ဆီးဂိမ်းဘော်လီဘော အမျိုးသားပြိုင်ပွဲမှာ မြန်မာက အုပ်စု A မှာ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ အသင်းတို့ နဲ့ ကစားရမှာဖြစ်ပြီး၊ အုပ်စု B မှာတော့ လာအို၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားတို့ ကစားကြမှာပါ။ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ မှာတော့ အိမ်ရှင်မြန်မာအသင်း အပါအ၀င်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား နဲ့ အင်ဒိုနီးရှား အသင်း ၅ သင်း ၀င်ရောက်ယှဉ်ပြိုင်ပြီးတော့ ၊ ပတ်လည် ကစားကြမှာဖြစ်ပါတယ်။ အဲဒီထဲက အမှတ်အများဆုံး ၂ သင်းက ဗိုလ်လုပွဲကစားကြမှာဖြစ်ပြီး၊ တတိယ နဲ့ စတုတ္ထရတဲ့ ၂ သင်းက တတိယနေရာ ပြန်ကစားကြမှာဖြစ်ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲတွေကို အခုလိုမြန်မာနိုင်ငံမှာ ပြန် ကျင်းပတာကြောင့်၊ မြန်မာနိုင်ငံ မှာ နောက်ဆုံးအကြိမ်ကျင်းပခဲ့တဲ့ ၁၉၆၉ ကျွန်းဆွယ်အားကစားပြိုင်ပွဲတုန်းက အခြေအနေတွေကို ပြန်လည်အမှတ်ရစေခဲ့တယ်လို့လည်း ၆၉ ကျွန်းဆွယ် ရွှေတံဆိပ်ဆုရှင် ဒေါ်ဘေဘီက ပြောပါတယ်။

"အရင်တုန်းက ဘဝ ပြန်ရောက်သွားသလိုပဲ၊ ကစားသမားတွေ ကစားနေတာ ကိုယ် ကိုယ်တိုင် ကစားချင်စိတ်ပေါက် လာတယ်။ အဲ့လိုမျိုးပေါ့။ အားပေးတယ် အော်ဖြစ်တယ်။ လက်ခုပ်တီးတယ်။ အဲ့လိုမျိုး စိတ်တွေက မာန်တက်သွားတာပေါ့။  ပြန်မြင်လာတဲ့အခါကျတော့ အဲ့ဒီ့အသံတွေ၊ ခရာသံတွေ ၊ အားကစားသမားတွေ အော်သံတွေ ကြားတဲ့အခါ ကျတော့ ပြန်သတိရ လာတာပေါ့။ လွန်ခဲ့တဲ့ နှစ် ၄၀ကို ပြန်သတိရလာတာပေါ့။

 ဘောလုံးပြိုင်ပွဲတွေမှာတော့  မလေးရှားက လာအိုကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်သွားသလို၊ စင်ကာပူကလည်း ဘရူနိုင်းအသင်းကို ၂ ဂိုး ဂိုး မရှိ နဲ့ အနိုင်ရသွားပါတယ်။ အမျိုးသမီးဘောလုံးပွဲတွေ ဘက်မှာတော့ ဗီယက်နမ်က ဖိလစ်ပိုင်ကို ၇ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။
ကိုရန်နိုင် (VOA )

Friday, December 13, 2013

သျှမ်းအရှေ့ SNLD ရုံးခွဲဖွင့်ပွဲ ပါတီ ဥက္ကဌကိုယ်တိုင် တက်ရောက် အမှာစကားပြော

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးခွဲများကို ပါတီ ဥက္ကဌကိုယ်တိုင် ဖွင့်လှစ်ရာ ကျားခေါင်းပါတီသည်ကိုယ်ကျိုးကို ရှေ့တန်းမတင်ကြောင်း ပြောကြားခဲ့ပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ရုံးခွဲဖွင့်ပွဲတွင်တွေ့ရသော ပါတီခေါင်းဆောင်များ

တာချီလိတ်မြို့နယ် ကောင်းမွန်းရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်းက ပါတီရုံးခွဲဖွင့်လှစ်ရာ ဥက္ကဌ ခွန်ထွန်းဦး က စစ်မှန်သောပြည်ထောင်စုအကြောင်း၊ တန်းတူညီမျှ အကြောင်းတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်ဟုဖွင့်ပွဲတက် ရောက်သူ ဒေသခံတဦးက ပြောပါသည်။

“စဝ်ခွန်ထွန်းဦးက ကျားခေါင်းပါတီဟာ ကိုယ်ကျိုးအတွက် အလေးထားပြီး စီးပွါးရေးမလုပ်ဘူး။ ကိုယ်ကျိုးအတွက် ရှေ့တန်း မတင်ဘူး လို့ ပြောသွားတယ်” ဟု ဆိုပါသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ရုံးခွဲဖွင့်ပွဲတွင်တွေ့ရသော ပါတီခေါင်းဆောင်များ

ကောင်းမွန်းရွာရုံးဖွင့်ပွဲအပြီး နေ့လည် ၁၁ နာရီတွင် တာလေအုပ်စု နားယောင်းရွာ၌ ရုံးခွဲ ထပ်မံဖွင့်လှစ်ပေးရာ ဒေသတွင်း တိုင်းရင်းသားမျာြး ဖစ်ကြသော အခါ၊ လားဟူများလည်း တက်ရောက်အားပေးကြသည်ဟု တာလေဒေသခံ စိုင်းမွန်း က ပြောသည်။

နားယောင်းရွာရုံး ဖွင့်ပွဲအပြီး ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းဖြတ်သို့ ဆက်လက် ခရီးထွက်ရာ ဒေသခံများက တိုးနယား ကိန္နရာ အကတို့ဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

“မိုင်းဖြတ်ရုံးဖွင့်ပွဲကို မွန်းလွဲ ၂ နာရီလောက်မှာ ပြုလုပ်တယ်။ ဥက္ကဌကြီးက ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း ဒေသခံလူထုကို ရှင်းပြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ က ပြည်ထောင်စု တိုင်းရင်းသား တွေကို အကျိုးမပြုဘူး။ သျှမ်းပြည် ကံကြမ္မာကို သျှမ်းပြည် သားတွေကဘဲ ဖန်တီးမယ်။ သျှမ်းပြည်အစိုးရဟာ သျှမ်းပြည်လူထုက ရွေးကောက်တင်မြောက်တဲ့လူဘဲ ဖြစ်ရမယ်။ စစ်တပ် က ရွေးချယ်အာဏာပေးတဲ့လူကို လက်မခံဘူး- စတာတွေကို မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်” ဟု ကျိုင်းတုံမြို့နယ် RCSS/SSA ရုံးထိုင် ဗိုလ်မှူးဆိုင်လီ က ပြောပါသည်။

မိုင်းဖြတ်တွင်ရုံးဖွင့်လှစ်ပြီးနောက် မိုင်းယောင်းသို့ ရုံးခွဲဖွင့်လှစ်ရန် ဆက်လက်ခရီးထွက်ခဲ့ကြောင်း သိရပါသည်။

သျှမ်းပြည်အရှေ့ပိုင်း ရုံးခွဲများဖွင့်လှစ်ရန် SNLD ဥက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် ၈ ရက်နေ့ မွန်းလွဲပိုင်းကတည်းက တာချီလိတ်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
သျှမ်းသံတော်ဆင့်

ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ ၂၀၁၄ သို့ ရွှေ့ဆိုင်း

ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ်၌ ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများ ညီလာခံကို ၂၀၁၄ ဇန္နဝါရီ လလယ်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိ ရသည်။

“ချင်းမိုင်အစည်းအဝေးတုန်းက NCCT က ‘ဆွေးနွေးရေးမူကြမ်း’ကို ရေးဆွဲပြီး အဖွဲ့တိုင်းကို ပို့ပေး တယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး feedback ပို့လာပေးဖို့ ပြောထားတယ်။ ၁၀ ရက် နေ့အထိအဖွဲ့ တိုင်းရဲ့ feedback ကမရောက်လာသေးဘူး။ ဒါကလည်း ရက်ရွှေ့လိုက်ရတဲ့ အကြောင်း ရင်းတရပ် ဖြစ်တယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း က သျှမ်းသံတော်ဆင့်အား ပြောပါသည်။
လိုင်ဇာတွင်ကျင်းပသော ပထမ အကြိမ်ဆွေးနွေးပွဲ (ဓါတ်ပုံ - KIA)

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ Nationwide Ceasefire Coordination Team (NCCT) က နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပ သည့် အစည်းအဝေး၌ ‘ဆွေးနွေးရေးမူကြမ်း’ ကို ရေးဆွဲခဲ့သည်ဟု ဆို၏။

ကရင်ပြည်နယ် ဘားအံမြို့၌ အစိုးရအဖွဲ့နှင့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး ရန် မတိုင်မှီ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်တီ UPWC နှင့် ဦးစွာညှိနှိုင်း ရဦးမည်ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ဆက်ပြောသည်။

“အခု ဆီးဂိမ်းအားကစားပွဲ ကျင်းပနေတယ်။ ခရစ္စမတ်ပွဲတော် နီးလာသလို နှစ်သစ်လည်း ရောက် တော့မယ်။ အားလုံး အလုပ်ရှုပ်နေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် ညီလာခံဖြစ်မြောက်ရေး ကော် မတီက ၂၀၁၄ ဇန္နဝါရီ လ ၅ ရက်ကနေ ၁၅ ရက်အတွင်းမှာ ကျင်းပမယ်လို့ အကြောင်းကြား လာ တယ်။”

ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံကို ကချင်လွတ်မြောက်ရေး တပ်မ တော် KIA ဌာနချုပ်တည်ရှိရာ ကချင်ပြည် လိုင်ဇာမြို့၌ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့ အထိ ကျင်းပခဲ့သည်။ ဒုတိယအကြိမ် ညီလာခံကို KNU နယ်မြေ၌ ကျင်းပရန်သဘော တူညီခဲ့ကြသည်။ KNU ဘက်မှလည်း ညီလာခံကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ ဌာနချုပ် တည်ရှိရာ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်၌ ကျင်းပရန် စီစဉ်ခဲ့သည်။
သျှမ်းသံတော်ဆင့်

သူရိယနေ၀န်း ဂျာနယ်၏ ရေးသားဖော်ပြနေခြင်းကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် စာနယ်ဇင်း ကောင်စီသို့ ပြန်ကြားရေး ၀န်ကြီးဌာန အကြောင်းကြားစာပေးပို့


သူရိယနေ၀န်း ဂျာနယ်၏ ရေးသားဖော်ပြ နေမှုများကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဟုဆိုကာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ပြန်ကြားရေး ၀န်ကြီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင်လည်း ဖော်ပြထားကြောင်း သိရသည်။
သူရိယနေ၀န်း ဂျာနယ်သည် ခုနစ်စောင် ထွက်ရှိပြီးရာ၌ အဆိုပါ ထွက်ပြီးသမျှ အားလုံးတွင် ပါရှိသည့် အရေးအသားများမှာ သတင်းဂျာနယ် တစ်စောင်၏ အင်္ဂါရပ်နှင့် ညီညွတ်မှု မရှိဘဲ ပုဂ္ဂိုလ်ရေး ထိုးနှက်မှုများနှင့် လက်ရှိ အစိုးရအား ထိခိုက်စေသည့် ရေးသားဖော်ပြ ချက်များကို တွေ့ရှိရကြောင်း၊ အဆိုပါ ဂျာနယ်တွင် ရေးသားဖော်ပြချက်များနှင့် ပတ်သက်၍ စာပေလောက သားများကလည်း ဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်း ကျင့်ဝတ်များနှင့် မညီကြောင်း၊ အ၀ါရောင်စာပေ ဖြစ်ကြောင်း၊ အမုန်းစကားများ ဖြစ်ကြောင်းကို ဂျာနယ်များနှင့် ပြင်ပလောကတွင် ရေးသား ပြောဆိုလာကြသည်ကို တွေ့ရှိရကြောင်း၊ မော်နီတာဂျာနယ်နှင့် အင်တာဗျူးတွင်လည်း သူရိယနေ၀န်းဂျာနယ် စီအီးအို ဦးမိုးဟိန်း ကိုယ်တိုင် ရေးသားမှုများသည် စာနယ်ဇင်း ကျင့်ဝတ်ကို ဘေးဖယ်ထားသည်ဟု ၀န်ခံပြောကြားခဲ့ကြောင်း စသည်ဖြင့် ပြန်ကြားရေး ၀န်ကြီးဌာန၏ ပေးပို့စာတွင် ဖော်ပြထားသည်။
ယင်းအကြောင်းကြားစာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို ဆက်သွယ်မေးမြန်းရာ စာနယ်ဇင်းကောင်စီ အနေဖြင့်မူ မည်သည့်စောဒက တက်မှုမျိုးမဆို အတက်ခံရသည့် ကာယကံရှင် နှစ်ဖက်ကို ညှိနှိုင်းပေးသည့် အလုပ်ကိုလုပ်ကြောင်း၊ ညှိနှိုင်းပေးခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ကြောင်း၊ စောဒကတက်မှုတိုင်းကိုမူ ကာယကံရှင်ကို အကြောင်းမကြားကြောင်း၊ အစည်းအဝေးလုပ်ပြီး အကြောင်းကြားသင့် မကြားသင့် ဆုံးဖြတ်ပြီးမှသာ ဆုံးဖြတ်ကြောင်း၊ စာနယ်ဇင်း ကောင်စီ (ယာယီ) အနေဖြင့် စာနယ်ဇင်း ကျင့်ဝတ်အတွက် ထုတ်ပြန်ထားသည့် အချက် ၁၅ ချက် ရှိသော်လည်း အတိအကျ လိုက်နာရမည်ဟု ဆိုလိုခြင်းမရှိဘဲ မီဒီယာများ၏ ဆုံးဖြတ်မှုနှင့်သာ သက်ဆိုင်ကြောင်း စသည်ဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
''ကျင့်ဝတ်ဆိုတာကတော့ မဖြစ်မနေ လိုက်နာရမယ့်ဟာမျိုး မဟုတ်ဘူးဗျ။ ကာယကံရှင်တွေရဲ့ သက်ဆိုင်ရာ မီဒီယာတွေရဲ့ ခံယူချက်၊ ရပ်တည်ချက်၊ သဘောထား၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်းတွေပေါ် မူတည်ပြီးတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ရတဲ့ကိစ္စပဲ။ ကျင့်ဝတ်ကို မဖြစ်မနေ လိုက်နာရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ဒီလိုကိစ္စမျိုးမှာ ဖိအားသွားပေးလို့ မရဘူး။ ကျွန်တော်တို့ကလည်း ဖိအားပေးလို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒီလိုဖြစ်ရင် ဒီလိုတော့ လာပါတယ်။ ခင်ဗျားတို့ ထိန်းထိန်းသိမ်းသိမ်းလေး ရေးပါသားပါ ဒီလောက်ပဲ မေတ္တာရပ်ခံ လို့ရတယ်။ ကြားဝင်ညှိနှိုင်းမယ်။ ပြီးရင် ကျင့်ဝတ်နဲ့ မညီဘူးလို့ တက်လာတဲ့ ကောင်စီဝင် အားလုံးက ဆုံးဖြတ်ရင် ဒါလေးကျင့်ဝတ်နဲ့ မညီတဲ့ သဘောမျိုးလေး တွေ့ရတယ်။ ဒါကြောင့် တတ်နိုင်သရွေ့တော့ ဒါမျိုး နောက်မဖြစ်အောင် ဆင်ခြင်ပြီးတော့ သတိထားတင်ပြဖို့ မေတ္တာရပ်ခံပါတယ် ဆိုတာမျိုး တိုက်တွန်းတာ၊ မေတ္တာရပ်ခံတာ၊ အကြံပေးတာ ဒါပဲလုပ်ပါတယ်'' ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။
အဆိုပါ အကြောင်းကြားစာအပေါ် သူရိယနေ၀န်း ဂျာနယ်ဘက်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ ထိုသို့ ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ပါက ၎င်းကိုယ်တိုင် သွားရောက် တွေ့ဆုံသွားမည်ဖြစ်ပြီး မည်သျှိုမျှ ပြောစရာ မရှိသေးကြောင်း သူရိယနေ၀န်းဂျာနယ် ထုတ်ဝေသူ ဦးခင်အေးက ပြောကြားသည်။
သူရိယနေ၀န်း ဂျာနယ်သည် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်းသွားပြီးနောက် ချက်ချင်းပြန်လည် ထုတ်ဝေခွင့် ရရှိခဲ့သည့် ဂျာနယ်တစ်စောင် ဖြစ်သည်။ သူရိယအလင်း ဂျာနယ်ပါ ရေးသားဖော်ပြ မှုများကိုလည်း စာနယ်ဇင်း ကျင့်ဝတ်နှင့် ကိုက်ညီမှု မရှိကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) က ထုတ်ပြန်ထားသည်။
Ekeven Media Group

ဂျပန်က မြန်မာကို ယမ်းငွေ ၆၀ ဘီလီယံ ထပ်မံချေးငှားမယ်

 
ဂျပန်-အာဆီယံ ​ညီလာခံအတွင်း ​မြန်မာနိုင်ငံကို ​ဂျပန်နိုင်ငံက ​ဂျပန်ယမ်းငွေ ​ဘီလီယံ ​၆၀ ​ချေးဌားကြောင်း ​ဂျပန်ဝန်ကြီးချုပ်က ​ကြေညာဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ​အခြေခံအဆောက်အဦး ​ဆောက်လုပ်ရေး ​လုပ်ငန်းတွေမှာ ​ကူညီဖို့အတွက် ​ချေးဌားမှာ ​ဖြစ်ပါတယ်။

တိုကျိုမြို့မှာ ​ဒီကနေ့ ​ကျင်းပမယ့် ​ဂျပန်-အာဆီယံ ​ညီလာခံကို ​သမ္မတဦးသိန်းစိန်ကလည်း ​တက်ရောက်မှာဖြစ်ပါတယ်။

 မြန်မာနိုင်ငံရဲ့ ​ကျန်းမာရေးနဲ့ ​ဆေးပညာပိုင်းဆိုင်ရာမှာ ​ကူညီဖို့အတွက် ​ဂျပန်နဲ့ ​မြန်မာအကြား ​နှစ်နိုင်ငံ ​သဘောတူညီမှု ​စာချွန်လွှာ ​လက်မှတ်ရေးထိုးဖို့ ​ရှိပြီး ​လာမယ့် ​တနင်္ဂနွေနေ့လောက်မှာ ​လက်မှတ်ရေးထိုးနိုင်တယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​မေလတုန်းက ​မြန်မာနိုင်ငံကို ​လည်ပတ်ခဲ့တဲ့ ​ဂျပန်ဝန်ကြီးချုပ် ​ရှင်ဇိုအာဘေဟာ ​မြန်မာနိုင်ငံကို ​ဂျပန်ယမ်းငွေ ​ဘီလီယံ ​၉၀ ​ချေးဌားမယ်လို့ ​ကတိပေးခဲ့ပြီး ​ခုတစ်ခါ ​ထပ်မံ ​ချေးဌားလိုက်တဲ့အတွက် ​မြန်မာနိုင်ငံ ​စီးပွားရေးတိုးတက်ဖို့ ​ဂျပန်နိုင်ငံရဲ့ ​ကူညီမှုက ​ယမ်းငွေ ​၁၅၀ ​ဘီလီယံ ​ရှိလာမှာ ​ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံကို ​ခုလို ​မတန်တဆ ​အကူအညီတွေ ​ပေးနေတာဟာ ​မြန်မာစီးပွားရေးမှာ ​တရုတ်ချေဆန့်နေတာကို ​ချိန်ခွင့်သျှာညှိလိုတဲ့အတွက်နဲ့ ​ဂျပန်စီးပွားရေးတွေ ​မြန်မာပြည်ထဲ ​ဝင်နိုင်အောင် ​လုပ်ဆောင်တာလို့ ​သုံးသပ်နေကြပါတယ်။

ဂျပန်နိုင်ငံက ​ချေးဌားတဲ့ ​ငွေကြေးအများစုကို ​ရန်ကုန်မြို့ပြင်ရှိ ​သီလဝါအထူးစီးပွားရေးဇုံ ​စီမံကိန်းအတွက် ​အများဆုံး ​အသုံးပြုမှာဖြစ်ပြီး ​အဲဒီစီးပွားရေးဇုံမှာ ​ဂျပန်နိုင်ငံက ​ရင်းနှီးမြုပ်နှံမှုတွေ ​လုပ်ထားပါတယ်။

မြန်မာနိုင်ငံ ​စီးပွားရေးလုပ်ငန်းတွေအပြင် ​ဆေးရုံတွေတည်ဆောက်ပေးမှာဖြစ်သလို ​မြန်မာနိုင်ငံက ​ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ​သင်တန်းတွေ ​ပေးသွားဖို့ရှိသလို ​စိုက်ပျိုးရေးကဏ္ဍနဲ့ ​တိုင်းရင်းသားအရေးတွေမှာလည်း ​ကူညီလုပ်ဆောင်ဖို့ရှိတယ်လို့ ​ကျိုဒိုးသတင်းအရ ​သိရပါတယ်။

ဂျပန်နိုင်ငံက ​မြန်မာနိုင်ငံအပေါ် ​ထောက်ပံ့ကူညီမှုတွေ ​လုပ်နေသလို ​အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ​လာမယ့် ​ငါးနှစ်အတွင်း ​ဂျပန်ယမ်းငွေ ​ဘီလီယံ ​၃၀၀ ​ကူညီမယ်လို့ ​ကြေညာဖို့ရှိပါတယ်။

အာဆီယံဒေသတွင်း ​သဘာဝကပ်ဆိုးတွေရဲ့ ​ရန်ကို ​ကာကွယ်ထိန်းသိမ်းဖို့အတွက် ​အဓိက ​ကူညီပေးသွားဖို့ ​ဖြစ်ပါတယ်။

ABC Radio Australia

ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ

 
 ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာ ကလေးငယ်များ။
ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်း မှာ ကလေး ကူးသန်းရောင်းဝယ်မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအ၀င် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ဟာ နယ်စပ်ကို အလုပ်အကိုင် ရှာဖွေသူတွေရဲ့ ဝင်ပေါက်ကြီးတခုဖြစ်ပြီး  အလုပ်အကိုင် ရှာဖွေကြသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်သလို ကလေးအလုပ်သမားတွေ အများအပြားရှိတဲ့ ခရိုင်တခုလည်းဖြစ်ပါတယ်။  နယ်စပ်တလျှောက် မွေးကင်းစ ကလေးကစပြီး အသက်မပြည့်သေးတဲ့ကလေးတွေ ရောင်းစားခံရမူတွေ က လစဉ်လတိုင်းဖြစ်ပျက်နေတာပါ။ ကလေးသူငယ်တွေဟာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ တောင်းရမ်းစားသောက်တဲ့ လုပ်ငန်းတွေနဲ့ ကလေး အလုပ်သမားတွေ အဖြစ် ရောင်းစားခံနေရတာတွေ အပါအ၀င် ကလေးတွေခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမူတွေ စတဲ့ အမှုအခင်းတွေဟာ ၃နှစ်အတွင်းမှာ  ကလေးပေါင်း ၇၀၀ ကျော် ရှိတယ်လို့ ကလေးအခွင့်ရေး ကာကွယ် စောင်ရှောက်ရေးကော်မတီ  CPPCR ရဲ့ အထွေထွေအတွင်းရေးမှူး ကိုနိုင်မင်းက ဆိုပါတယ်။

" ကလေးကုန်ကူးခံရမှုက ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုထဲမှာ ပါနေတယ်။ သုံးနှစ်အတွင်း ဒီနှစ် စက်တင်ဘာလအထိပေါ့နော်။ အမှု ၇၁၅ မှုရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ပုံမှန်အားဖြင့် ကျနော်တို့ ပြန်ကြည့်ကြမယ်ဆိုရင် သူတို့အစိုးရဘက်ကရော၊ ကျနော်တို့ CPRS ရောပေါ့။ တိုင်တဲ့အမှုတွေ ပြန်ကြည့်မယ်ဆိုရင် ဒီနှစ်မှာ ပိုတက်လာတယ်ပေါ့နော်။ တချို့က သူတို့ကိုယ် သူတို့ လူကုန်ကူးခံရတယ်ဆိုတာ မသိကြဘူးဖြစ်နေကြတယ်။ အလိမ်ခံရတယ်။ အလိမ်ခံရတယ်ပဲ သုံးတယ်။ အဖွဲ့အစည်းတွေနဲ့တွေ့မှ လူကုန်ကူးခံရတယ်ဆိုတာ သိတယ်။"
ထိုင်းနိုင်ငံ မဲဆောက်နဲ့ဖုတ်ဖရ ဆိုတဲ့ မြို့နယ်တွေဘက်မှာတော့  အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လူကုန်ကူးပြီး ပြည့်တန်ဆာ လုပ်ငန်းတွေရောင်းစားတဲ့ လူကုန်ကူးမှုတွေဖြစ်ပွားနေတာပါ ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲမှာ အသက် မပြည့်သေးတဲ့ မြန်မာ မိန်းကလေးတွေကို ပြည်တန်ဆာတွေအဖြစ် ရောင်းစားသူတွေကို ထိုင်းလူဝင်မူကြီးကြပ်ရေးရဲတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေ ပူးပေါင်းပြီးဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ့ မြန်မာကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။

မဲဆောက်မြို့က လူဝင်မူကြီးကြပ်ရေး အရာရှိကတော့  အလားတူ လူကုန်ကူးမှုတွေကို ၂၀၁၃ ခုနှစ်ထဲမှာ အမူပေါင်း ၇ မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်မပြည့်သေးတဲ့  ကလေးသူငယ်တွေကို လူကုန်ကူးမှုတွေ အဖြစ်များနေတဲ့ မဲဆောက်မြို့မှာတော့ နှစ်စဉ် ဒီဇင်ဘာလ ၁၂ရက်နေ့ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့တိုင်း ရွှေ့ပြောင်း ကလေးစာသင်ကျောင်းတွေမှာ ပညာပေးမှုစီတန်းလမ်းလျောက်မူတွေ လုပ်ခဲ့တာပါ။

ဒီနှစ်မှာတော့ ကလေးကူသန်းရောင်းဝယ်မှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေ စုစည်းထားတဲ့ ဘားမားအက် ဆိုတဲ့အဖွဲ့က  ပညာပေးဟောပြောပွဲတွေ လုပ်နိုင်ခဲ့ပါတယ်၊ ဒီပွဲကိုမဲဆောက်မြို့က မြို့ပိုင်လည်း တက်ရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။

ထိုင်းဘာသာစကားနဲ့ သူပြောသွားတာကတော့ ကလေး ကူးသန်းရောင်းဝယ်မူတွေ ထဲက ကလေး အလုပ်သမားတွေ အဖြစ်ရောင်းစားတာ ကလေးပြည့်တန်ဆာတွေ အဖြစ်ရောင်းစားတဲ့ ပုံသဏ္ဍာန် အမျိုးမျိုးရှိတဲ့အကြောင်းနဲ့ ဒီလိုကလေးတွေကို ရောင်းစားနေတာတွေကို ထိုင်းနိုင်ငံအစိုးရအနေနဲ့ ပြဿနာကို ကြိုးစားဖြေရှင်းနေတဲ့ အကြောင်းကို ပြောဆိုသွားတာပါ။

ထိုင်းနိုင်ငံတွင်းမှာတော့  စက်ရုံအလုပ်ရုံတွေနဲ့ စိုက်ပျိုးရေးခြံတွေထဲမှာ ကလေးအလုပ်သမား အများအပြားရှိပြီး နယ်စပ်မှာတော့ တောင်းရမ်း စားသောက်တဲ့ လုပ်ငန်းတွေထဲမှာ ရောင်းစားခံထားရတဲ့ ကလေးတွေ အများအပြားရှိနေတာပါ ။

ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ အဖြစ်  ၂၀၀၀ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။ အီတလီနိုင်ငံ ပါလာမိုမြို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပါအ၀င် နိုင်ငံများပါဝင်တဲ့ ရာဇ၀တ်မှု တားဆီးရေး သဘောတူစာချုပ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့ နေ့ကို အရှေ့တောင်အာရှနိုင်ငံတွေ က  ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကလေး ကူးသန်းရောင်းဝယ်မူကို ဆန့်ကျင် ကန့်ကွက်သူတွေ နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာတော့ ၂၀၀၉ ခုနှစ်လောက်က စတင်ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ မဲဆောက်မြို့က ကလေးဖွံဖြိုးတိုးတက်မှု စင်တာ (စီဒီစီ) ကျောင်းမှာ ကလေးပေါင်း တစ်ထောင်ကျော်နဲ့အတူ ပညာပေးဆွေးနွေးပွဲနဲ့  ပြဇာတ်သရုပ်ဖော်ပွဲတွေကို လုပ်ဆောင်ခဲ့ပါတယ်။

မအေးအေးမာ (ဗွီအိုအေ)

ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် ကြိုးပေးစီရင်

ကြိုးပေးကွပ်မျက်ခံလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ရုပ်အလောင်း သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ အရေးပေါ်လူနာတင်ယာဉ်ကား ထောင်တွင်းမှ ထွက်လာစဉ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၁၃)။
စစ်ရာဇ၀တ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် တယောက်ကို သူ့ရဲ့ နောက်ဆုံးအချိန် အသနားခံစာကို တရားရုံးချုပ်က ပယ်ချခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ကြာသပတေးနေ့က ကွပ်မျက်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒေသစံတော်ချိန် ၁၀ နာရီ ၁ စက္ကန့်မှာ Abdul Qader Mollah ကို ကြိုးပေးကွပ်မျက်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတွေက အတည်ပြုပါတယ်။

ခုလို ကွပ်မျက်မှုနဲ့ ပတ်သက်လို့ တင်းမာမှုတွေ ရှိနေတာကြောင့် မြို့တော်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့အကြောင်း ဒါကာမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ မစ္စတာ မိုလာ ရဲ့ Jamaat-e-Islami ပါတီက တနင်္ဂနွေနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ လုပ်သွားဖို့ တောင်းဆိုထားကြောင်း အေပီသတင်းကလည်း ဖော်ပြပါတယ်။
၁၉၇၀ ခုနှစ် ပါကစ္စတန်လက်အောက်ကနေ လွတ်လပ်ရေး ရယူခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စစ်ပွဲ ကာလတွေအတွင်း မစ္စတာ မူလန်အနေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး အမိန့်ချမှတ်ထားတာပါ။

သူ့ကို အခုလို ကွပ်မျက်လိုက်တဲ့ အတွက် ရှေ့လထဲ ရွေးကောက်ပွဲတွေ မတိုင်ခင် နိုင်ငံရေး အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားလာမှာကို ဝေဖန်သူတွေက စိုးရိမ်နေကြပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)

မိကျောင်းကန် သပိတ်စခန်း ယာယီ ရပ်ဆိုင်း

၁၇ ရက်ကြာ သပိတ်စခန်းဖွင့်ပြီး အပြင်းအထန် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့တဲ့ မိကျောင်းကန် သပိတ်စခန်းဟာ ဒီကနေ့မှာ ယာယီပိတ်သိမ်းလိုက်ပါတယ်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေ နဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီမြေသိမ်းခံရမှုတွေ ကို လာမယ့် ပြည်ထောင်စု လွှတ်တော်မှာ အထူးအရေးကြီး အဆိုအဖြစ် တင်သွင်းသွားဖို့ ရှိတယ်ဆိုပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ကတိပေးသွားတဲ့ အတွက် ယာယီ သပိတ်စခန်း ပိတ်ပေးတာလို့လည်း ဆန္ဒပြသူတွေ ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်း သတင်းရယူထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

မိကျောင်းကန် အပိုင်း (၁) (၂) (၃) ၊ ဘိုးဘွားပိုင် မြေတွေကို စစ်အစိုးရ လက်ထက်က အတင်းအဓမ္မ သိမ်းယူထားတဲ့တာကို ပြန်လည် ရရှိဖို့ မူလနေထိုင်ခဲ့တဲ့ မြေရှင်တွေ ဆန္ဒပြ တောင်းဆိုတာဟာ ၉ ကြိမ်ထိ ရှိခဲ့ပါပြီ။
ဒါပေမဲ့ ပြေလည်မှု တစ်စုံတစ်ရာ မရ သလို အစိုးရအာဏာပိုင်တွေ ဘက်ကလည်း အသိအမှတ်ပြု ပြီး ဖြေရှင်းမပေးတာကြောင့် ဆန္ဒထုတ်ဖော်မှုတွေ  အရှိန်မြင့်လာတာလို့ လယ်ယာမြေ နဲ့အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က အဖွဲ့ဝင် လည်းဖြစ် တောင်ဥက္ကလာပ မြို့နယ်က ပြည်ခိုင်ဖြိုး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်တဲ့ ဦးအောင်သိန်းလင်း ကပြောပါတယ်။

သူ့အနေနဲ့ အခုမိကျောင်းကန် မြေသိမ်းခံရမှုတွေ ကို ပြီးခဲ့တဲ့ ၈ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးအတွင်းမှာလည်း မေးခွန်းမေးမြန်းခဲ့ပြီး လာမယ့် ၉ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေ အတွင်းမှာလည်း ဒီပြဿနာကို အစိုးရ အနေနဲ့ ပြည်ထောင်စု လွှတ်တော်မှာ လာရောက်ပြီး ဖြေရှင်းဖို့ အဆိုတင်သွင်း တောင်းဆိုသွားမယ်လို့ သူကပြောပါတယ်။

"လွှတ်တော်ထဲမှာ ပြီးခဲ့တဲ့ ၈ ကြိမ်မြောက်မှာ ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျနော် မေးခွန်းမေး ထားတယ်။ နောက် လာမယ့် လွှတ်တော်မှာ ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့မှ   Special Report ပေါ့ အဲဒါရေးပြီးတော့မှ အစိုးရ ကို ပြည်ထောင်စု လွှတ်တော်က တစ်ဆင့် ကျနော်တို့ပေးပို့မယ်။
Special Report မှာ ကျနော်တွေ့ရှိတဲ့သုံးသပ်ချက် အကြံပြုချက် အဲဒါတွေထည့်ပြီး ပို့ပေးမယ်။ အဲဒီတော့ တွေ့ရှိ၊ သုံးသပ်၊ အကြံပြုချက်ပေါ် မူတည်ပြီးတော့မှ အဖြေတစ်ခုထုတ်ပေးဖို့ တော့လိုမှာပေါ့ဗျာ"

