Pages

Saturday, February 15, 2014

ယနေ့သတင်းစုံ(၂)

မန္တလေး ရွှေကျောင်းတော် ပြုပြင်ရေး အခမ်းအနားနှင့် စတင်

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 1 hour ago
ရှေးခေတ်မင်းတုန်းမင်းလက်ထက် သစ်သားပန်းပုနဲ့ အနုစိတ်ကနုတ် လက်ရာတွေ ရှိရာ မန္တလေးမြို့က သမိုင်း ၀င် ရွှေနန်းတော်ကျောင်း ခေါ် ရွှေကျောင်းကြီး ရှေးမူလက်ရာ မပျက် ပြုပြင် ထိန်းသိမ်းဖို့အတွက် ရန်ကုန်မြို့ အမေရိကန်သံရုံး၊ မြန်မာ့ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ အမေရိကန်အခြေစိုက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး NGO အဖွဲ့တခုဖြစ်တဲ့ World Monuments Fund အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ဒီကနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ အခမ်းအနားနဲ့ စတင်ဖွင့်လှစ် လိုက်ပါတယ်။ ဒီအစီအစဉ်အရ ရှေးခေတ် အနုစိတ်... more »

ယူနတီဂျာနယ် သတင်းထောက်တွေကို စွဲချက် စတင်

noreply@voanews.com (အောင်ရဲ မောင်မောင်) at Voice of America - 1 hour ago
ပြည်တွင်းက သတင်းဂျာနယ် တစ်စောင်ဖြစ်တဲ့ Unity မှာ ကာကွယ်ရေး ပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ တာဝန်ခံ အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖမ်းဆီးအရေးယူတာကို ဒီကနေ့မှာပဲ အာဏာပိုင်တွေဘက်က တရားလို လုပ်ပြီး ပြစ်မှု ကျူးလွန်တယ်ဆိုပြီး စွတ်စွဲခံထားရသူ ၅ ဦးကို ဒီကနေ့မှာပဲ ပခုက္ကူ ခရိုင်တရားရုံးမှာ ထုတ်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ပဲ သူတို့ ၅ ဦးကို တရားစွဲတင် တာဖြစ်ပြီးတော့ အခု... more »

ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ-၂ သူရဦးအေးမြင့်သို့ အိတ်ဖွင့်ပေးစာ – ချင်းတွင်းချစ်ဆန်း

noreply@blogger.com (Htut Htut) at Dawnmanhon( ဒေါင်းမာန်ဟုန်) - 2 hours ago
*ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ချစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်စုကိုတော့ မဲပေးဖို့ မလိုကြောင်း၊ ဒေါ်စု မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံခြားသားကိုယူပြီး သူ့သားတွေ ကလည်း နိုင်ငံခြား မှာ နေသူတွေ ဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒေါ်စုနဲ့ ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲကြောင်း၊ ဒေါ်စုသည် စစ်တိုက်ဖူးသူ မဟုတ်ကြောင်း ယခုတွေ့ဆုံပွဲမှာ အရှင်လတ်လတ်ကြီး ဟောပြောနေသူ သူရဲကောင်းကြီးသည် စစ်တိုက်ခဲ့ရာမှာ ဗိုက်ကို ကျည်ဆန်မှန်ခဲ့လို့ သူရဘွဲ့ထူးကို ဆွတ်ခူးခဲ့သူဖြစ်ကြောင်း၊ ဗိုက်ကြီးကို လှန်ပြကာ ဟောပြောသွားခဲ့ . . .* [image: KKS 2]မျိုသိပ်ကြိတ်ခဲ မရနိုင်လို့ ဒီစာကို ပေးပို့ရပါတယ် သူရဦးအေးမြင... more »

သီတဂူဆရာတော်မိန့်ကြားချက် လိုက်နာတဲ့ သဲကုန်းမြို့ရဲတပ်ဖွဲ့

zarny win at The Irrawaddy's Blog - 2 hours ago
~ သဲကုန်းမြို့ရဲတပ်ဖွဲ့က သီတဂူ ဆရာတော်ကြီး၏ တားမြစ်ချက်အရဟု ဆိုကာ မြို့တော်ခန်းမအနီး ၄ ရက်ကြာ ဖွင့်ထားသည့် သပိတ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ၀င်ရောက်စီးနင်းကာ ဆန္ဒပြနေသည့် တောင်သူ (၃၀) ခန့်ကို ကားပေါ်တင်ပြီး နေရပ်ရင်း ပြန်ပို့လိုက်သည်။ - - (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ) - သပိတ်စခန်းကို စီးနင်းရာတွင် အကြမ်းဖက်ခြင်း မရှိကြောင်း သဲကုန်း ရဲစခန်းမှ ဒုရဲအုပ်ဇော်အောင်က ပြောသည်။ “ဒါ ကျနော်တို့ အကြမ်းဖက်ဖြိုခွင်းတာ မဟုတ်ပါဘူး။ ဆရာတော်က တားမြစ်တဲ့အတွက်၊ (တရား)ပွဲကို အနှောက်အရှက် ဖြစ်စေနိုင်တယ်ဆိုတဲ့စာထုတ်ထားတဲ့အတွက်ကြောင့်ဖယ်ရှားရတာပါ။ ရဲ အင်အား (၁၀) ယောက်နဲ့ပဲ ဖ... more »