Pages

Friday, January 31, 2014

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၌ အရက်သေစာ သောက်စားမူးယစ်ပြီး ဈေးဆိုင်အား မီးရှို့မှု ဖြစ်ပွား

 
မြိတ် ဇန်န၀ါရီလ ၃၀ ရက်

မြိတ်မြို့ မြိတ်တောင်နယ်မြေ၊ ရေနံမြေရပ်၊ ဘီအိုစီလမ်းတွင် ဇန်န၀ါရီလ(၃၀)ရက် ညနေ(၄း၁၅)နာရီ က အရက်သေစာ သောက်စားမူးယစ်ပြီး ဈေးဆိုင်အား မီးရှို့မှု ဖြစ်ပွါးခဲ့သည်။

ဖြစ်စဉ်မှာ ဦးပေါစိန်အနောက်လမ်း၊ မြို့သစ်(၃)ရပ်ကွက်၊ မြိတ်တောင်နယ်မြေနေ မြင့်နိုင်ဝင်း(၂၃)နှစ် (ဘ)ဦးအင်စိန် (ရေလုပ်သား)သည် အရက်သေစာ သောက်စားမူးယစ်ပြီး အမှတ်(၈၂)၊ ဘီအိုစီလမ်း၊ ရေနံမြေရပ်၊ မြိတ်တောင်နယ်မြေရှိ ဦးအောင်စိုး၏ နေအိမ်ရှေ့ရှိ မြေစိုက်တဲဈေးဆိုင် (ဓနိမိုး၊ထရံကာ)၌် ဈေးရောင်းနေသော မ၀င်းနုခိုင်(၂၄)နှစ် (ဘ)ဦးမြဖေ ထံမှ ငွေကျပ်(၁၀၀၀)တောင်းခံရာ မရ၍ မကျေနပ် သဖြင့် ဈေးဆိုင်ရှိဓါတ်ဆီပုလင်းအားခွဲ၍ မီးရှိနေသောဆေးလိပ် တိုဖြင့် မီးရှို့ခဲ့ရာ ဈေးဆိုင်ထရံအား မီးကူး စက်လောင်ကျွမ်းခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းဦးစီး၍ သန္ဒေမီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၆၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်ကား(၇)စီးတို့ဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ(၄း၁၇)တွင် မီးငြှိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး (၈၇၀၀၀)ခန့် ဆုံးရှုံးခဲ့ပြီး မီးရှို့သူ မြင့်နိုင်ဝင်း(၂၃)နှစ်အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar