Pages

Friday, January 17, 2014

၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု ရန်ကုန်မှာ စည်ကားစွာ ကျင်းပမယ်

သမိုင်းဝင် ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနားကို ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ရန်ကုန် မြို့ မြန်မာ ကွန်ဗင်း ရှင်း စင်တာ MCC မှာ စည်စည်ကားကားနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ 



စိတ်ပါဝင်စားသူတွေအနေနဲ့ အခမဲ့ ၀င်ရောက်နိုင်ဖို့ အဖွဲ့ ၂၇ ဖွဲ့ ပူးပေါင်း စီစဉ်တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု ကော်မတီက ဆိုထားပါတယ်။ 

အခုလို ရန်ကုန်မှာလည်း ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနားကို ကျင်းပတာနဲ့ တပြိုင်နက် အနယ်နယ် အရပ်မှာလည်း အလားတူ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ 

 “အဲဒီအဖွဲ့တွေ အားလုံး စုပေါင်းပြီးတော့ လုပ်တဲ့ပွဲမှာ နိုင်ငံရေးဦးတည်ချက် ၅ ရပ်ရှိပါတယ်။ ပွဲချိန်က မနက် ၉ နာရီ ကနေပြီးတော့ ညနေ ၄ နာရီခွဲအချိန်အထိ ဖြစ်တဲ့အတွက် ၁၃၀၀ ပြည့် သမိုင်းနဲ့ ပတ်သက် တဲ့ စာတမ်းများဖတ်ပွဲ၊ အလုပ်သမားနဲ့ ပတ်သက်တဲ့ စာတမ်း၊ လယ်သမားနဲ့ ပတ်သက်တဲ့ စာတမ်း၊ 
ကျောင်းသား နဲ့ ပတ်သက်တဲ့ စာတမ်းတွေ ကို ဖတ်ကြားကြမှာ ဖြစ်တဲ့အပြင်၊ ဘာသာကြီး ၄ ဘာသာ က ခေါင်းဆောင်တွေက မုဒိတာစကားတွေ ပြောကြားမယ့် အစီအစဉ်တွေ ပါဝင်ပါမယ်” လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ဧရာဝတီကို ပြောပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ ဧရာဝတီ သတင်း
ထောက် မေမြန်မာရဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု ရန်ကုန်တွင် ခမ်းနားစွာ ကျင်းပမည် ဆိုတဲ့ သတင်းမှာ အပြည့်အစုံဖော်ပြပေးထားပါတယ်။ 
ဧရာဝတီ