မိကျောင်းကန် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အစိုးရရဲ့ ဖြေရှင်းပုံတွေ ကလည်း အဓိကရုဏ်းဖြစ်အောင် ဖြေရှင်းတဲ့ သဘောမျိုးတွေ ထိအောင် အခုတစ်ကြိမ် ဆန္ဒထုတ်ဖော်မှုတွေမှာ မိကျောင်းကန်ပြည်သူတွေ ရင်ဆိုင်ခဲ့ရတယ်လို့လည်း ဦးအောင်သိန်းလင်းက ပြောပါတယ်။

"မိကျောင်းကန် ပြည်သူတွေဘက်ကလည်း မြောင်းကလေးထဲမှာ သူတို့ရဲ့ အုပ်ချုပ်မှု ကိစ္စလေးတွေ ဆောင်ရွက်တာကို ဘုရားဝင်းကို အတင်း သံတံခါးတွေကပ် အတင်းထွန်းဖယ်လုပ် အလကားနေ လူတွေ ထိခိုက်ဒဏ်ရာရနဲ့  တစ်ဖြည်းဖြည်း နှစ်ဦးနှစ်ဘက် တင်းမာလာမယ့် အခြေအနေမျိုး ဖန်တီးသလိုဖြစ်လာတယ်။ နောက်တစ်ခါ ၉ရက်နေ့ ၃ နာရီမှာ အပြီးဖယ်ရှင်းပေးရမယ်ဆိုတဲ့ ညွန်ကြားချက်တစ်ခုလည်း လာကပ်သွားတယ်။ ဆိုတဲ့အခါကျတော့ အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်ပြီးတော့ ဆန္ဒဖော်ထုတ်တဲ့လူတွေအတွက်လည်း ရလာဒ်ဘာမှ မရဘဲနဲ့ အခု ၉ကြိမ်မြောက်ဖြစ်နေတယ်"

အငြင်းပွားဖွယ်ဖြစ်နေသော မြစာရံအေးစေတီကို တပ်မြို့စည်ပင်အဖွဲ့က ခြံဝင်း ကာတာတွေ လုပ်ခဲ့တဲ့အတွက်  ဆန္ဒပြသူတွေ နဲ့ ၂ ဖက် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ရပါတယ်။ ခြံဝင်းခတ် အလုပ်သမားတွေ နဲ့ ဆန္ဒပြသူတွေအကြား နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ခဲ့ အပြီးမှာ ဆန္ဒပြသူများဘက်က အမျိုးသမီး ၅ ဦး ဒဏ်ရာ ရပြီး စံပြဆေးရုံတွင် ဆေးကုသမှု ခံယူနေရတာပါ။

ဒါ့အပြင် သက်ကြီးရွယ်အို အများစု ပါဝင်တဲ့  မိကျောင်းကန် ဆန္ဒထုတ်ဖော်ပွဲမှာ အချို့ အသက်ကြီး ရွယ်အို ၂ ဦး ဟာလည်း  ဆန္ဒထုတ်ဖော်ရင်း သတိလစ်ခဲ့တာကြောင်  အရေးပေါ် အခြေအနေ ဆေးရုံ တင်ဖို့ ခဲ့ရပါသေးတယ်။

မိကျောင်းကန် အပိုင်း (၁) (၂) (၃) ဟာ အစိုးရ ဘက်က စွပ်စွဲပြောဆိုသလို ကျူးကျော်တွေ တကယ်ဟုတ်မဟုတ် စစ်ဆေးဖို့ လိုပြီးတော့ မိကျောင်းကန်  မြေနေရာဟာ အရင်က ရပ်ကွက် တစ်ခု အနေနဲ့ နေထိုင်ခဲ့တာ ဖြစ်တဲ့အတွက် သေချာပြန်ပြီး စိစစ်ပြီး ဆောင်ရွက်ပေးဖို့ အစိုးရမှာတာဝန် ရှိတယ်လို့လည်း ဦးအောင်သိန်းလင်းကပြောပါတယ်။
သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေကတော့ သူတို့ အနေနဲ့ လက်ရှိအချိန်မှာ  သပိတ်စခန်းကို ယာယီ ၃ လ ပိတ်သိမ်းထားမှာဖြစ်ပြီးတော့ လွှတ်တော်က လုပ်ကိုင်ခွင့် အချိန်ရအောင် ဖြစ်တယ်လို့ ပြောပါတယ်။ အရင်က မိကျောင်းကန် ရပ်ကွက် အပိုင်း (၁)၊ အိမ်အမှတ် (၁၇၄) မှာ နေထိုင်ခဲ့တဲ့ မိကျောင်းကန် အရေးတက်ကြွလှုပ်ရှားသူ ဦးစိန်သန်းကတော့ အစိုးရ အနနဲ့ ပြေလည် မှုရအောင် မဖြေရှင်းပေးရင်တော့ ဆန္ဒထုတ်ဖော်မှုတွေ သပိတ်စခန်းဖွင့်တာတွေ ၃ လ ပြီးရင် ပြန်လုပ်မယ်လို့ ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ မိကျောင်းကန် အပိုင်း (၁) (၂) (၃) ပြည်သူတွေ ရှေ့မှာပဲ စာဖတ်ပြပြီးတော့ လူကိုယ်တိုင်လက်မှတ်ရေးထိုးပြီးတော့ စာချုပ်ပြီးတော့ ၁၈၉၄ ခုနှစ်ရဲ့ မြေသိမ်း ဥပဒေ မညီဘဲနဲ့  မိကျောင်းကန် အပိုင်း (၁) (၂) (၃) မြေတွေကို သိမ်းယူသွားခြင်းကိစ္စဟာ တပ်မတော်ကနေ သိမ်းထားတယ်ဆိုတဲ့ အကြောင်းလို့သိရတယ်။

တပ်မတော်နဲ့လည်း သူတို့ညှိနှိုင်းဆွေးနွေးကြမယ်၊ ကြန့်ကြာမှုတွေရှိမယ်ဆိုပြီး ကျနော်တို့ကိုပြောတယ်။ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁) (၂) (၃) ဘိုးဘွားပိုင် မြေတွေကို ပြန်လည်မအပ်နိုင်ဘူးဆိုရင် ဒီ ၃လ အတော အတွင်းမှာ မအပ်နိုင်ဘူးဆိုရင် သပိတ်စခန်းကို ကျနော်တို့ အရှိန် အဟုန်မြှင့်ပြီးတော့ သပိတ်စခန်းကို ဖွင့်ပြီးတော့ ဆက်လက်တောင်းဆို မယ်ဆိုတာ နှစ်ဦးနှစ်ဘက်ပြောဆိုပြီးတော့မှ ကျနော်တို့ သပိတ်စခန်း ကို  ခေတ္တယာယီ ၃လကို ခဏရပ်ဆိုင်းပေးထားပါတယ်။ လွှတ်တော်က အလုပ်လုပ်ဖို့"

၂၀၁၃ ဇူလိုင်လ ၂၃ရက်  တွင် ကျင်းပခဲ့တဲ့  ပြည်ထာင်စု လွှတ်တော်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေ ယာမြေ တွေကို စီမံကိန်း လုပ်ပြီးသား နေရာတွေက လွဲပြီး ကျန် မြေနေရာများ ကို ပြန်ပြီး ပေးမယ် ဆိုပြီးတော့ ကတိပေးခဲ့တာပါ။

စစ်တပ်က သိမ်းဆည်းထားတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ မြေပမာဏ  ဧကဟာ ၂၉၇,၀၀၀ ကျော်ရှိ ပြီး   ၁၆ ပုံတစ်ပုံဖြစ်တဲ့ ဧက ၁၈,၃၀၀ ကျော်ကိုသာ ပြည်သူ့ ထံ ပြန်ပေးမယ်ဆိုပြီးတော့ လည်း ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်အမတ်များရှေ့မှာ တရားဝင်ပြောဆိုခဲ့တာပါ။ 
VOA

၂၀၁၃ ခုနှစ် အထူးခြားဆုံး အာရှတိုက်သားများ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တို့ကို ၂၀၁၃ ခုနှစ်အတွက် အာရှတိုက်ရဲ့ ထူးခြားတဲ့ခေါင်းဆောင်တွေအဖြစ် စင်္ကာပူနိုင်ငံက The Straits Times သတင်းစာကြီးက ရွေးချယ်လိုက်ပါတယ်။ မနှစ်ကမှစတင်ပြီး အာရှတိုက်တလွှား ထူးထူးခြားခြား စွမ်းဆောင်ရည်ရှိသူကို ရွေးချယ်ခဲ့တဲ့ ဒီသတင်းစာက ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ရွေးချယ်ခဲ့သလို ဒီနှစ်မှာတော့ မစ္စတာအာဘေးနဲ့ ရှီတို့ကို ပူးတွဲရွေးချယ်လိုက်တာဖြစ်ပါတယ်။

ဒီခေါင်းဆောင် ၂ ဦးရဲ့ လုပ်ဆောင်မှုတွေဟာ  ဒီကနေ့ခေတ် အာရှတိုက်မှာ အရေးပါနေတာတွေ့ရပြီး ကိုယ့်နိုင်ငံတွင်း စီးပွါးရေး ဖွံ့ဖြိုးအောင်လုပ်တာနဲ့ တချိန်ထဲမှာပဲ ကမ္ဘာ့စီးပွါးရေးကမောက်ကမ မဖြစ်အောင်ကာကွယ်ပေးတဲ့အပြင် အာရှဒေသကြွယ်ဝပြီးငြိမ်းချမ်းမှုရှိအောင်ကျိုးစားကြတာမို့ အခုါလို ရွေးချယ်လိုက်တယ်လို့ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံမှာ ဒုတိအအကြိမ် ဝန်ကြီးချုပ် တာဝန်ကို  စထမ်းဆောင်ချိန်ကစပြီး ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာတွေ့ရပြီး ပြီးခဲ့တဲ့လ ဖိလစ်ပိုင်မှာ ဟိုင်ယန်တိုင်ဖုန်းမုန်တိုင်း ဒဏ်ခံရချိန်မှာ ကြီးမားတဲ့ အကူညီတွေပေးခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ ကူညီနိုင်ဖို့ ကြွေးမြီတွေ လျှော်ပစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်သမ္မတ ရှီကျင်းပင်တရုတ်သမ္မတ ရှီကျင်းပင်
တရုတ်သမ္မတ ရှီကတော့ မနှစ်က သမ္မတရာထူး လက်ခံခဲ့ပြီးတဲ့နောက် မှာ နိုင်ငံတွင်း အဂတိလိုက်စားမှု ပပျောက်အောင် ကြိုးစားခဲ့သလို အာရှတိုက်ဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံတွေအတွက် ထူးထူးခြားခြား ကူညီခဲ့သူဖြစ်ပြီး ပထမဆုံး တရုတ်သမ္မတအနေနဲ့ အင်ဒိုနီးရှားလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့သူလို့ ဆိုပါတယ်။

အာရှဒေသမှာ အရှေ့တရုတ်ပင်လယ်ပြင်ထဲ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးနေတဲ့ ဂျပန်နဲ့တရုတ်နိုင်ငံတွေက ခေါင်းဆောင်၂ ဦးကို ခုလိုပူးတွဲရွေးချယ်လိုက်တာဟာ ဒီ ၂ နိုင်ငံကြား မတူညီမှုတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ သတိပေးလိုက်တာလို့လည်း The Straits Times ရဲ့ နိုင်ငံခြားသတင်းဌာန အယ်ဒီတာက VOA ကိုပြောပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဦးလေး Jang Song Thaek ကွပ်မျက်ခံရ

တရားရုံးတင် ကွပ်မျက်ခံလိုက်ရတဲ့ မြောက် ကိုရီးယား ခေါင်းဆောင် Jang Song Thaek။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အဓိက အကြံပေးတဦးလို့ ယူဆကြတဲ့ သူ့ရဲ့ဦးလေးလည်းတော်စပ်သူ Jang song Thaek ကို မြောက်ကိုရီးယား အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။ Jang ဟာ အထူးစစ်ခုံရုံးမှာ ကြားနာစစ်ဆေးမှု ခံပြီးနောက်၊ ကြာသာပတေးနေ့မှာ သူ့ကို ကွပ်မျက်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် ကိုရီယား ဗဟိုသတင်းအေဂျင်စီက ကြေညာပါတယ်။

Jang ဟာ ပါတီခေါင်းဆောင်မှုနဲ့ နိုင်ငံခေါင်းဆောင်တွေကို ဖြုတ်ချဖို့ ပါတီဆန့်ကျင်ရေး တန်ပြန်တော်လှန်ရေးလုပ်ရပ်တွေကို ကျူးလွန်တဲ့ သစ္စာဖောက်တဦးဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယား သတင်းက ကြေညာသွားပါတယ်။

သူ့ကိုတော့ အဂတိလိုက်စားမှု၊ မိန်းမလိုက်စားမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု အပါအ၀င် ရာဇ၀တ်မှု အတော်များများနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ Jang ဟာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ll ရဲ့ ညီမဖြစ်သူ၊ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဒေါ် Kim Kyong Hui နဲ့ လက်ထပ်ထားသူပါ။
Jang ဟာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ll လက်ထက်တုန်းကလည်း လူမြင်ကွင်း ကနေ နှစ်အတန်ကြာ ပျောက် သွားခဲ့ပါသေးတယ်။အခု မြောက်ကိုရီးယားခေါင်းဆောင်သစ်
အတက် ခေါင်းဆောင်မှုအပြောင်းအလဲကာလမှာ တာဝန်ကြီးကြီးယူပြီး ပြန်ပေါ်လာတာပါ။
 ဗွီအိုအေ (မြန်မာပိုင်း)

Thursday, December 12, 2013

ဆီး​ဂိမ်း​ဖွင့်​ပွဲ ​တ​ရုတ်​အ​ကူ​အ​ညီ​ဖြစ် ​တင်​ဆက်​ခဲ့​ဟု ​အို​လံ​ပစ်​ကော်​မ​တီ​ပြော

 
ဆီး​ဂိမ်း​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​မှာ ​အ​ဓိ​က​အ​သုံး​ပြု​သွား​တဲ့ ​ပေ ၃၅၀ ​ကျော် ​အ​ရွယ်​အ​စား​ရှိ​တဲ့ LED ​ဖန်​သား​ပြင် ​အ​ပါ​အ၀င် ​ရုပ်​ထွက်​နည်း​ပ​ညာ​အား​လုံး​ကို ​တ​ရုတ်​နိုင်​ငံ ​အ​ကူ​အ​ညီ​နဲ့ ​တင်​ဆက်​ခဲ့​တာ​လို့ ​မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​က ​ပြော​ပါ​တယ်။

၂၀၀၈ ​ခု​နှစ် ​ပေ​ကျင်း​အို​လံ​ပစ်​ပွဲ​တော်​နဲ့ ၂၀၁၀ ​အာ​ရှ​အား​က​စား​ပြိုင်​ပွဲ ​ဖွင့်​ပွဲ ​အ​ခမ်း​အ​နား​တွေ​မှာ ​တာဝန်​ယူ ​တင်​ဆက်​ခဲ့​တဲ့ ​တ​ရုတ်​အား​က​စား​ကော်​ပို​ရေး​ရှင်း​က​ပဲ ​သူ​တို့ ​ပ​စည်း​တွေ၊ ​နည်း​ပ​ညာ​တွေ​နဲ့ ​လာ​ရောက်​ကူ​ညီ​တင်​ဆက်​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။

အ​ခု ​ဆီး​ဂိမ်း​ဖွင့်​ပွဲ ​ကျင်း​ပ​ခဲ့​တဲ့ ၀​ဏ္ဏ​သိ​ဒ္ဓိ​ကွင်း​ထဲ​မှာ ၂၀၁၄ ​ခု​နှစ်၊ ​ဇန်​န၀ါ​ရီ ၁၄ ​ရက်​နေ့​မှာ ​အာ​ဆီ​ယံ ​မ​သန်​စွမ်း​အား​က​စား​ပြိုင်​ပွဲ ​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​ကျင်း​ပ​ဖို့ ​ရှိ​ပြီး ​တ​ရုတ်​က ​ဆက်​လက် ​အ​ကူ​အ​ညီ​ပေး​သွား​မှာ ​ဖြစ်​ပါ​တယ်။

ဆီး​ဂိမ်း​ဖွင့်​ပွဲ​နဲ့ ​ပိတ်​ပွဲ​အ​ခမ်း​အ​နား​တွေ​အ​တွက် ​ဘယ်​လောက်​ကျ​ခံ ​သုံး​စွဲ​ထား​သ​လဲ​ဆို​တဲ့ ​အ​မေး​ကို​တော့ ​ပွဲ​ပြီး​မှ ​ပြော​နိုင်​မယ်​လို့ ​ပြော​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ၂၀၁၁​ခု​နှစ် ​အင်​ဒို​နီး​ရှား​ဆီး​ဂိမ်း​မှာ ​အင်​ဒို​အ​စိုး​ရ​က ​အ​မေ​ရိ​ကန်​ဒေါ်​လာ ​သန်း ၃၇၀ ​ကျော် ​ကျ​ခံ​သုံး​စွဲ​ခဲ့​ပြီး ​မြန်​မာ​တာဝန်​ရှိ​သူ​တွေ​က​လည်း ​မြန်​မာ​ဆီး​ဂိမ်း​မှာ ​အင်​ဒို​ဆီး​ဂိမ်း​ထက်​မ​နည်း ​သုံး​ရ​မှာ​ပဲ​လို့ ​အ​စော​ပိုင်း​က ​ထုတ်​ဖော်​ပြော​ကြား​ခဲ့​ဖူး​ပါ​တယ်။

မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​ကို ​ဆီး​ဂိမ်း​ဖွင့်​ပွဲ ​အ​ခမ်း​အ​နား​နဲ့ ​ပတ်​သက်​လို့ ​ဒီ​ဗွီ​ဘီဝိုင်း​တော်​သား ​ကိုေ​ရွှ​အောင်​က ​ဆက်​သွယ် ​မေး​မြန်း​ထား​ပါ​တယ်။

Byေ​ရွှ​အောင် (ဒီဗွီဘီ)

ကျိုက်ထီးရိုး ဘုရားဖူးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်ကြုံ

 
ယခုနှစ် ကျိုက်ထီးရိုး တောင်တက် ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များ ထက်ပင် ပိုမိုများပြားလာသော်လည်း ဘုရားဖူးခရီးသည်တို့မှာ အစစအရာ ရာ ဈေးနှုန်းကြီးမြင့် မှုများကြောင့် စရိတ်ပြတ် သည်အထိ အခက်အခဲများ ကြုံတွေ့ခဲ့ရ ကြောင်း ဘုရားဖူး ခရီးသည်တစ်ဦးက ပြောသည်။

”ဟိုအညာကနေ တကူးတကဘုရား ဖူးလာခဲ့ရတာပါဗျာ။ ပခုက္ကူ-ရန်ကုန် ကားခတစ်သောင်း၊ ရန်ကုန်- ကင်မွန်း စခန်းက ငါးထောင်ပဲပေးရပါတယ်။ ဒီ လောက်မိုင်တွေ အများကြီး မောင်းရတဲ့ ကားခက ဈေးသက်သာပြီး ကျိုက်ထီးရိုး တောင်ပေါ်တက်တဲ့ကားခက နောက်ခန်း ၂၅ဝဝ၊ ရှေ့ခန်း ၃၅ဝဝ ဖြစ်နေတာတော့ ဈေးကြီးလွန်းနေတယ် ဗျာ၊ တောင်ပေါ်မ တက်ခင် တောင်ခြေထမင်းဆိုင်မှာ ည အိပ်တော့လည်း ညအိပ်ခက သီးသန့် ကျပ်တစ်သောင်းပေးရတယ်။ အရင် တုန်းကသူ့ဆိုင်မှာ ထမင်းစားရင် တည်း ခိုခမပေးရဘူး။ အခုတော့ ထမင်းဆိုင် တွေကလည်း တည်းခိုခတောင်းနေ တယ်။ တောင်ပေါ်ရောက်တော့လည်း ဖျာတစ်ချပ် ငှားခငါးရာဗျာ၊ စပေါ်က တစ်ထော င်ပေးရတယ်။ မျက်နှာသစ်တာ၊ အပေါ့အပါးသွားတာကအစ ပိုက်ဆံပေး မှရတယ်။ဗမာလူမျိုးတစ်ယောက်က ဗမာဘုရားသွားဖူးတာ ဘုရားတောင် သွားမဖူးရဲလောက်ေ အာင်ဖြစ်နေတယ် ဗျာ။ ကျွန်တော့်မှာ မြေးတွေ၊ သမီးတွေ ကလေးငယ်တွေပါတော့ ထမင်းဖိုးတောင် မနည်းချန်ပြီး ပြန်ခဲ့ရပါတယ်ဗျာ”ဟု ပြောသည်။

နေဦးမောင်

Popular Myanmar News Journal

ကျိုက်ထီးရိုး ဘုရားဖူးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်ကြုံ

 
ယခုနှစ် ကျိုက်ထီးရိုး တောင်တက် ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များ ထက်ပင် ပိုမိုများပြားလာသော်လည်း ဘုရားဖူးခရီးသည်တို့မှာ အစစအရာ ရာ ဈေးနှုန်းကြီးမြင့် မှုများကြောင့် စရိတ်ပြတ် သည်အထိ အခက်အခဲများ ကြုံတွေ့ခဲ့ရ ကြောင်း ဘုရားဖူး ခရီးသည်တစ်ဦးက ပြောသည်။

”ဟိုအညာကနေ တကူးတကဘုရား ဖူးလာခဲ့ရတာပါဗျာ။ ပခုက္ကူ-ရန်ကုန် ကားခတစ်သောင်း၊ ရန်ကုန်- ကင်မွန်း စခန်းက ငါးထောင်ပဲပေးရပါတယ်။ ဒီ လောက်မိုင်တွေ အများကြီး မောင်းရတဲ့ ကားခက ဈေးသက်သာပြီး ကျိုက်ထီးရိုး တောင်ပေါ်တက်တဲ့ကားခက နောက်ခန်း ၂၅ဝဝ၊ ရှေ့ခန်း ၃၅ဝဝ ဖြစ်နေတာတော့ ဈေးကြီးလွန်းနေတယ် ဗျာ၊ တောင်ပေါ်မ တက်ခင် တောင်ခြေထမင်းဆိုင်မှာ ည အိပ်တော့လည်း ညအိပ်ခက သီးသန့် ကျပ်တစ်သောင်းပေးရတယ်။ အရင် တုန်းကသူ့ဆိုင်မှာ ထမင်းစားရင် တည်း ခိုခမပေးရဘူး။ အခုတော့ ထမင်းဆိုင် တွေကလည်း တည်းခိုခတောင်းနေ တယ်။ တောင်ပေါ်ရောက်တော့လည်း ဖျာတစ်ချပ် ငှားခငါးရာဗျာ၊ စပေါ်က တစ်ထော င်ပေးရတယ်။ မျက်နှာသစ်တာ၊ အပေါ့အပါးသွားတာကအစ ပိုက်ဆံပေး မှရတယ်။ဗမာလူမျိုးတစ်ယောက်က ဗမာဘုရားသွားဖူးတာ ဘုရားတောင် သွားမဖူးရဲလောက်ေ အာင်ဖြစ်နေတယ် ဗျာ။ ကျွန်တော့်မှာ မြေးတွေ၊ သမီးတွေ ကလေးငယ်တွေပါတော့ ထမင်းဖိုးတောင် မနည်းချန်ပြီး ပြန်ခဲ့ရပါတယ်ဗျာ”ဟု ပြောသည်။

နေဦးမောင်

Popular Myanmar News Journal

ကျိုက်ထီးရိုး ဘုရားဖူးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်ကြုံ

 
ယခုနှစ် ကျိုက်ထီးရိုး တောင်တက် ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များ ထက်ပင် ပိုမိုများပြားလာသော်လည်း ဘုရားဖူးခရီးသည်တို့မှာ အစစအရာ ရာ ဈေးနှုန်းကြီးမြင့် မှုများကြောင့် စရိတ်ပြတ် သည်အထိ အခက်အခဲများ ကြုံတွေ့ခဲ့ရ ကြောင်း ဘုရားဖူး ခရီးသည်တစ်ဦးက ပြောသည်။

”ဟိုအညာကနေ တကူးတကဘုရား ဖူးလာခဲ့ရတာပါဗျာ။ ပခုက္ကူ-ရန်ကုန် ကားခတစ်သောင်း၊ ရန်ကုန်- ကင်မွန်း စခန်းက ငါးထောင်ပဲပေးရပါတယ်။ ဒီ လောက်မိုင်တွေ အများကြီး မောင်းရတဲ့ ကားခက ဈေးသက်သာပြီး ကျိုက်ထီးရိုး တောင်ပေါ်တက်တဲ့ကားခက နောက်ခန်း ၂၅ဝဝ၊ ရှေ့ခန်း ၃၅ဝဝ ဖြစ်နေတာတော့ ဈေးကြီးလွန်းနေတယ် ဗျာ၊ တောင်ပေါ်မ တက်ခင် တောင်ခြေထမင်းဆိုင်မှာ ည အိပ်တော့လည်း ညအိပ်ခက သီးသန့် ကျပ်တစ်သောင်းပေးရတယ်။ အရင် တုန်းကသူ့ဆိုင်မှာ ထမင်းစားရင် တည်း ခိုခမပေးရဘူး။ အခုတော့ ထမင်းဆိုင် တွေကလည်း တည်းခိုခတောင်းနေ တယ်။ တောင်ပေါ်ရောက်တော့လည်း ဖျာတစ်ချပ် ငှားခငါးရာဗျာ၊ စပေါ်က တစ်ထော င်ပေးရတယ်။ မျက်နှာသစ်တာ၊ အပေါ့အပါးသွားတာကအစ ပိုက်ဆံပေး မှရတယ်။ဗမာလူမျိုးတစ်ယောက်က ဗမာဘုရားသွားဖူးတာ ဘုရားတောင် သွားမဖူးရဲလောက်ေ အာင်ဖြစ်နေတယ် ဗျာ။ ကျွန်တော့်မှာ မြေးတွေ၊ သမီးတွေ ကလေးငယ်တွေပါတော့ ထမင်းဖိုးတောင် မနည်းချန်ပြီး ပြန်ခဲ့ရပါတယ်ဗျာ”ဟု ပြောသည်။

နေဦးမောင်

Popular Myanmar News Journal

အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည်

 
ရန်ကုန်၊ ဒီဇင်ဘာ ၁၁

အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ကျောင်းထွက်နှုန်းမြင့်သော အလယ်တန်း ပညာရေးကို တားဆီးရန် လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခ ကင်းလွတ်ခွင့်များ၊ ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေးများ တိုးမြှင့် ပေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခင်က အလယ်တန်း ကျောင်းအပ်စဉ်တွင် ကျောင်းလခကြေး၊ မိဘဆရာ အသင်းကြေးနှင့် အားကစား၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေး တို့ကို ကောက်ခံခဲ့ရာမှ လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခကြေး မကောက်ခံဘဲ ကျန်ရန်ပုံငွေ များကိုသာ ကောက်ခံမည် ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ခံငွေများနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို အခမဲ့ ပေးသွားရန်လည်း ရှိကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

အလယ်တန်းအဆင့် ပညာသင် ထောက်ပံ့ကြေးများအတွက် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကူအညီ ယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ လာမည့်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း အဆင့်အတွက် ပညာသင်ဆု ငါးဆုစီ တိုးပေးရန် ရှိကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။
“ပညာရေးဘက်က စီမံကိန်း ဆွဲပြီးပြီ။ ဘတ်ဂျက်ရတဲ့အပေါ် ပြန်ချိတ်ဖို့ပဲ ရှိတော့တာပါ” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက လာမည့် ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ် ဒီဇိုင်းနှင့် စာရွက်သားများကို ပြန်လည် မွမ်းမံထားပြီး ဈေးနှုန်းလည်း ပိုမြင့်သွားနိုင်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရသည်။

အခြေခံပညာ အလယ်တန်း အဆင့်တွင် ပဉ္စမတန်း ကျောင်းလခအတွက် ကျပ်ငါးရာ၊ ဆဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ခြောက်ရာ၊ သတ္တမတန်း ကျောင်းလခအတွက် ခုနစ်ရာ၊ အဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ရှစ်ရာ သတ်မှတ်ထားကြောင်း အခြေခံပညာ စာသင်ကျောင်းများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ထိုင်းစစ်တပ် ဘက်မလိုက်ကြောင်း ပြသ

ထိုင်းစစ်တပ် အကြီးအကဲတွေက တွေ့ဆုံဆွေးနွေးဖို့ ဆူထေ့ပ် သပ်ဆူဗန်ရဲ့ တောင်းဆိုချက်ကို လက်မခံ ပဲ ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါဟာ ထိုင်းစစ်တပ်က ဘက်မလိုက်ကြောင်း ပြသမှု တခုလို့ ပြောကြ ပါတယ်။



ဘန်ကောက်မြို့တော်မှ ဆန္ဒပြသူများ (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

လတ်တလော အခြေအနေမှာ ဆန္ဒပြသူတွေကို ဦးဆောင်နေတဲ့ ဆူထေ့ပ်ကို တွေ့ဆုံဖို့ အချိန် မတန်သေး ဘူးလို့ စစ်တပ်အကြီး အကဲတွေက ပြောဆိုတဲ့အကြောင်း ဒီကနေ့ ထိုင်းသတင်းတွေမှာ ရေးသား ထားပါ တယ်။ 

ဆူထေ့ပ် သပ်ဆူဗန်က ထိုင်းစစ်တပ်မှာ တာဝန်ရှိတဲ့ အကြီးအကဲ Prayuth Chan-ocha နဲ့ တခြား 
ခေါင်းဆောင်တွေကို ယနေ့ တွေ့ဆုံခွင့် တောင်းထားတာလည်း ဖြစ်ပါတယ်။ 

လတ်တလော အခြေအနေကို ကြည့်ပြီးတော့ တောင်းဆိုထားတဲ့ ဆူထေ့ပ်ကို တွေ့ဆုံဖို့ အချိန် မတန်သေး ဘူးလို့ မြင်တယ်၊ စစ် တပ် အနေနဲ့ သီးခံထားရမယ်၊ ဘက်မလိုက်ဘူးလို့ ထိုင်းစစ်တပ်အကြီးအကဲတွေ က ပြောကြားကြောင်း ထိုင်း သတင်းတွေက ရေးကြပါတယ်။ 

ထိုင်းစစ်တပ်မှ အကြီးအကဲတွေက ဆက်လက်ပြီး ဆူထေ့ပ်အနေနဲ့ နိုင်ငံအတွင်းမှာ ရှိတဲ့ အဖွဲ့အစည်း တချို့နဲ့ အရင် ပူးပေါင်းပြီး တော့ ဖြေရှင်းသင့်တယ်လို့လည်း ပြောပါတယ်။ 

ဆန္ဒပြသူတွေ အနေနဲ့ကတော့ ဘန်ကောက်မြို့မှာ အစိုးရ နှုတ်ထွက်သွားတဲ့ အထိ ဆန္ဒပြသွားမယ် လို့ ပြောဆိုထားပြီး ကနေ့အထိ ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ 

အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် စားပွဲဝိုင်းပေါ်မှာ အတိုက်အခံပါတီနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ၀န်ကြီးချုပ် ယင့်လပ်က ပြော ကြားခဲ့ပေမယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မလာပါဘူး။ 

အစိုးရက ထိုင်းလွတ်တော်ကိုလည်း ဖျက်သိမ်းထားပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ကို 
ရွေးကောက် ပွဲ အသစ် ကျင်းပဖို့ ပြန်လည် သတ်မှတ်ထားပါတယ်။ 

ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်က“ရွေးကောက်ပွဲ အသစ် ပြန်လည်ကျင်းပဖို့ သတ်မှတ်လိုက်တာ ဟာ ထိုင်းနိုင်ငံရဲ့ ထွက် ပေါက် တခုဖြစ်တယ်”လို့ ယမန်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့သို့ မထွက်ခွာခင် ပြောကြားခဲ့ပါတယ်။ 

ဆူထေ့ပ်က စစ်တပ်အကြီးအကဲတွေကို တွေ့ဆုံခွင့် တောင်းခံထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုလည်း မစ္စ ယင့်လပ်က ပုဂ္ဂိုလ်ရေး အရ စစ်တပ်ကိုယ်စား ပြောခွင့် မရှိပါဘူး၊ ဒါပေမယ့် စစ်တပ်နဲ့ အစိုးရ တာဝန်ရှိသူ အာလုံး ကိုယ့်တာဝန် ကိုယ်သိကြပါတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ ထုတ်လွှင့်ပြသနေပြီး ဘယ်လို အဆုံးသတ်မလဲကြမလဲဆိုတာ မသိရသေးပါဘူး။ 

ထိုင်းသတင်းတွေအရ လာမည့် ရွေကောက်ပွဲမှာ လက်ရှိ အစိုးရ ဖုယားထိုင်း ပါတီကပဲ ထပ်ပြီးတော့ အနိုင်ရမယ်လို့ ပြောဆိုနေကြပါတယ်။ 

ထိုင်းနိုင်ငံရေး မတည်မငြိမ် ဖြစ်လာတာဟာ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံ ပြန်လာ နိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော် စပ်သူ ထိုင်းဝန်ကြီးချုပ် ယင့်လပ်က လွှတ်တော်ထဲမှာ အတည်ပြုခဲ့ရာကနေ စတင်ခဲ့ တာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ်က အာဏာ အလွဲသုံးစားလုပ်မှုနဲ့ အဂတိ လိုက်စား မှုတွေကြောင့် စွပ်စွဲခံ ရပြီး စစ်တပ်က အာဏာသိမ်းတာ ခံခဲ့ရပါတယ်။ 
သန်းထိုက်ဦး ~ဧရာဝတီ

မြေယာသိမ်းမှုများ အတိတ်၏ အရိပ်မည်းကြီးထိုးနေဆဲလား

 
မြန်မာနိုင်ငံ၏ အဓိကမြို့တော်ဖြစ်သော ရန်ကုန် မြို့၏ အရှေ့တောင်ဘက်ရှိ စံရှားတင်၏ ချိချိ နဲ့နဲ့ ဝါးအိမ်ကလေးက သူ့အိမ်အပါအဝင် ပတ် ဝန်းကျင် ရှိ မြက်ခင်းပြင်ကြီးတစ်ခုလုံးအား ဝါးမျိုတော့မည့် စက်မှုတော်လှန်ရေးကို ထီးထီးကြီး ခြေကုပ်အန်တုနေ သည်။

