Pages

Thursday, February 13, 2014

တောင်ငူ ဗဟိုဈေးကြီး မီးလောင် ၈၀ရာခိုင်းနှုန်းခန့် လောင်ကျွမ်းမှုဖြစ်

သတင်းဓာတ်ပုံ - ကိုသားကြီး (တောင်ငူ)
                                   သတင်းဓာတ်ပုံ - ကိုသားကြီး (တောင်ငူ)
သတင်းဓာတ်ပုံ - ကိုသားကြီး (တောင်ငူ)

ဓါတ်ပုံ / Ko Kyaw Swar

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ညနေ ၆နာရီအချိန်တွင် တောင်ငူမြို့ ၆လမ်း ဗဟိုဈေးကြီး အလယ်ပေါက် အနီးမှ စတင်လောင်ကျွမ်းခန့်ပြီး လောင်ကျွမ်းမှု အချိန်မြင့်မားသောကြောင့် မီးသတ်တပ်ဖွဲ့များ ခက်ခဲစွာ ငြိမ်းသတ်နေရသည်။

မီးလောင်ကျွမ်းမှုကို လက်ရှိ အခြေအနေထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးသောလည်း တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့များဖြစ်သည့် အုတ်တွင်း၊ ကျွဲပွဲ၊ ရေတာရှည်၊ ရေနီ၊ ဖြူး၊ဆွာတို့မှ မီးသတ်ယာဉ်များ လာရောက် ငြိမ်းသတ်လျှက်ရှိသည်။

ဗဟိုဈေးကြီး ပတ်ပတ်လည် ၆လမ်း၊ သံဖြူတန်း၊ ဈေးလမ်းနှင့်ကပ်နေသော ဈေးဆိုင်ခန်းများ လောင်ကျွမ်းခဲ့သောကြောင့် ဈေးကြီး၏ ရာခိုင်းနှုန်း တော်တော်များများ လောင်းကျွမ်းခဲ့သည့် ရတနာ ၁၊ ရတနာ ၂၊ သံဈေးရုံး၊ ရုံ ၂ တို့ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည်။

လောင်ကျွမ်း ရာနေရာသို့ မီးသတ်တပ်ဖွဲ့များ၊ ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် အနီးကပ် ကြည့်ရှုလျှက်ရှိပြီး၊ နယ်မြေခံ တောင်းပိုင်း တိုင်းစစ်ဌာချုပ်မှ တပ်မတော်သား များလည်း ကူညီ မီးငြိမ်းသတ် နေကြောင်း သိရသည်။

ယခု ဗဟိုဈေးကြီးမီးလောင်ကျွမ်းမှုသည်ဒုတိယအကြိမ်ဖြစ်ပြီး ၁၉၈၁ခုနှစ်ကမသမာသူတစ်ဦး၏ ရှို့မီးကြောင့်ဖြစ်ပေါ်ခဲ့သည်။

ဓါတ်ပုံ / Ko Kyaw Swar

သတင်း -Ko Kyaw Swar
သစ်ထူးလွင် မှ