Pages

Monday, February 10, 2014

NLD နဲ့ ၈၈ တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ငြိမ်းချမ်းစွာ ပူးပေါင်းသွားမယ်လို့ ကြေညာ

ယနေ့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 



ဓာတ်ပုံ- 88 GS

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့၏ ပူးတွဲ သဘောထား  ကြေညာချက်ကို ဖော်ပြပေးလိုက်ပါတယ်။ အခု ကြေညာချက်ထွက်ပေါ်လာတာဟာ မကြာသေးခင်က နေပြည်တော်မှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ 
ဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အစရှိတဲ့ သူတွေနဲ့ မိနစ် ၄၀ ကျော်ကြာတွေ့ဆုံဆွေးနွေးမှု အပြီး ပေါ်ထွက် လာခဲ့တာဖြစ်ပါတယ်။

 “ကျွန်ုပ်တို့သည် (၁၉၈၈) ဒီမိုကရေစီအရေးတော်ပုံမှစတင်၍ ယနေ့တိုင် စဉ်ဆက်မပြတ် လက်တွဲ ကြိုးပမ်း လှုပ်ရှားနေကြသည့် ဒီမိုကရေစီအင်အားစုများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမို ကရေစီ
ပေါ်ပေါက်ရေးအတွက် အရေးကြီးသော ယခုအသွင်ကူး ပြောင်းရေးကာလတွင် ပိုမို ပူးပေါင်း အဖြေရှာနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ 

ထိုတွေ့ဆုံဆွေးနွေးမှုများ၏ ရလာဒ်အဖြစ်-အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြေ မပြတ်စေဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို ငြိမ်းချမ်း၍ တရားမျှတသော နည်းလမ်းများဖြင့် ပူးတွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်သည်။” 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း