သူ့မြေကွက်ကလေးအား ပိုက်ဆံပေးယူပြီး သူ့ကို ထွက်ခွာခိုင်းနေသည့် အစိုးရ၏ ကြိုးစားအားထုတ်မှုကို အသက် ၄၁နှစ်အရွယ်ရှိပြီဖြစ်သော သူက ပယ်ချလိုက် သည်။ ဂျပန်ကျောထောက်နောက်ခံပြုထားသော ထုတ် လုပ်ရေးဇုန်ကြီးတစ်ခုအတွက် ပထမအဆင့် လမ်းပွင့်သွား စေရန် အစိုးရက ဆောင်ရွက်နေခြင်းဖြစ်သည်။

''အစိုးရအရာရှိတွေက နည်းလမ်းနှစ်ခုရှိတယ်လို့ ပြောတယ်။ ပထမ နည်းလမ်း က အစိုးရရဲ့ညှိနှိုင်းမှုကိုလက် ခံဖို့နဲ့ နောက်နည်းလမ်းက အဲဒါမဟုတ်ရင် အဖမ်းခံဖို့ပဲ'' ဟု ၁၂ဧကအကျယ်ရှိသော သူ့မြေကွက် ကို ဒေါ်လာ ၈၀၀ ခန့်လျော်ကြေးပေးမည့်အစီအစဉ်ကို သူမက ရယ်မော စရာဟာသအဖြစ် ပြန်လည်သတိရရင်း ပြောပြသည်။

မစံရှားတင်နှင့် အခြားသောဒေသခံအချို့၏အန်တု မှုအပေါ် တစ်ဝက် တစ်ပျက်အရပ်သားအစိုးရနှင့် ယင်း၏ နိုင်ငံတကာ လုပ်ဖော်ကိုင် ဖက်များအနေဖြင့် အဆိုပါအငြင်း ပွားဖွယ်ကိစ္စအား အာဏာရှင် ဆန်သော အတိတ်နှင့် မည် သို့ခြားနားစွာ ကိုင်တွယ်ဖြေရှင်းမည်လဲဆိုခြင်းက အရေး ကြီးသော စမ်းသပ်မှုကြီးတစ်ခုအဖြစ် ပေါ်ထွက်လာနေ သည်။

ပြီးခဲ့သည့်စနေနေ့က နေပြည်တော်နှင့် တိုကျိုမြို့တော် နှစ်ခုမှ အရာရှိများသည် သီလဝါအထူးစီးပွားရေးဇုန်ဟု သိကြသည့် စက်မှုစီမံကိန်းကြီးအား အုတ်မြစ်ချဖို့ စုရုံးခဲ့ ကြသည်။ သူတို့အနေဖြင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ယခင် စစ် အစိုးရများက ပုံမှန်စော်ကားမော်ကား လုပ်ခဲ့ကြသည့် နိုင်ငံသားအခွင့်အရေးနှစ်ခုအကြား မည် ကဲ့သို့ ချိန်ခွင်လျှာညှိလုပ်ဆောင်ကြမည်ဆိုသည့်အပေါ် မေးခွန်းများအထုတ်ခံခဲ့ကြရသည်။

''လူတွေကို စနစ်တကျ နေရာပြန် လည်ချ ထားမှု နဲ့ ပတ်သက်ရင် သီလဝါစီမံကိန်းက မှတ်တိုင်တစ်ခုပဲ''ဟု ထို စီမံကိန်းနှင့်ရင်းနှီးကျွမ်းဝင်နေသည့် ရန်ကုန်အခြေစိုက် ဝေဖန်သုံးသပ်သူတစ်ဦးကပြောသည်။  ''ဒါပေမဲ့ ခက်နေတာက အစိုးရ အနေနဲ့ အစီအစဉ် တကျ အလုပ်တွေ မလုပ်ခဲ့ကြ ဘူး။ အဲဒါကြောင့် ကောလာ ဟလတွေနဲ့ နားလည်မှုလွဲတာတွေအများကြီးဖြစ်နေတယ်'' ဟု သူကဆက်ပြောသည်။

ဟက်တာ ၂၄၀၀ ကျယ်ဝန်းသည့် သီလဝါစီမံကိန်း သည် သမ္မတဦးသိန်းစိန် အစိုးရအတွက် နိုင်ငံတကာစက် မှုဇုန်စီမံကိန်းအတွဲလိုက်တွင် အခရာကျသော စီမံကိန်း တစ်ခုဖြစ်သည်။ အစိုးရက ရာစုနှစ်ဝက်နီးပါး အထီးကျန် အုပ်စိုးမှုနှင့် အနောက် နိုင်ငံများ၏ အပယ်ခံအဆင့် အဆုံး သတ်ရေးအတွက် ကြိုးစားပြီး ရင်းနှီးမတည်မှုများပြုလုပ် နေသည်။ ဂျပန်အစိုးရနှင့် ဘဏ္ဍာအဆောက်အအုံကြီးများဖြစ် သော မစ်ဆူဘီရှီ၊ ဆူမီတိုမိုနှင့် မာရူဘီနီကုမ္ပဏီကြီးများ က ဇုန်နှင့် ဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်  အခြေခံ အဆောက်အအုံချေးငွေ ဒေါ်လာသန်း ၅၀၀ ထည့်သွင်း ထားသည်။ ထိုဇုန်က ကားမှအစ အထည်ချုပ်လုပ်ငန်း အထိ လုပ်ကိုင်မည့်သူများကို ဖိတ်ခေါ်ထားရာ ယင်း အတွက် စိတ်ချ အာမခံ နိုင်သော လျှပ်စစ်၊ ရေနှင့်ပို့ဆောင် ထောက်ပံ့မှုအစီအစဉ်များ ဆောင်ရွက်ရန်ဖြစ်သည်။ ယင်း တို့က မြန်မာနိုင်ငံအနှံ့ ခိျု့ယွင်းအားနည်းလျက်ရှိနေသည်။

အစိုးရအား တိုက်ပွဲဝင်နေသော သီလဝါဒေသခံအခိျု့ ပင် ယင်းစီမံကိန်းကို ကြိုဆိုကြောင်းပြောကြသည်။ စစ်တပ်ကပိုင်သော ခြောက်ကပ်ကပ်နိုင်လှသည့် သွပ်မိုးစက်ရုံ တစ်ရုံသည်သာ လှုပ်ရှားသက်ဝင်နေသော စက်ရုံအခိျု့ ထဲက တစ်ခုဖြစ် နေသော ထိုစိုက်ပျိုးရေး ဒေသ၌ ယခုစီမံ ကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းအတွက် အရင်း အမြစ်နေရာတစ်ခုဖြစ်မည်ဟု သူတို့ကပြောသည်။

''ကျွန်တော်တို့က ဒါကို မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ အစိုးရက လူ့အဖွဲ့အစည်းရဲ့အခွင့်အရေးတွေကို ချိုးဖောက် ခဲ့တယ်'' ဟု အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သော လယ် သမားကြီးလည်းဖြစ် ဒေသခေါင်းဆောင်လည်းဖြစ်သူ ဦးမြလှိုင် ကပြော သည်။

၁၉၉၇ ခုနှစ်တွင် စစ်အစိုးရက တစ်ဧကလျှင် ဒေါ်လာ ၂ဝခန့်နှင့် မြေများသိမ်းလိုက်ခြင်းအပေါ် သဘောမတူကြ သည့်အတွက် ဒေသခံများက ထိုနေရာများတွင် လယ်များ ပြန်စိုက်ခဲ့ကြသည်။ ဟင်းသီးဟင်းရွက်ခင်းများ စိုက်ခဲ့ကြ သည်။ စားကျက် မြေလုပ်ခဲ့ကြသည်။ အပေးအယူလုပ် သည်ဆိုခြင်းမှာ ဒေသခံများအား သူတို့အိမ်နှင့် စိုက်ပျိုးမှု ခြောက်နှစ်စာ ဆုံးရှုံးခဲ့ခြင်းများအပေါ်တွင် လျော်ကြေး ပေးခြင်းသာဖြစ်သည်ဟု အစိုးရက ပြောဆိုနေချိန်တွင် ဒေသခံအခိျု့က ဒီမြေများ ကို သူတို့သည် တရားဝင်အရ ရော၊ စိတ်ဓာတ်ရေးရာအရပါ ပိုင်ဆိုင်သည်ဟုပြောကြ သည်။ ထိုမြေများသည် ယခုအခါ ဒေါ်လာထောင်ချီတန် နေရာ အာဏာရှင်အလွန် အစိုးရခေတ် အိမ်ခြံမြေဈေး စန်းထမှုကို ကျေးဇူးတင်ရမည်။

စီမံကိန်း အကျိုးသက်ရောက်မှုနယ်မြေများအား ပုံနှိပ်ထားသည့် ဂူးဂဲလ်မြေပုံကြီးကို နံရံတွင်ကပ်ထားသည့် အိမ်တစ်အိမ်၌ နိုဝင်ဘာလက အစည်းအဝေးလုပ်ခဲ့ရာ ဒေသခံအခိျု့က အချိန်ကြာမြင့်နေသည့် တောင်းဆိုချက် နှစ်ချက်ကို ချပြခဲ့ သည်။ ပထမအချက်မှာ စစ်တပ်သည် သူတို့အား လျှော့ဈေးအများကြီးဖြင့် အဓမ္မရောင်းခိုင်းခဲ့ ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ၂၀၁၂ မြေယာဥပဒေ အရ အစိုးရက နှစ်ပေါင်း ၁၅နှစ်အတွင်း ဖွံ့ဖြိုးရေးမလုပ် နိုင်လျှင် ထိုမြေများအား သူတို့ဆီ ပြန်ပေးရမည်ဟုဆိုသည်။

သီလဝါလယ်သမား အစုလိုက်အပြုံလိုက်က အစိုးရ သစ်၏ လျော်ကြေးပေးအစီအစဉ်အား သဘောတူခဲ့ကြ သော်လည်း ဒေသဆိုင်ရာအာဏာပိုင်များက ခြိမ်းခြောက် သဖြင့် ခေါင်းညိတ်ခဲ့ကြရပါသည်ဟု အခိျု့ကပြောကြသည်။ ''ခင်ဗျားတို့ လက်မှတ်မထိုးဘူး ဆိုရင် အထက်အဆင့် ကို အစီရင်ခံစာပို့ရလိမ့်မယ်လို့ သူတို့ကပြောတယ်''ဟု အသက် ၃၉နှစ်အရွယ်ရှိ ဦးကျော်ဝင်းက ပြောသည်။လက်မှတ်ထိုးပြီးသား စာရွက်မိတ္တူကို သူ ဘယ်တုန်းကမှ မရခဲ့ဟု သူက ဖြည့်စွက် ပြောသည်။  ''စစ်အာဏာရှင်အောက် ကျွန်တော်တို့က အကြာ ကြီး နေခဲ့ကြရတာ။ အကျင့်ဟောင်းတွေ မပျောက်သေး ဘူး'' ဟု သူကဆက်ပြောသည်။

ထိုနေရာမှ ကီလိုမီတာအနည်းငယ်ခန့်အကွာသို့ နာရီများစွာနောက်ကျပြီး ရောက်သွားသည်။ ထိုနေရာ တွင် ရွှေ့ပြောင်းခံရသောဒေသခံများက ပျဉ်ပြားပုံများ၊ သံဆန်ခါလိပ်များနှင့် စွန့်ပစ်ထားသောဖရဲသီးခွံများကြား တွင်ရပ်နေကြသည်။ သူတို့အိမ်များကို အပြင်းအထန် တည်ဆောက်ပေးနေကြသော ဆောက်လုပ်ရေးလုပ်ငန်း များကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။

အသက်၂၉နှစ်အရွယ်ရှိ မသီတာက သူ့အနေဖြင့် သီးနှံအတွက် လျော်ကြေးဒေါ်လာ ၃၀၀၀ ခန့်နှင့် အိမ် ဆောက်ရန်အတွက် ဒေါ်လာ ၂၅၀၀ ခန့်ရရှိကြောင်း ပြော ပြသည်။ သို့သော် သူ့အနေဖြင့် အစိုးရ၏လျော်ကြေး သို့ မဟုတ် အစိုးရက ဒေသခံများနှင့် တိုင်ပင်ပြောကြားရန် ပျက်ကွက်မှုတို့အပေါ် မကျေနပ်ဟုဆိုသည်။ ထိုသို့ဆို လျှင် သူ့အနေဖြင့် ဘာကြောင့်သဘောတူခဲ့ပါသလဲဟု မေးကြည့်ရာ မသီတာက- ''ကျွန်မတို့ မပြောင်းချင်ဘူးဆိုရင် သူတို့က ဘူဒိုဇာ နဲ့ ထိုးဖျက်ပစ်လိုက်မှာလေ''ဟု ပြောသည်။

သီလဝါစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးဝင်စတန်ဆက်အောင်က ဒေသခံများအား ဆွေးနွေးတိုင် ပင်မှုများ ထပ်ခါထပ်ခါပြုလုပ်ခဲ့ပြီး လျော်ကြေးမှာလည်း မျှတမှုရှိကြောင်း ခိုင်ခိုင်မာမာပြောသည်။ မြန်မာနိုင်ငံမှာ တစ်ခါမျှ မကျင့် သုံးခဲ့ဖူးသော နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီအောင် ပထမဆုံးလုပ်ဆောင်မှုဖြစ်သည့်အတွက် အာဏာပိုင်များအနေဖြင့် အခိျု့သောအမှားများ အခြေ အနေအရ လုပ်ခဲ့ကြသည်ဟု သူကဖြည့်စွက်ပြောသည်။  ''ဒါဟာ ပထမဆုံး အတွေ့ အကြုံပါ။ ခြေလှမ်းတိုင်း မှာ ကျွန်တော်တို့ ပြီးပြည့်စုံတယ်လို့ ကျွန်တော်တို့မပြော နိုင်ပါဘူး''ဟု သူက ဆက်ပြောသည်။

သီလဝါစီမံကိန်းတွင် မြန်မာအစိုးရနှင့် လက်တွဲလုပ် နေသည့် ဂျပန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(ဂျိုက်ကာ) က ယင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်ငြင်းဆန်သည်။ နေပြည်တော်ရှိအစိုးရက ဒေသခံများအား ပြန်လည်နေရာ ချထားရေး ကို စနစ်တကျ ကိုင်တွယ်မည်ဟူသော အာမခံ ချက် တိုကျို(ဂျပန်အစိုးရ)ကလက်ခံရရှိထားကြောင်း ဂျပန် ကုန်သွယ်ရေးအေဂျင်စီ(ဂျက်ထရို) ရန်ကုန်၏မန်းနေဂျင်း ဒါရိုက်တာ မာဆာကီတာကာဟာရာကပြောသည်။

'အငြင်းပွား စရာတွေဖြစ်လာမယ်ဆိုရင် ဂျပန်ပုဂ္ဂ လိကကုမ္ပဏီတွေရဲ့ဂုဏ်သတင်းကို ထိခိုက်သွားလိမ့်မယ်။ အဲဒါကြောင့် ဒါကိုကောင်းကောင်းမွန်မွန် ဖြေရှင်းဆောင် ရွက်လိမ့်မယ်လို့မျှော်လင့်ပါတယ်'ဟု သူကပြောသည်။ မြန်မာအစိုးရသည် အရွှေ့ ပြောင်း ခံပြည်သူများအား ဒေါသအမျက်ခြောင်းခြောင်းထွက်စေခဲ့သည့် ယခင်စစ် အစိုးရ၏အစီအစဉ်များထက် ပိုမိုပြီး တာဝန်သိလုပ်ဆောင် မှုများရှိသည်ဟူသောအချက်ကို အခိျု့က ငြင်းပယ်ကောင်း ငြင်းပယ်နိုင်သည်။ သို့သော် သီလဝါ ကိစ္စ သည် အစိုးရနှင့် ယင်း၏မဟာမိတ်များအတွက် အတိတ်က မြေသိမ်းမှု၊ အကျပ်ကိုင်မှု၊ လှိျု့ဝှက်မှု၊ ပြီးတော့ ယင်းတို့နှင့်ပတ်သက်ပြီး ပြည်သူတွေက တေးမှတ်ထားမှုတို့အပေါ် သတိပေးချက် လည်းဖြစ်သည်။ မြန်မာနိုင်ငံသစ် အတွက် မဟာစီးပွားရေး စီမံကိန်းကြီးများအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေလိမ့်မည်။ သူ့ကို ရွှေ့ပြောင်းစေဖို့ အာဏာပိုင်များက ဖိအား အလွန်အမင်းပေးခဲ့သည်ဟု ခံစားနေရသည့် စံရှားတင် က ယခုလိုပြောလေသည်။

''ကျွန်မကတော့ ဒါကိုမမျှော်လင့်ဘူး။ အပေါ်ပိုင်း က ပြောနေတာတွေနဲ့ အောက်ခြေကလုပ်နေတာတွေက ခြားနားနေတယ်''။

ဒီဇင်ဘာ ၅ရက်ထုတ်  FINANCIAL TIMES မှ Michael Peel  ရေးသားသည့် Memories of Myanmar's past cloud land deals  သုံးသပ်ချက်ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုပါသည်။

