Pages

Thursday, February 13, 2014

စကားလုံးအရေးအသား အငြင်းပွားမှုဖြင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်မပြုနိုင်ခဲ့


အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် ဖေဖော်ဝါရီ ၁၁ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးခဲ့ရာ စကားလုံးအရေးအသား အငြင်းပွားမှုကြောင့် အတည်ပြုနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၅၃ ချက်တင်သွင်းခဲ့ရာ စကားလုံးအထားအသို၊ အရေးအသား မရှင်းလင်းမပြတ်သားမှုကြောင့် (၄၈)ချက်သာ အတည်ပြုနိုင်ခဲ့ပြီး တစ်ချက်ကို ရှင်းလင်းရန် ဥပဒေအရသော်လည်းကောင်း၊ ရေးထုံးအရသော်လည်းကောင်း ပြင်ဆင်ရေးသားပြီး အနီးစပ်ဆုံး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုကာ ဥပဒေအား အတည်ပြုသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါတစ်ချက်မှာ ဥပဒေကြမ်းပါ လုပ်ပိုင်ခွင့်နှစ်ခုကို သီးခြားရေးသင့်သည်၊ တပေါင်းတည်းရေးသင့်သည် ဆွေးနွေးခဲ့ကြပြီး ယင်းကဲ့သို့ အတည်ပြုရန် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။