Pages

Saturday, February 15, 2014

မောင်တောမြို့နယ် ဂေါ်ဒူသာရကျေးရွာ၌ နေအိမ်နှစ်လုံး မီးလောင်

 
ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးနေသည့် ဒုချီးရားတန်း (အလယ်) ဘင်္ဂါလီကျေးရွာနှင့်နီးကပ် စွာတည်ရှိနေသည့် ဂေါ်ဒူသာရကျေး ရွာတွင် ဖေဖော်ဝါရီ ၇ ရက်နံနက် ဝဝး၎ဝ နာရီတွင် မီးလောင်မှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ နေအိမ်နှစ်လုံးမီးလောင် ခဲ့ပြီး တန်ဖိုးကျပ်သိန်း ၄ဝ ခန့် ဆုံး ရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ဂေါ်ဒူသာရကျေးရွာရှိ အဒူ ဂေါ်ဖား အသက် ၇ဝ(ဘ) မာမတ်အာ မောက်၏ နေအိမ်မှစတင်ကာ မီး လောင်ကျွမ်းခဲ့ရာ အနီးရှိဘော်ရှူ ရော်ဇန် အသက် ၄၅ နှစ် (ဘ)ဒူဒူမျှာ ၏နေအိမ်သို့ပါ ကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ အရ မီးဖိုရှိမီးကြွင်းမီးကျန်မှ လောင် ကျွမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီကျေးရွာနှင့် အနီးပတ် ဝန်းကျင်တွင် မီးလောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ဘင်္ဂါလီကျေးရွာများနှင့် နီးကပ်စွာ တည်ရှိနေသည့် တိုင်းရင်းသားကျေး ရွာများမှာ စိုးရိမ်ထိတ်လန့်မှုများပိုမို များပြားလာကြောင်း ခရေမြိုင်ကျေး ရွာ၊ ကင်းချောင်းကျေးရွာနှင့် သရေ ကုန်ဘောင်ကျေးရွာများမှ ဒေသခံ များက ပြောကြားသည်။ ဇန်နဝါရီ ၂၈ ရက်ကလည်း ဒုချီးရားတန်းအ နောက်ရွာတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၆ လုံးလောင် ကျွမ်းသွားကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် လူ နှင့်တိရစ္ဆာန်ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်းနှင့် မီး လောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မောင် တောမြို့မရဲစခန်းမှ (ပ)၂၂/ ၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိ ရသည်။


[ ညိုသဏ်း ( မောင်တော) ]
Yangon Media Group