Pages

Sunday, January 26, 2014

ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲကို တောင်ကြီးမြို့ မီးပုံးပျံကွင်းအနီးရှိ ပုဂ္ဂလိကမြေကွက်လပ်တွင် ကျင်းပမည်


ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်တောင်ပိုင်း လူထုတွေ့ဆုံပွဲခရီးစဉ်တွင် တောင်ကြီးမြို့ အဝေယျာမီးပုံးပျံကွင်း၌ တပ်ပိုင်မြေဖြစ်၍ ကျင်းပခွင့်မရသော်လည်း၊ အဆိုပါ မီးပုံးပျံကွင်းအနီးရှိ ပုဂ္ဂလိကပိုင်မြေ ကွက်ကျယ်တစ်ခုတွင် ကျင်းပရန်စီးစဉ်ထားကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးထံမှ သိရသည်။
  
၂၀၁၄ ခု ဇန်န၀ါရီ ၂၆ ရက် ညနေ ၃ နာရီတွင် တောင်ကြီးမြို့ အဝေယျာမီးပုံးပျံကွင်း အနောက်မြောက်ဘက် ကျောင်းကြီးစုရပ်နယ်မြေ (၁၃) ကျောက်တစ်လုံးလမ်း ဘေးအမှတ် (၁၈၄)ရှိ အဆောက်အအုံမဆောက်လုပ်ရသေးသည့် ပုဂ္ဂလိကပိုင်မြေကွက်လပ်တွင် ဒေါ်အောင်စုကြည်နှင့် တောင်ကြီးမြို့ လူထုတွေ့ဆုံပွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ ဤနေရာတွင်သာမက မြို့ပေါ်ရှိ အခြားအဆင်ပြေနိုင်မည့် နေရာများသို့ပါ လှည့်လည်သွားရောက် တွေ့ဆုံဟောပြောနိုင်ရန် စင်မြင့်ကို ၂၄ ဘီးကားကြီးပေါ်တွင် စီစဉ်ထားရှိကြောင်း၊ ယခုတွေ့ဆုံမည့်နေရာမှာ လမ်းမနံဘေးဖြစ်၍ လူဦးရေတော်တော်များ ၀င်ဆံ့နိုင်ကြောင်း စီစဉ်သူတစ်ဦးက ရှင်းပြသည်။
စိုင်းအောင်မြတ်(တောင်ကြီး) Eleven Media Group