Pages

Monday, February 24, 2014

ယူကရိန်း သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်

ယူကရိန်း သမ္မတဟောင်း ယာနူကိုဗစ်ခ်ျ

ရာထူးက ဖြုတ်ချခံ လိုက်ရတဲ့ ယူကရိန်း သမ္မတ ဗစ်တာ ယန်နုကိုဗစ်ခ်ျကို ဖမ်းဆီးဖို့ ယူကရိန်း ကြားဖြတ် အစိုးရက ဖမ်းဝရမ်း ထုတ်ပြန်လိုက် ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အရပ်သား အများအပြားကို သတ်ဖြတ်တဲ့ ရာဇဝတ်မှုနဲ့ မစ္စတာ ယန်နုကိုဗစ်ခ်ျနဲ့ တခြား အရာရှိတွေကို အမှုဖွင့် ထားတယ်လို့ ယူကရိန်း ကြားဖြတ် အစိုးရ လက်ရှိ ပြည်ထဲရေး ဝန်ကြီး အာဆန် အာဗာကို က ပြောပါတယ်။

ဖမ်းဆီးမယ့် စာရင်းထဲမှာ ယခင် အစိုးရရဲ့ တခြား အရာရှိ အတော်များများလည်း ပါတယ်လို့ မစ္စတာ အာဗာကိုက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရာထူးက ဖြုတ်ချခံရတဲ့ မစ္စာ ယန်နူကိုဗစ်ခ်ျကို နောက်ဆုံး တွေ့လိုက်ရတဲ့ နေရာကတော့ ယူကရိန်းက ကရိုင်းမီးယား ကျွန်းဆွယ်မှာ ဖြစ်ပါတယ်။

မြို့တော် ကိယက်ဗ် မှာတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မြို့လယ် လွတ်လပ်ရေး ရင်ပြင်မှာ ဆက်ရှိနေကြပြီး၊ နောက်ထပ် သမ္မတသစ် ရွေးကောက်ပြီးချိန် အထိ အဲဒီမှာပဲ ဆက်ရှိနေမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲတွေကိုတော့ မေလမှာ ကျင်းပဖို့ လျာထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)