Pages

Tuesday, January 28, 2014

မနက်က ဖြစ်တဲ့ အဲကမ္ဘောဇ လေယာဉ် ပြဿနာ

ဒီကနေ့ မနက်က ရန်ကုန်က ဟဲဟိုးကို ထွက်ခွာတဲ့ ခရီးသည် ၆၅ ဦးလိုက်ပါတဲ့ အဲကမ္ဘောဇ AIR KBZ ခရီးစဉ်အမှတ် K7-266 ဟာ ရန်ကုန်လေဆိပ်ပြေးလမ်းမှာ စတင် ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာမှာ အပူချိန်မြင့်ပြီး မီးခိုးတွေ ထွက်လာလို့  ရပ်တန့်ပြီး ခရီးစဉ် အစားထိုးပေးလိုက်ရပါတယ်။ 


 Air KBZ မှ ATR 72 အမျိုးအစား လေယာဉ်တစီး(ဓာတ်ပုံ-airmyanmar.com)
ရန်ကုန်-မန္တလေး -ဟဲဟိုး သို့ ယနေ့နံနက် ၈ နာရီတွင် ထွက်ခွာမည့် ကမ္ဘောဇ လေကြောင်းလိုင်းမှ ခရီး သည် တင် လေယာဉ်တစင်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြေးလမ်းပေါ်တွင် အသေးစား မတော်တဆမှု ဖြစ်ပြီး လေယာဉ် အစားထိုးပေးလိုက်ရကြောင်း ယင်း လေကြောင်းလိုင်း အထွေထွေ မန်နေဂျာ ဦးမြတ်သူက ဧရာဝတီသို့ ပြောပါတယ်။


အဲကမ္ဘောဇ လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာတော့ “လေယာဉ်ပြေးလမ်းပေါ်အရောက်တွင် Technical Error ကြောင့် Parking သို့ ပြန်အရောက် လေယာဉ်ရပ်တန့်ချိန်တွင် လေယာဉ်ဘီး အပူချိန် လွန်ကဲ၍ မီးခိုးများ ထွက်လာသည်ကို လေယာဉ်ဝန်ထမ်းများမှ မီးငြိမ်းသတ်ခဲ့ပါသည်” လို့ ဖော်ပြထား ပါတယ်။ 

"လေယာဉ်အမှုထမ်းများနဲ့ ခရီးသည်အားလုံးကို ထိခိုက်မှု မရှိဘဲ လေယာဉ်ပေါ်မှ ဆင်းသက်စေနိုင်ခဲ့ပါ သည်။ ၄င်း ခရီးသည် အားလုံးကို AIR KBZ မှ လေယာဉ်တစီးဖြင့် အစားထိုး၍ K7-266 ခရီးစဉ်အား ပြန် လည် ပြေးဆွဲ ခဲ့ပါသည်” လို့ လေကြောင်းလိုင်းရဲ့ ကြေညာချက်မှာ ဆက်ဖော်ပြပါတယ်။ 

ကမ္ဘောဇ လေကြောင်းလိုင်း(Air KBZ)မှ ATR 72 အမျိုးအစား လေယာဉ်တစီးဟာ ၂ဝ၁၂ ခုနှစ်
ဖေဖော်ဝါရီ လ ကလည်း ရခိုင်ပြည်နယ် သံတွဲမြို့မဇင် လေဆိပ် အဆင်းတွင် ဘီးချော်ပြီးဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရပါသေးတယ်။


မြန်မာ့ရုပ်မြင်သံကြားကတော့ အခုလို ကြေညာသွားပါတယ်။


ဧရာဝတီblog