Pages

Thursday, February 20, 2014

သမီးလေးရွာသားများ ဒီကေဘီအေ အကူအညီ မယူသေး

6

ပဲခူးတိုင်း အလံနီကျေးရွာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးလေးကျေးရွာသူ ကျေးရွာသားဒုက္ခသည်တွေကို ဒီကေဘီအေက သူထိန်းချုပ်ရာနယ်မြေ ဆုံဆည်းမြိုင်မှာ နေရာချထားပေးဖို့ ဆယ်ဘီးကားတွေနဲ့ လာခေါ်ပေမယ့် တယောက်မှ လိုက်ပါခဲ့ခြင်း မရှိပါဘူး။
ခိုလှုံနေတဲ့ မိသားစု ၁၄၄ စုဟာ ကလေးတွေကျောင်း စာမေးပွဲကြောင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) ခေါ်တဲ့နောက် မလိုက်ဖြစ်တာလို့ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် မျိုးဇော်လင်းက ပြောပါတယ်။

အသံဖိုင်နားဆင်ရန်

မျိုးဇော်လင်း(DVB)