ညီလတ် - Yangon Media Group

၁၃၀၀ ပြည့်အရေးတော်ပုံ ၇၅ နှစ်မြောက်ပွဲ ချောက်မြို့မှာ ကျင်းပ

 
ဒီနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအခမ်းအနားကို မကွေးတိုင်းဒေသကြီး ချောက်မြို့မှာကျင်းပခဲ့ပြီး ရေနံမြေသပိတ်ခေါင်းဆောင် အာဠာဝက သခင်ဘိုးလှကြီး ကြေးသွန်းရုပ်တုကို ဖွင့်လှစ်ဂါရ၀ပြုခဲ့ကြပါတယ်။

၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနားအကြောင်းကို ကျင်းပရေးကော်မတီ (ချောက်မြို့) ဥက္ကဌ ဦးညိုဝင်းက RFA ကို အခုလို ပြောပါတယ်။

“မနက် ၇ နာရီမှာ သခင်ဘိုးလှကြီး ကြေးသွန်းရုပ်တုကို ဖွင့်ပွဲကျင်းပပါတယ်ခင်ဗျ၊ ဒီကြေးသွန်းရုပ်တုဟာ ကြေးပိဿာချိန် ၂၁ဝ ရှိပါတယ်ခင်ဗျ”

ဒီနေ့ ချောက်မြို့က အခမ်းအနားကို သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီတွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

အလားတူ ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကို မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေစုပေါင်းပြီး ချောက်မြို့မှာကျင်းပခဲ့သလို ရန်ကုန်မှာလည်း လာမယ့် ဇန်န၀ါရီလထဲမှာ ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

RFA Burmese

ဒုတ္ထာစွန့်ပစ်မြေများ ဖယ်ရှား ပေးရန်နှင့် မြေယာပြန်လည် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြေတိုင်းတာမှုများ စတင်

 
 ကြေးနီစီမံကိန်း စွန့်ပစ်မြေများ သယ်ဆောင်၍ ဒုတ္ထာချက်လုပ်သော လုပ်ငန်းခွင်ကို တွေ့ရစဉ်
 ဓာတ်ပုံ- မျိုးမင်းဦး ။ 7day Daily
ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု၊ ကြေးစင်တောင်၊ စံပယ်တောင်
 ကြေးနီစီမံကိန်းနယ်မြေ၏ အရှေ့ဘက်၊ မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေး လမ်းဘေးဝဲယာ ဒုတ္ထာစွန့်ပစ်မြေများ ဖယ်ရှားရေးနှင့် မြေယာပြန်လည်ထူထောင်ပြုပြင်ရေးဆောင်ရွက်ရန်
ဒီဇင်ဘာ ၈ ရက်မှ စတင်၍ မြေယာတိုင်းတာမှုလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း ဒုန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကပြောသည်။

““လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာပါ အချက်တွေနဲ့အညီ တိုင်းတာနေတာဖြစ်ပါတယ်””ဟု ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

ဒုတ္ထာကွင်းအတွင်း ပိုင်ရှင်အများစုသည် မြေယာလျော်ကြေးရရှိပါကစွန့်ပစ်မြေစာပုံခြင်းကို ခွင့်ပြုလိုသူများလည်းရှိသည်။ အချို့ ဒုတ္ထာကွင်းပိုင်ရှင်များသည် လက်ရှိဒုတ္ထာချက်လုပ်သည့်နေရာတွင် ဆက်လက်လုပ်ကိုင်စားသောက်လိုကြသည်။ ဒုတ္ထာမြေများအား ဖယ်ရှားလိုက်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒုန်းတောကျေးရွာအုပ်စုအတွင်း နေထိုင်သော ဒုတ္ထာကွင်းပိုင်ရှင် ၄၇၂ ဦးက  သက်ဆိုင်ရာသို့ ပြီးခဲ့သည့်အောက်တိုဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုး စာတင်ခဲ့ကြောင်း သတင်းရရှိသည်။

ဒုန်းတောကျေးရွာအုပ်စုအတွင်း ဒုတ္ထာလွှမ်းသည့် မြေဧရိယာ ၁၅၃ ဒသမ ၈၃ ဧက ရှိကြောင်း သိရှိရသည်။

7day Daily

ဒေါ်အောင်ဆန်းစုကြည် ကာတာညီလာခံ မိန့်ခွန်း (ရုပ်/သံ)



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ မြန်မာနိုင်ငံက ကျန်းမာရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြား ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အထဲက တချို့ကို
 RFA ဝိုင်းတော်သား ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြ ထားပါတယ်။

စစ်တွေမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြ


 စစ်တွေမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြ 

ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေတဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) ဟာ မွတ်စလင်တွေကိုသာ ကူညီနေတဲ့အတွက် စစ်တွေမြို့ခံ ၃၀ လောက်ဟာ ဒီကနေ့မနက်ပိုင်းက စစ်တွေဆေးရုံကြီးဝင်းထဲမှာ AZG(MSF) အဖွဲ့ကို အလိုမရှိကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက RFA ကို အခုလိုပြောပါတယ်။

“AZG လုပ်တာမှန်သမျှ ဘင်္ဂါလီတွေပဲ အရေးတယူ ဂရုစိုက်လုပ်ပေးတယ်ပေါ့နော်၊ ကျမတို့ဒေသခံ တိုင်းရင်းသားလူမျိုးတွေကျတော့ သူတို့ရဲ့အရေးစိုက်ခြင်းမခံရဘူး၊ ဒါတွေက နှစ်ပေါင်း ၂ဝ ကျော်နေပြီ၊ ကျမတို့ သက်သေနဲ့ ချပြစရာအကြောင်းတွေ အများကြီးရှိတယ်၊ အဲဒါကြောင့်မို့ ကျမတို့က ကန့်ကွက်တာဖြစ်ပါတယ်”

စစ်တွေမြို့မှာ ရုံးစိုက်နေတဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) က မောင်တောမြို့နယ်က မွတ်စလင်အမျိုးသမီးတစ်ဦးကို စစ်တွေဆေးရုံကြီးကို လာပို့ရာမှာ စစ်တွေမြို့ခံတွေက ဆန္ဒပြခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့ AZG(MSF) ရုံး တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူတို့မှာ ပြန်လည်ပြောဆိုနိုင်ခွင့်မရှိကြောင်း ငြင်းဆိုပါတယ်။

RFA Burmese

မြန်မာနိုင်ကျဉ်းတွေလွှတ် ကင်တားနားကြိုဆို

အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုစိုးမိုးထွန်း နဲ့ မသန္တာ။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၄၄ ဦးကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကြိုဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒီနှစ်ကုန် နောက်ဆုံးထားပြီး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း အရေးကြီးတဲ့ ခြေလှမ်းအဖြစ် ရှေ့ရှု အကောင်အထည် ဖော်နေတာကို မစ္စတာ ကင်တားနားက ချီးကျူးလိုက်ပါတယ်။

သူစတင်တာဝန်ယူခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက နိုင်ငံရေးအမှုနဲ့ အကျဉ်းကျသူ ၁၉၀၀ ကျော် ရှိခဲ့ရာက အခုဆိုရင် ၅၀ အောက်အထိ လျော့ကျသွားကြောင်း၊ ဒါကြောင့် သိသိသာသာ တိုးတက်လာတယ်ဆိုတာကို အသိအမှတ်ပြုဖို့ အရေးကြီးကြောင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား က ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း၊ ဒီကော်မတီအနေနဲ့ လွတ်မြောက်လာသူတွေအပေါ် ဘယ်လို ဆက်ဆံပြုမူသလဲ ဆိုတာကိုပါ အနီးကပ် စောင့်ကြည့်ဖို့ တာဝန်ကို တိုးချဲ့ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ကင်တားနားက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဆီယံနိုင်ငံ အစိုးရတွေပါဝင်မယ့် လူ့အခွင့်အရေးကော်မရှင် စတင် ဖွဲ့စည်းမယ့် အာဆီယံအသင်းကြီးကို အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတော့မယ့် မြန်မာနိုင်ငံဟာ ကတိအတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးနိုင်ခဲ့မယ်၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၈ ကိုလည်း ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ထောက်ပြလိုက်ပါတယ်။ 
 
ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန်အစိုးရအသုံးစရိတ် လွှတ်တော်ညှိနှိုင်းမှုစတင်

အမေရိကန် ဥပဒေပြုလွှတ်တော်အမတ်တွေက အစိုးရဌာနတွေ နောက်တကြိမ်ထပ်ပြီး ပိတ်ပစ်ရမယ့်အရေး ရှောင်လွှဲနိုင်အောင် ဗဟိုအစိုးရရဲ့ ၂၀၁၄ ခုနှစ် အသုံးစရိတ် အစီအစဉ်နဲ့ ပတ်သက်ပြီး အပေးအယူ ညှိနှိုင်းမှုတွေလုပ်ဖို့ စတင် စဉ်းစားနေကြပါပြီ။ ဒါပေမဲ့ အရေးကြီးဆုံး အဓိက ဆုံးဖြတ်ရမယ့် ရေရှည်ဘဏ္ဍာရေးပြဿနာကိုတော့ ထပ်ပြီး ရွှေ့ဆိုင်းထားရပါတယ်။

ဘားဂျက် ရသုံးမှန်းခြေငွေစာရင်းနဲ့ ပတ်သက်ပြီး သတ်မှတ်ရက်မတိုင်မီ နောက်ဆုံးအချိန်ထိ အခြေအတင် ငြင်းခုံရတာတွေ ထပ်မဖြစ်ရအောင် လွှတ်တော်စေ့စပ်ရေးမှူးတွေက အသုံးစရိတ် အစီအစဉ် အသေးစိတ်ကို ပါတီကြီး ၂ ရပ်စလုံးကို ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ကြပါတယ်။

လွှတ်တော်မှာ ဘားဂျက်အရေး မပြေလည်ခဲ့တာကြောင့် အောက်တိုဘာလအတွင်းက ၁၆ ရက်ကြာ အစိုးရဌာနတချို့ ပိတ်ထားခဲ့ရပါတယ်။ နောက်ဆုံး ယာယီပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့ပေမဲ့ လာမယ့် ဇန်န၀ါရီလ ၁၅ ရက်နေ့အထိပဲ အစိုးရအသုံးစရိတ် ခွင့်ပြုထားတာဖြစ်ပါတယ်။

အခု လွှတ်တော်စေ့စပ်ရေးမှူးတွေ အဆိုပြုချက်အရ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်မှာ ဗဟိုအစိုးရ အသုံးစရိတ်ဟာ တနှစ်ကို ၁ ထရီလီယံ ဒေါ်လာကျော်ကျော် ခွင့်ပြုနိုင်ပါတယ်။ ဒီဘားဂျက်ဟာ လွှတ်တော်က လာမယ့် ၂ နှစ်အတွင်း နဂိုက ခွင့်ပြုထားတာထက်ပိုပေမဲ့၊ ၁၀ နှစ်အတွင်းမှာတော့ တချို့ ဖြတ်တောက်ပစ်ဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။ ဒီရသုံးမှန်းခြေ အဆိုပြုချက်ကို လွှတ်တော်မှာ လာမယ့်ရက်တွေအတွင်း မဲခွဲကြဖို့ ရှိပါတယ်။ 
 
ဗွီအိုအေ (မြန်မာပိုင်း)

ယူကရိန်းဆန္ဒပြမှု ရဲလုံခြုံရေးတပ်တွေ ရုပ်သိမ်း

 
ဗွီအိုအေ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံမှာ ဥရောပသမဂ္ဂကို လိုလားတဲ့ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းထိန်းရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီးနောက် Kyiv မြို့လယ် ရင်ပြင်ရှိ ဆန္ဒပြစခန်းတခုကို ၀ိုင်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုပ်သိမ်းပေးလိုက်ပါတယ်။

Kyiv မြို့ လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေရဲ့ ယာယီတဲတန်းကို လုံခြုံရေးတွေက ၀င်စီးပြီး ဖြိုချခဲ့ပြီး နာရီအတန်ကြာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မြို့တော်ခန်းမထဲမှာ နှစ်ဘက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။

ယူကရိန်းသမ္မတ Viktor Yanukovych က ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတာတွေ မလုပ်တော့ပါဘူးလို့ ကတိပေးလိုက်ပြီး အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။

အတိုက်အခံဘက်ကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်ခဲ့တဲ့ လုံခြုံရေးရဲတွေကို အပြစ်ပေးပြီး၊ ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေကို လွှတ်ပေးရမယ်၊ သမ္မတအနေနဲ့ သူ့အစိုးရကို ဖျက်သိမ်းပေးရမယ်၊ ဒါတွေကို လက်တွေ့ အကောင်အထည် မဖော်မချင်း ဘယ်လို စေ့စပ်ဆွေးနွေးမှုမျိုးကိုမဆို မစဉ်းစားဘူးလို့ ထပ်ခါတလဲလဲ ပြောထားပြီးဖြစ်ပါတယ်။
မစ္စတာ Yanukovych ဟာ ယူကရိန်း အကြပ်အတည်း အဖြေရှာဖို့ Kyiv မြို့ကို ရောက်ရှိခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland နဲ့ရော EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ Catherine Ashton နဲ့ပါ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း အတိုက်အခံနဲ့ ဆွေးနွေးမယ်လို့ ကမ်းလှမ်းလိုက်တာပါ။

လက်ထောက်ဝန်ကြီး Victoria Nuland ဟာ Kyiv မြို့ လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ရဲတွေက အင်အားသုံးနှိမ်နင်းတာနဲ့ ပတ်သက်လို့ သမ္မတ Yanukovych ကို တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။
VOA

Facebook ပါ် ရောက်လာတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန

ပုပြင်ပြောင်းလဲရေး ခေတ်ကြီးမှာ E-Government ဖော်ဆောင်ရေးတွေနဲ့ ဝန်ကြီးဌာနတွေလည်း အွန်လိုင်းတွေပေါ် တဖြည်းဖြည်း ရောက်လာနေရာက အခု နောက်ဆုံး ပြည်ထဲရေး ဝန်ကြီးဌာန လည်း ဖေ့စ်ဘုတ်စာမျက်နှာပေါ် ရောက်လာပါပြီ။ 




ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မနေ့ကမှ ဖေ့စ်ဘုတ်စာမျက်နှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး " ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာန(ပထရ)၏ စာမျက်နှာဖြစ်သည်။" လို့ ဖော်ပြကာ 
နေပြည်တော် က ဖွင့်လှစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ 

ပြည်ထဲရေး ဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာကို လတ်တလော Like လုပ်ထားသူ ၂ဝဝ နီးပါးပဲ ရှိပါသေး တယ်။  


ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လှုပ်ရှားမှုတွေကို တင်ထားတာ မရှိပေမယ့် အင်္ဂလိပ်ဘာသာနဲ့ ဝန်ကြီးဌာနရဲ့ မူဝါဒါတွေ၊ ကဏ္ဍတွေကို ရေးသားထားပါသေးတယ်။ 

 

MINISTRY OF HOME AFFAIRS

Ministry of Home Affairs Policy
In order to establish a peaceful modern developed nation, Ministry of Home Affairs is undertaking in accordance with the following prescribed objectives; using primary health care approach.
to Security of the State
to Maintenance of law and Order
to Preservation of community Peace and Tranquility
to Strive for the interest of the people Organizations

Departments under Ministry of Home Affairs
1. Myanmar Police Force
2. General Administration Department
3. Prisons Department
4. Bureau of Special Investigation

Organizations under Ministry of Home Affairs
The following Organizations are formed to implement the tasks effectively and successfully;
1. National Intelligence Bureau
2. Central Committee for Home Affairs
3. Central Committee for Drug Abuse Control
4. Myanmar Passport issuing Board
5. Visa Issuing Board
6. Central Registration Board for Printer and Publishers
7. Committee for Restriction of Transfer Immovable Property
8. Preliminary Scrutiny Committee for Awarding Titles and Medals
9. Board of Product using prison Labors Objectives



အိမ့်သံစဉ် ~ဧရာဝတီ

Wednesday, December 11, 2013

ဖောင်ကြီး သင်တန်း လုံးဝ ဖျက်သိမ်းသင့်ဟု ပညာရေးအသိုင်းအ၀ိုင်းမှ ဆရာတချို့ဝေဖန်

 
ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။
 နှစ်ပေါင်း ၅ဝခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည့် စစ်အာဏာရှင်များ၏ မူဝါဒများကို ရိုက်သွင်းပေးသော ဗဟိုဝန် ထမ်းတက္ကသိုလ် (ဖောင်ကြီးသင် တန်း)အား လုံးဝဖျက်သိမ်းသင့် နေပြီဟု ပညာရေးအသိုင်းအဝိုင်း မှ ဆရာတချို့က ဝေဖန်ပြော ကြားလိုက်သည်။

လက်ရှိဗဟိုဝန်ထမ်းတက္က သိုလ်၏ သင်ရိုးညွှန်းတမ်းများမှာ ယနေ့ခေတ် အချိန်အခါနှင့် ညီ ညွတ်မှုမရှိတော့သဖြင့် ပြုပြင် ပြောင်းလဲရန် စီစဉ်လျက် ရှိသော် လည်း ယင်းတက္ကသိုလ်ကို တက် ရောက်ဖူးသည့် ပညာရေးဝန်ကြီး ဌာနမှဆရာများကမူ ယင်းသို့ပြန် လည်ပြုပြင်မည့်အစား လုံးဝဖျက် သိမ်းသင့်ကြောင်း၊ ယင်းတက္ကသိုလ် မှာ နိုင်ငံတော်၏ဘဏ္ဍာငွေများ အလဟဿဖြစ်နေသည့်နေရာ ဖြစ်ကြောင်း သိရသည်။

