Pages

Tuesday, February 25, 2014

ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) မှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့်ဆွေးနွေးလိုကြောင်း စာပို့တောင်းဆို

 Photo: တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့အား 

မိမိတို့တိုင်းဒေသကြီးအတွင်း ထွက်ရှိသော သဘာဝဓါတ်ငွေ့သိုက်မှ လျှပ်စစ်ဓါတ်အားကို မိမိတို့ဒေသခံများ ခံစားခွင့်မရရှိသေးသည့်အပြင် နိုင်ငံတော်အစိုးရက ဖြန့်ဖြူးရောင်းချနေသော လျှပ်စစ်ဓါတ်အားတစ်ယူနစ်ဈေးနှုန်းထက် ၁၆ ဆမှ ၂၀ဆ အထိ ပေးဆောင်နေရမှုများကြောင့်

မိမိတို့တိုင်းဒေသထွက် သဘာဝဓါတ်ငွေ့မှ လျှပ်စစ်ဓါတ်အားကို နိုင်ငံတော်အစိုးရကဖြန့်ဖြူးရောင်းချနေသော  ဈေးနှုန်းဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများ သုံးစွဲခွင့်ရရေးအတွက်

ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို)မှ တွေ့ဆုံဆွေးနွေးလိုကြောင်းနှင့် ထိုသို့တွေ့ဆုံဆွေးနွေးရေးကိစ္စကို ယခုစာပို့လိုက်သည့်နေ့မှ တစ်ပတ်အတွင်း အကြောင်းပြန်ကြားပေးပါရန် 

ယနေ့ ၂၅. ၂. ၂၀၁၄ ရက် အင်္ဂါနေ့ နံနက် ၁၁း ၀၀ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ စာဖြင့် တောင်းဆိုလိုက်သည်။

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့အား

ပေးပို့သောစာမှာအောက်ပါအတိုင်းဖြစ်သည်။