Pages

Tuesday, February 11, 2014

ဒဂုံဆိပ်ကမ်းက လူ ၈ သောင်းကျော် ဖယ်ရှားပစ်မည်

 
လူဦးရေ ၈ သောင်းကျော် နေထိုင်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က ရပ်ကွက်ကြီး ၄ ခုဟာ ကျူးကျော် နေထိုင်သူတွေ ဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရမယ်လို့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကြောင်း ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

ဖယ်ရှားပေးရမယ့်အထဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀၊ ၆၁၊ ၆၇နဲ့ ၉၃ ရပ်ကွက်တွေမှာ နေထိုင်သူတွေ ဖြစ်ပြီး တကယ်ပဲ အစိုးရဘက်က အင်အားသုံး ရှင်းလင်းခဲ့မယ်ဆိုရင် အကြီးမားဆုံး လူအုပ်စုကြီးကို ဖယ်ရှားခြင်း ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ ညွှန်ကြားတဲ့အတိုင်း ဖယ်ရှားမပေးဘူးဆိုရင် ၁၈၉၈ မြန်မာနိုင်ငံတော် အောက်ပိုင်း မြေယာအက်ဥပဒေ ပုဒ်မ ၂၁ (၁) အရ အရေးယူသွားမယ်လို့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