''ဒီသင်တန်းက သူတို့ ကောင်းကြောင်းတွေပဲ ပြောတဲ့ နေရာပါ။ ဆရာ တက်တုန်းက တော့ စိတ်မဝင်စားလို့ သင်နေရင် အပြင်ပဲထွက်နေတာ။ သင်ရိုးတွေ ပြန်ပြောင်းမယ်ဆိုရင်လဲ နောင် တက်လာမယ့်အ စိုးရတွေ ကောင်း ကြောင်းတွေ ပဲပါနေဦးမှာ။ တကယ် တမ်းက အဲ့ဒီလို သင်တန်းတွေအ စား ဆရာတွေအတွက် လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးတည့်တဲ့သင် တန်းတွေစီစဉ်ပေးရင် ပိုကောင်း ပါတယ်။ အဲ့ဒီသင်တန်းတက်ရင် တစ်လဆိုရင် အနည်းဆုံး ငွေတစ် သိန်းကတော့ ကုန်ပြီးသားပဲ။ အဲ့ ဒီနေရာက ဝန်ထမ်းအကျိုးဖြစ် ထွန်းတာထက် နိုင်ငံ့ဘဏ္ဍာဆုံး ရှုံးတဲ့နေရာဖြစ်နေတယ်''ဟု အ ရှေ့ပိုင်းတက္ကသိုလ် သမိုင်းဌာန မှ ဆရာတစ်ဦးက ပြောသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများ ကို ပြုပြင် ပြောင်းလဲမည် ဆိုပါက လက်ရှိ ယင်းတက္ကသိုလ်တွင် သင်ကြားပေး နေသည့်သူများ၏ ဆန္ဒသဘော ထားများကိုပါ အကြံဉာဏ်ရယူ သင့်ကြောင်း၊ တက်ရောက် ရမည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ၏ သင်ယူလိုသည့် အကြောင်း အရာများကို ထည့်သွင်းပေးစေ ချင်ကြောင်း တက္ကသိုလ်ဆရာ တချို့က ဆိုသည်။

ဒဂုံတက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှ လက်ထောက်ကထိက တစ်ဦးက ''ပြင်မယ်ဆိုရင် တကယ် လုပ်နေတဲ့သူတွေ မေးဖို့လိုတယ်။ ကျွန်တော် တို့နိုင်ငံ မှာ ဖြစ်နေတာ က အစိုးရဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်း ကိုရောထား တာပဲ။ ကျောင်းဆရာ နဲ့ ဆရာဝန်ဆိုတာက အစိုးရဝန် ထမ်းမဟုတ်ဘူး။ နိုင်ငံ့ဝန်ထမ်းပါ။ ပြည်သူစာမတတ်ရင် ကျွန်တော် တို့ တာဝန်၊ ပြည်သူ မကျန်းမာ ရင် ဆရာဝန်တာဝန်ပဲ။ ဘယ်သူ တွေရဲ့ ဩဇာလွှမ်းမိုးမှုမှမခံစေ ရဘူး။ ဒီအတွက် ဖောင်ကြီးသင် တန်းဆိုတာမျိုးလဲ မလိုအပ် ဘူး။ ပြည် သူတွေ အတွက် ကောင်းကျိုး ဖြစ်အောင်လုပ်ပေးဖို့ ဝန်ထမ်း စွမ်းဆောင် ရည် မြှင့်တင်ပေးတဲ့ သင်တန်းမျိုးတွေပဲ လိုအပ်တယ်။ အခုက ဖောင်ကြီး မတက်ရင် ဝန် ထမ်းမဖြစ်ဘူးဆိုတဲ့ သတ်မှတ်ချက် ကြီးကရှိနေတယ်။ မတက်ချင်လဲ တက်ကြရတာပဲ''ဟုပြောသည်။

အောင်သက်ကို - Yangon Media Group

မောင်တောနယ်စပ် ညမထွက်ရအမိန့် (၁၀) ကြိမ်မြောက် ဆက်လက်ထုတ်ပြန်

 
 ပဋိပက္ခစတင်ဖြစ်ပွားခဲ့ရာ မောင်တောမြို့
ပြီးခဲ့သည့်နှစ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၁၀ ကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၈ ရက်က ဆက်လက်ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

““ဒီနှစ် ဒီဇင်ဘာ ၈ ရက်ဆိုရင် မောင်တောနယ်စပ်မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ တစ်နှစ်နဲ့ ခြောက်လ ရှိသွားပါပြီ။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကြောင့် အရင်တုန်းက မြို့ပေါ်မှာ လုံခြုံရေးတာဝန်ယူထားသူတွေနဲ့ ဒေသခံ တိုင်းရင်းသားလူငယ်တွေအကြား အချိန်လွန်သွားလာနေတဲ့ကိစ္စနဲ့ အခင်းဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒေသအခြေအနေအရ ညမထွက်ရအမိန့် ဆက်မထုတ်လို့မဖြစ် ဖြစ်နေပါတယ်””ဟု မြို့ခံတစ်ဦးက ပြောသည်။

ယခု ဆက်လက်ထုတ်ပြန်သည့် မောင်တောနယ်စပ် ညမထွက်ရအမိန့်မှာ ယခင်အတိုင်း ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ညမထွက်ရအမိန့်ကိုလည်း ယခင်အတိုင်း ဆက်လက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားခဲ့ရာ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်တတ်သည့် မြောက်ဦးမြို့ နယ်တွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

7day Daily

နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်လွတ်မြောက်

 ဒီကနေ့ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုစိုးမိုးထွန်းနဲ့ မသန္တာ။
 ဒီကနေ့ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုစိုးမိုးထွန်းနဲ့ မသန္တာ။
1.12.2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်လိုက်တဲ့နေ့မှာပဲ မြန်မာနိုင်ငံအကျဉ်းထောင်တွေမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ထပ်မံ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကတော့  အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၀ ကျော်လောက် ထပ်မံ ကျန်ရှိနေသလို၊ နိုင်ငံရေးပုဒ်မနဲ့ ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၂၀၀ ကျော်လောက်လည်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့လွတ်မြောက်ရေးကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ-မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ခဲ့ပါတယ်။

ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အင်းစိန်၊ သာယာဝတီ၊ မန္တလေး၊ ပုသိမ်၊ ပဲခူး၊ သထုံ၊ ကော့သောင်း၊ မြစ်ကြီးနား၊ ဘူးသီးတောင်နဲ့ တောင်ငူ စတဲ့ ထောင်တွေက ဖြစ်ပါတယ်။ ဒီလို လွတ်မြောက်လာသူတွေဟာ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက တင်ပြထားတဲ့သူ ၄၁ ယောက် ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးသက်ဦးက ပြောပါတယ်။

“ကျနော်တို့ စာရင်းအရက ၄၁ ယောက်၊ စုစုပေါင်း ၄၄ ယောက်လွတ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ ၃ ယောက်ဟာက ကျနော်တို့ စာရင်းမရသေးဘူး။ ဥပမာ-ဘယ်ထောင်က လွတ်တယ်၊ နာမည်ဘယ်သူလဲ အဲ့ဒီဥစ္စာ စာရင်းမရသေးဘူး။ အများစုကတော့ ပုဒ်မ ၁၈ အဲ့ဒီဥစ္စာ အများစုပဲ။”

ဒီကနေ့ အင်းစိန်ထောင်က လွတ်မြောက်လာသူတွေထဲမှာ လက်ပန်းတောင်းတောင် သပိတ်စခန်းကို အင်အားသုံး ဖြိုခွင်းတာကို ကန့်ကွက်ဆန္ဒပြခဲ့ပြီး၊ ပုဒ်မ ၁၈ နဲ့ ထောင်တစ်လ ချမှတ်ခံရတဲ့ ကိုဒီငြိမ်းလင်းလည်း ပါဝင်ပါတယ်။ သူ့ကို ထောင်က လွှတ်ပေးတဲ့အပေါ်မှာ ကိုဒီငြိမ်းလင်းက အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ကိုဗျာ တရားဥပဒေမဲ့ ဖမ်းဆီးပြီး အမိန့်ချ ထောင်ချလိုက်တယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာကြီးက နိုင်ငံတော်သမ္မတရဲ့ ဒီနှစ်ကုန် နိုင်ငံရေးအကျဉ်းသား အကုန်ပြန်လွတ်ရမယ်ဆိုတဲ့မူကို မဖြစ်မနေ အကောင်အထည်ဖော်တယ်လို့ ကျနော်တို့ ခံစားမိပါတယ်။ ကျနော်တို့ကို ဒီအချိန်မှာ ပြန်လွှတ်ပေးတယ်ဆိုတာက နိုင်ငံရေးသမားတွေကို သူတို့တွေက နိုင်ငံရေးကစားကွက်အနေနဲ့ အပေးအယူတခုအနေနဲ့ ကစားနေတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ ကစားကွက်တခုအနေနဲ့ နိုင်ငံတကာမှာ ပြလို့ကောင်းလို့ လုပ်ဆောင်လိုက်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”

ကိုဒီငြိမ်းလင်းနဲ့ အမှုတွဲတူသူ ၆ ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ် ချမှတ်ခဲ့တာကြောင့် နောက်တပတ်ဆိုရင် ပြန်လည်လွတ်မြောက်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်က လတ်တလော စိစစ်ထားတဲ့ စာရင်းအရဆိုရင် အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်လောက် ကျန်ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

“လက်ရှိ အကျဉ်းထောင်ထဲမှာ ကျန်နေတာက ၄၄ ဦး ကျန်နေပါသေးတယ်။ ဒါက ထောင်ကျပြီးသားပေါ့။ အမှုရင်ဆိုင်နေရတာတွေလည်း ရှိနေပါသေးတယ်။ ရဲမင်းဦးတို့လိုမျိုး ဥပမာ အင်းစိန်ထောင်ထဲမှာ အမှုရင်ဆိုင်နေရတာတွေရှိတယ်။ ဒေါ်မြင့်မြင့်အေးတို့လို မိတ္ထီလာဘက်မှာ အသင်းအဖွဲ့ပုဒ်မ ၆ နဲ့ အမှုရင်ဆိုင်နေရတာတွေ ရှိပါတယ်။ ပြီးတော့ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရတာတွေကလည်း ၂၀၀ လောက်ရှိပါတယ်။”

လက်ရှိ စိစစ်ထားတဲ့စာရင်းအပြင် ထပ်မံ ကျန်ရှိနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် စိစစ်သွားမယ့် အစီအစဉ်ကို ဦးဘိုကြည်က အခုလို ပြောပါတယ်။

“တကယ်လို့ မိမိရဲ့ မိသားစုဝင်တယောက်ယောက်က နိုင်ငံရေးအရ ထိန်းသိမ်းခံထားရတယ်၊ ဖမ်းဆီးခံထားရတယ် ဆိုတာမျိုးကို အချက်အလက် အထောက်အထား ခိုင်ခိုင်မာမာနဲ့ သမ္မတရုံးကိုပဲဖြစ်ဖြစ်၊ ၈၈ ရုံးကိုပဲဖြစ်ဖြစ်၊ ကျနော်တို့ ဒီ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ ရုံးကိုပဲဖြစ်ဖြစ် ကျနော်တို့ ဒီ ထိုင်းနိုင်ငံမှာဆိုရင်လည်း AAPP ကိုပဲဖြစ်ဖြစ် ဆက်သွယ်ပြီးတော့ အကြောင်းကြားကြဖို့၊ အဲ့ဒီလိုအကြောင်းကြားလာတယ်၊ အချက်အလက် ခိုင်ခိုင်မာမာ ဖြစ်တယ်ဆိုရင် ကျနော်တို့ စိစစ်သွားမှာပါ။ အဲ့လို ကြေညာချက်မျိုးတွေ ထုတ်ဖို့ကိုလည်း အစိုးရဘက်ကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ သတင်းစာတွေထဲမှာ ထည့်ပြီး ကြေညာဖို့ကိုလည်း သဘောတူထားပြီ ဖြစ်ပါတယ်။”


လောလောဆယ် နိုင်ငံရေးပုဒ်မနဲ့ အမှုရင်ဆိုင်နေရတဲ့ အမှုပေါင်း ၂၀၀ အတွက်လည်း ဆောင်ရွက်နေဆဲရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဖို့ဆိုရင် အစိုးရနဲ့ လွှတ်တော်ကပါ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုမယ်လို့ ဦးဘိုကြည်က သုံးသပ်ပါတယ်။

“ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသား ၁ ယောက်လောက် ကျန်နေတယ်ဆိုရင်တောင်မှ ဒီ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ယောက် လွတ်မြောက်လာဖို့အတွက်ကို ဆက်ပြီးတော့ လုပ်ဆောင်နေကြရမှာပါ။ အဲ့လိုဒီ တခြား နိုင်ငံရေးအကျဉ်းသားများအဖွဲ့တွေ၊ နောက် ဒီ တခြားနိုင်ငံရေးပါတီအဖွဲ့အစည်း အသီးသီးတွေကလည်း ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်ကို ပူးပေါင်းပါဝင်လုပ်သွားဖို့ လိုပါတယ်။ အဲ့ဒီလိုပဲ လွှတ်တော်ဘက်ကရော၊ အစိုးရဘက်ကရော ပူးပေါင်းပါဝင် ဆောင်ရွက်သွားဖို့ လိုပါတယ်။ အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားပြဿနာက တိုင်းပြည်ရဲ့ပြဿနာဖြစ်ပါတယ်။ အဲ့ဒီအတွက် အကုန်လုံးက ပူးပေါင်းဖြေရှင်းမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ကုန်မသွားစရာအကြောင်း ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် တချို့ဌာနဆိုင်ရာတွေက ပူးပေါင်းဆောင်ရွက်မှု အပြည့် မရှိဘူးဆိုရင်တော့ ဒီပြဿနာက ပြီးဆုံးသွားမှာ မဟုတ်ဘဲနဲ့ ၂၀၁၄ ထဲကို ကူးသွားမှာပါ။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကတော့ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို အကျဉ်းထောင် ၁၈ ခုကနေ လွှတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့စာရင်းအရဆိုရင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၁၄ ကြိမ် လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၁၄၁ လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။ 
ကိုမိုးဇော် (VOA )

SEA Games အားကစားပွဲ စတင်ဖွင့်လှစ်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်မှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။ အဲဒီ SEA Games ဖွင့်ပွဲကို ဗွီအိုအေ၀ိုင်းတော်သား ဦးရော်နီညိမ်းလည်း သတင်းယူဖို့ ရောက်ရှိနေတာမို့ ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။          ။ ဦးရော်နီညိမ်းခင်ဗျာ နှစ်ပေါင်း ဆယ်စုနှစ်နဲ့ကြာပြီးမှ မြန်မာနိုင်ငံမှာ အခုလို SEA Games ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်တာဆိုတော့ မြန်မာပရိတ်သတ်တွေရဲ့ အနေအထား ဘယ်လိုရှိပါသလဲခင်ဗျ။
ဖြေ။           ။ “ကျနော်တို့ ပရိသတ်ကတော့ ကျနော်ကတော့ မနေ့ကပဲ မန္တလေးမှာ ကျနော်တို့ အမျိုးသမီးဘောလုံးပွဲကို ကျနော် သွားကြည့်တယ်။ နောက်တခါ သုဝဏ္ဏအားကစားကွင်းမှာလုပ်တဲ့ အမျိုးသားဘောလုံးပွဲကိုလည်း ကျနော် သွားကြည့်ပါတယ်။ နောက် အခု ဒီဖွင့်ပွဲကိုလည်း ကျနော် ရောက်ရှိတဲ့အခါမှာ နေရာ ၃ နေရာ မြို့ ၃ မြို့မှာ အားလုံး တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းနဲ့ ဒီပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ဖြစ်စေချင်တာ တွေ့ရပါတယ်။ ဒီအားကစားပြိုင်ပွဲတွေကျတော့လည်း ကိုယ့်နိုင်ငံအသင်း အနိုင်ရရှိလိုတာကို အားလုံးက ဆန္ဒပြင်းပြတာကို တွေ့ရပါတယ်။”

မေး။          ။ ဟုတ်ကဲ့။ ဒီကနေ့က ဖွင့်ပွဲ အခမ်းအနားနေ့ဆိုတော့ ဒေသ တွင်း နိုင်ငံတကာ အကြီးအကဲတွေထဲက ဘယ်သူတွေ တက်ရောက် ချီးမြှင့်တာရှိပါသလဲ။
ဖြေ။           ။ “သြော် ဟုတ်ကဲ့ လာအိုနိုင်ငံက သမ္မတကြီး လာပါတယ်ခင်ဗျာ။ ပြီးတဲ့အခါကျတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေပြီးတော့ ဒုဝန်ကြီးချုပ် Liu Yandong လာပါတယ်ခင်ဗျာ။ ပြီးတော့ ထိုင်းဒုတိယ၀န်ကြီးချုပ် လာပါတယ် ခင်ဗျာ။ မြန်မာနိုင်ငံကတော့ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ပါတယ်။ သမ္မတကြီးဦးသိန်းစိန်၊ နောက်တခါ ဒုတိယသမ္မတကြီး ဦးဥာဏ်ထွန်း အပါအ၀င် အစိုးရအဖွဲ့၊ Cabinet ၀န်ကြီးအဖွဲ့ဝင်တွေရော၊ တခြား မဏ္ဍိုင်တွေကဖြစ်ကြတဲ့ တရားသူကြီးဥက္ကဌတို့၊ ရှေ့နေချုပ်တို့ နောက် တခါ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့၊ အခြေခံဥပဒေခုံရုံး ဥက္ကဌတို့၊ အစိုးရအဖွဲ့မဟုတ်တဲ့ တခြားမဏ္ဍိုင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်ကြီးတွေလည်း အကုန်လုံး ကြွရောက်လာတာကို တွေ့ရပါတယ်ခင်ဗျ။”

ဟုတ်ကဲ့ ဦးရော်နီညိမ်း ကျေးဇူးအများကြီးတင်ပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်မြို့နဲ့ အခြားမြို့တွေမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ SEA Games ပြိုင်ပွဲတွေမှာဆိုရင် မြန်မာနိုင်ငံအသင်းဟာ ရိုးရာခြင်းလုံးအသင်းမှာ ရွှေတံဆိပ် ၈ ခု သတ်မှတ်ထားတဲ့အထဲမှာ မြန်မာ အသင်းက ရွှေတံဆိပ် ၆ ခု ရရှိထားပါတယ်။

ကွင်းသွင်း ခြင်းလုံးအသင်းမှာတော့ မြန်မာအမျိုးသား၊ အမျိုးသမီးတွေက ရွှေတံဆိပ် ၁ ခုရရှိပြီးတော့ ငွေတံဆိပ် ၁ ခု ရရှိပါတယ်။ တခါ ဒီဇင်ဘာလ ၉ ရက် ဖွင့်ပွဲနေ့မှာ မြန်မာနဘန်းအသင်းက ရွှေတံဆိပ် ၂ ခု ရရှိပြီးတော့ ၀ူရှုးကတော့ ရွှေတံဆိပ် ၂ ခု ရရှိထားပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအသင်းကဆိုရင် ကမ္ဘောဒီးယားကို ၃ ဂိုး သုညနဲ့ အနိုင်ရရှိပြီး၊ အရှေ့တိမောအသင်းကိုတော့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်ခင်ဗျာ။

ဆေးခြောက် ကို ဥရုဂွေး မှာ တရားဝင် သုံးစွဲ နိုင်ပြီ

 131210-uruguay-marijuana-hmed-812p.photoblog600
လှပျိုဖြူ တွေ ပေါပြီး ၊ နေချင် စဖွယ် ကောင်း တဲ့ တောင်အမေရိက တိုက် နိုင်ငံ ဖြစ် တဲ့
ဥရုဂွေး နိုင်ငံ ကာ မာရာဝါးနား လို့  ခေါ် တဲ့ ဆေးခြောက် ကို နိုင်ငံ တွင်း မှာ စိုက်ပျိုး
ထုတ်လုပ် နိုင်တယ် ၊ ရောင်းဝယ် ဖောက် ကား နိုင်တယ် ၊လွတ်လပ် စွာ
သုံးစွဲ နိုင်တယ် ဆို ပြီး လွှတ်တော် က အတည် ပြု လိုက် ပါတယ်။
လွန် ခဲ့ တဲ့ တစ် နှစ် လောက် ကတည်း က လွှတ်တော် မှာ တင် သွင်း ခဲ့ တဲ့ အဆို
ကို အောက်လွှတ်တော် က အတည် ပြု ပြီး ဖြစ် ပါတယ်။
တော်လှန်ရေး ပြောက်ကျား ရဲ ဘော် ဟောင်းကြီး ဖြစ်တဲ့
ဥရုဂွေး သမ္မတ ဟိုဆေး မူဂျီကာ က လည်း ဆေးခြောက် ကို နိုင်ငံ တွင်း မှာ တရား ၀င်
သုံးစွဲ တာ ကို ထောက်ခံ သူ ဖြစ် ပါတယ်။
ဆေးခြောက် ကို တရားဝင် သုံးစွဲ နိုင်ရေး အတွက် ထောက်ခံ သူ တွေ က ” ဆေးခြာက်
ကို တရား ၀င် သုံးစွဲ နိုင်ရင် မူးယစ် ဆေးဝါးမှောင်ခို ရောင်းဝယ် သူ တွေ ၊ မူးယစ်ဆေးမှု
နဲ့  ပတ်သက် တဲ့ ရာဇ၀တ် မှု တွေ ကျဆင် လာ နိုင်တယ်” လို့  ဆို ပါတယ်။
ကန့် ကွက် သူ တွေ က တော့ ရာဇ၀တ် မှု တွေ ပေါ လာ နိုင်တယ် လို့  ထောက် ပြ ပါတယ်။
ဥရုဂွေး ဟာ ကမ္ဘာ မှာ ဆေးခြောက် ကို တရား ၀င် ရောင်းဝယ် စိုက် ပျိုး ထုတ် လုပ်
လို့  ရတဲ့ ပထမ ဦးဆုံး နိုင်ငံ လည်း ဖြစ် ပါတယ်။
ဆေးခြောက် တရား ၀င် သုံးစွဲ နိုင် ခွင့် ကို လွှတ်တော် က အတည် ပြု ပြီး တဲ့ နောက်
ဥရုဂွေး ပြည်သူ တွေ က လမ်းပေါ် မှာ နဲ့  လွှတ်တော် ရှေ့ မှာ ကခုန် ဂုဏ် ပြု ခဲ့ ကြ ပါတယ်။
ဆေးခြောက် တရားဝင် ဖြစ် ရေး ဆော် သြလှုံ့ ဆော် ခဲ့ တဲ့ လွှတ်တော် အမတ် က လက်တင်
အမေရိက နိုင်ငံ တွေ ဥရုဂွေး ကို အတုယူ ကြ ဖို့  တိုက်တွန်း ပါတယ်။
 FNG

ဂန္ဓမာကုန်တိုက်မီး ၇ ဦးသေ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဂန္ဓမာ Wholesale ကုန်တိုက်မှာ ဒီနေ့မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။ ဒီမီးလောင်မှုဟာ လျှပ်စစ်မီးပူကို ဖွင့်ထားရာကနေတဆင့် လောင်ကျွမ်းတာဖြစ်ပြီး စုစုပေါင်း ကျပ်ငွေ ၅၆ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက အရာရှိက ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီမီးလောင်ကျွမ်းမှုဟာ မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက် ဝေဇယန္တာလမ်းနဲ့ ဂန္ဓမာလမ်းဒေါင့်မှာရှိတဲ့ ဂန္ဓမာလက်ကားအရောင်းကုန်တိုက်မှာ ဒီကနေ့ မနက်အစောပိုင်းက လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဒီမီးလောင်မှုကို ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ဒုညွှန်ကြားရေးမှူး ဦးတင်မင်း က အခုလို ပြောပါတယ်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၁ နာရီပါခင်ဗျ။ ဂန္ဓမာ Wholesale ကုန်တိုက် တတိယအလွှာမှာပါခင်ဗျ။ ဗီးနပ်စ် Garden ကျနော်တို့ Spa အလှပြင်ခန်း၊ အဲ့ဒီအလှပြင်ခန်းမှာရှိတဲ့ ကျနော်တို့ ပေ ၅၀ ပေ ၃၀ ကျယ်တဲ့နေရာမှာ လောင်သွားပါတယ်ခင်ဗျ။ သူတို့ဆီမှာ အလုပ်သမားတွေထားတဲ့ အခန်းလေး ရှိပါတယ်ခင်ဗျ။ အဲ့ဒီမှာ iron လေ မီးပူဖွင့်ထားခဲ့တဲ့အတွက် အနီးမှာရှိတဲ့ မွေ့ယာကနေ စပြီး လောင်သွားတာပါခင်ဗျ။”
မီးလောင်မှုအတွင်း သေဆုံးတာနဲ့ ပျက်ဆီးဆုံးရှုံးမှုကို ဦးတင်မင်းက အခုလို ဆက်ပြောပါတယ်။

“သေဆုံးမှုကတော့ ကျား-မ ၇ ယောက်ပါခင်ဗျ။ ဆုံးရှုံးမှုတန်ဘိုးကို ကျနော်တို့ ၅၆ သိန်း ၇ သောင်း ၅ ထောင်ပါခင်ဗျ။”

ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး Venus Garden Spa မန်နေဂျာ ကိုထွန်းထွန်းနိုင်ကို မရမ်းကုန်းရဲစခန်းက (ပ) ၅၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄က/၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မရမ်းကုန်းရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးကတော့ လူသေဆုံးမှုနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“လက်ရှိ ၇ ဦးမှာက မိန်းကလေး ၄ ဦး၊ ယောကျာ်းလေး ၃ ဦးလို့တော့ သိရတယ်။ သူတို့ကတော့ သူတို့ဆိုင်ကနေပြီးတော့ ဆိုင်က မဖွင့်ရသေးဘူးအကိုရဲ့။ သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး အိပ်ခိုင်းထားတဲ့အဖွဲ့တွေ၊ သူတို့က မှန်လုံးခန်းကြီးဆိုတော့လေ ၇ ဦး ဆုံးသွားတာပါခင်ဗျာ။”

ရန်ကုန်တိုင်းဒေသကြီးမှာ မီးလောင်မှုပေါင်း ၂၁၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မှုတွေမှာ ပေါ့ဆမီးက ၁၀၉ ကြိမ်၊ လျှပ်စစ်ဓာတ်အား အသုံးပြုရာကနေ လောင်တာ ၇၄ ကြိမ်၊ မီးဖိုချောင် မီးကြွင်းမီးကျန်ကနေ လောင်ကျွမ်းတာ ၁၉ ကြိမ်တို့က အများဆုံး လောင်ကျွမ်း မှုတွေ ဖြစ်ပါတယ်။
၁၁ လတာအတွင်း ဖြစ်ပွားတဲ့ ဒီမီးလောင်မှုပေါင်း ၂၁၅ ကြိမ်အတွင်းမှာ သေဆုံးသူ ၁၇ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးရှိပြီး  ပျက်စီးဆုံးရှုံးမှု တန်ဘိုး ကျပ်သန်းပေါင်း ၃၅၅ သန်းနီးပါး ရှိခဲ့ပါတယ်။ 
VOA

မန်ဒဲလားအောက်မေ့ဖွယ်အခမ်းအနားမှာ အမေရိကန်နဲ့ ကျူးဘားခေါင်းဆောင်နှုတ်ဆက်

 
ဗွီအိုအေ (မြန်မာဌာန)
တောင်အာဖရိ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ကို ဂုဏ်ပြုတဲ့ အောက်မေ့ပွဲမှာ စင်မြင့်ရှိရာသွားတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကျူးဘားသမ္မတ ရောင်း ကက်စထရို (Raul Castro) ကို လမ်းမှာလက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံကြား ၁၉၆၁ ခုနှစ်ထဲက သံတမန် ဆက်ဆံရေး မရှိခဲ့တဲ့အတွက် အခုလို သမ္မတ ၂ ယောက် လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စက ဂရုစိုက်စရာ ဖြစ်ခဲ့ပါတယ်။ အခုနှစ်ပိုင်းတွေ အတွင်းမှာတော့ ၂ နိုင်ငံ ဆက်ဆံရေးဟာ စတင်ပျော့ပြောင်းလာနေပေမဲ့ ကျူးဘား အပေါ် အမေရိကန်ရဲ့ ကုန်သွယ်ရေးအရ ဒဏ်ခတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလို လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စဟာ ကြိုတင်စီစဉ်ထားတဲ့ ကိစ္စမဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ခေါင်းဆောင် ၂ ယောက်ကြား အပြန်အလှန် နှုတ်ဆက်တာသာဖြစ်ပြီး မည်မည်ရရ ပြောဆိုဆွေးနွေးမှု မရှိပါဘူးလို့ ဆိုပါတယ်။ အမေရိကန် အနေနဲ့ ကျူးဘားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအပေါ်မှာ အကြီးအကျယ်
စိုးရိမ်ဆဲဖြစ်တယ်လို့ အိမ်ဖြူတော် အကြံပေးတွေက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ အာဖဂနစ္စတန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) နဲ့လည်း အပြန်အလှန် နှုတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာ မန်ဒဲလားရဲ့ အောက်မေ့ပွဲကို အလုပ်ကိစ္စအတွက် အသုံးချတဲ့ နေရာလို သမ္မတအိုဘားမားက သဘောထားတာ မဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၁၄ မတိုင်ခင် အာဖဂနစ္စတန်ကနေ နိုင်ငံခြားတပ်တွေ ရုပ်သိမ်းသွားပြီးရင် အမေရိကန်တပ်တွေ ဆက်ထားရှိရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အာဖဂန် ခေါင်းဆောင် ၂ ယောက်ကြားမှာ အချေအတင် ဆွေးနွေးထားကြချိန်မှာ အခုလို နှုတ်ဆက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

Tuesday, December 10, 2013

ထိုင်းဆိုင်ကယ်စတန့်စီး ချန်ပီယံရွှေးပွဲမှာ မြန်မာနိုင်ငံသား စတုထ္တဆုရရှိ (ရုပ်/သံ)

 
 ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Kawasaki Stunt King ဆိုင်ကယ် စတန့်စီးအားကစား ချံပီယံရွေးပွဲမှာ မြန်မာနိုင်ငံသား ချန်ပီယံဟောင်းက စတုထ္တဆု ရရှိခဲ့ပါတယ်။
ရိုက်ကူး/တင်ဆက်- ရဲဝင့်သူ 
DVB TV News

တက္ကသိုလ်ရိပ်သာလမ်းက မြန်မာာမိန်းကလေးများ၏ အသုံးချခံဘဝ



ရန်ကုန် နိုဝင်ဘာ ၃၀
 နီးစပ်ရာက သူတွေ အကူအညီပေးစေလိုပါတယ်။ အခုဖြစ်နေတာက ဗမာမိန်းကလေးတွေ အနိုင်ကျင့် အစော်ကားခံနေရပါတယ်။ ငွေကြေးနှင့်အရောင်းစားခံနေရပါတယ်။ ငွေဝယ်ကျွန်ဘဝကိုရောက်နေကြတယ်။ လူတကာသုံးတဲ့ သောက်ရေအိုးလိုဖြစ်နေတယ်။ ဟိုဘာသာဝင်ကစော်ကား၊ ဒီဘာသာဝင်ကစော်ကားနဲ့ အဖတ်ဆယ်မရအောင် ဖြစ်နေပါပြီ။ ဟိုလူမျိုးက စော်ကား၊ ဒီလူမျိုးကစော်ကား၊ အသုံချဘဝနဲ့ ကြားနေရ မြင်နေရတာ အတော့်ကို စိတ်မချမ်းသာစရာဖြစ်နေပါတယ်။

 ဝါသနာကြောင့်လား စားဝတ်နေရေးကြောင်းလား။ ဘာကြောင့်လည်းတော့မသိ၊ အခုတစ်ခါ လာပြန်ပြီ။ ကိုရီးယားနိုင်ငံသားတစ်ယောက် ဗမာမိန်းကလေးတွေကို ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာနေတယ်ဆိုတာကို သတင်းပို့ထားပါ တယ်။ အဲဒီသတင်းလေးကို အားလုံးအတွက်မျှဝေလိုက်ပါတယ်။ သိသူများ နီးစပ်ရာကလူများ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံး ဆောင်ရွတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

 (ဦးဇင်းဘုရား တပည့်တော် ဒကာမဒေါ်........ပါ။ တစ်ခုလောက်ကူညီပါဘုရား။ တက္ကသိုလ်ရိပ်သာလမ်းအိမ်အမှတ်(၄၂) အောက်ထပ်က စုစုပေါင်း(၄)ခန်းကိုငှားပြီး ကိုရီးယားနိုင်ငံသားတစ်ယောက် က မြန်မာမိန်းကလေးအယောက်(၅၀)လောက်ကို ဗန်းပြပြီး နိုင်ငံခြားသား များနှင့် စီးပွားရှာစားနေပါတယ်ဘုရား။ နေ့ဘက်တွင် မိန်းကလေးများကို အပြင်သို့ ပေးမထွက်ဘဲ ညဘက်ကျမှ တရုန်းရုန်းနှင့် ကာရာအိုကေ အနှိပ်ခန်းအပြင် တခြားမဖွယ်မရာများ လုပ်စားနေသည်ဟု သိရှိရပါသည်။ ဦးဇင်းမပြန်မှီတပည့်တော်ကို တစ်ရက်လောက်ပေးတွေ့တော်မူပါဘုရား။) အထက်ပါစာများက ဦးဇင်းနှင့်ရင်းနှီးသူဒကာမကြီးတစ်ယောက်မှပေးပို့သော စာဖြစ်ပါတယ်။ နီးစပ်ရာမှ မျိုးချစ်ပုဂ္ဂိုလ်များ အကူအညီပေးစေလိုပါတယ်။ ဦးဇင်းအဝေးရောက်နေပါသောကြောင့် ဘယ်လိုမှ မတတ်နိုင်ပါ။ တတ်နိုင်သူများကူညီပေးစေလိုပါသည်။ အသုံးချခံဘဝရောက်နေသော မြန်မာမိန်းကများအား ကြိုးစား၍ ကူညီပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ဓမျွမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ပြစ်မှုများကိုဖော်ပြပေးမည်(Facebook)