Pages

Thursday, February 27, 2014

ရတနာပုံတယ်လီပို့ နဲ့ ထိုင်းနိုင်ငံက True ပူးပေါင်းဖို့ ဆွေးနွေးနေ


ထိုင်းနိုင်ငံမှာ တယ်လီဖုန်း၊ အင်တာနက်၊ ဆက်သွယ်ရေး လောကမှာ နာမည်ကြီးလာနေတဲ့ True Corporation ကုမ္ပဏီနဲ့ ရတနာပုံ တယ်လီပို့ တို့ဟာ မြန်မာနိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့  ဆွေးနွေးနေပါတယ်။
ရိုက်တာ သတင်းတပုဒ် အဆိုအရ ထိုင်းနိုင်ငံက True  ကုမ္ပဏီရဲ့ အကြီးအကဲ Noppadol Dej-Udom နဲ့ ရတနာပုံ တယ်လီပို့ တို့က တာဝန်ရှိသူတွေ ဆွေးနွေးကြတာလို့ ဆိုပါတယ်။

သူတို့ ညှိနှိုင်းဆွေးနွေးလို့ အောင်မြင်မယ်ဆိုရင်တော့ True ကုမ္ပဏီက အစီအစဉ်တွေ တင်သွင်းရမှာ ဖြစ်တယ်လို့ True အကြီးအကဲက ရိုက်တာကိုပြောပါတယ်။

True Corporation  ကုမ္ပဏီကို ထိုင်းနိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ Dhanin Chearavanont က ပိုင်ဆိုင်တာဖြစ်ပြီး ထိုင်းနိုင်ငံ တလွှား တယ်လီဖုန်း၊ အင်တာနက် စတဲ့ ဆယ်သွယ်ရေး ဝန်ဆောင်မှုတွေမှာ အဖိုးနှုန်းချိုချိုသာသာနဲ့ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီကြီးတခုလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ လေဆိပ်တွေ၊ စတိုးဆိုင်တွေမှာ True Move ဆိုတဲ့ စာတမ်းလေးနဲ့ တယ်လီဖုန်း ဆင်းမ်ကတ် အခမဲ့ ပေးဝေနေတာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို လုပ်ဆောင်ခွင့်ရကြမယ်ဆိုရင် တော့ တယ်လီနော၊ အူရီဒူးတို့နဲ့ အတူ အပြိုင်အဆိုင် ဝန်ဆောင်မှုတွေပေးနိုင်ကာ မြန်မာပြည်သူတွေ ဆက်သွယ်ရေး ပစ္စည်းနဲ့ သုံးစွဲမှုတွေကို အဖိုးနှုန်း ချိုချိုနဲ့ သုံးနိုင်မှာပါ။

ရတနာပုံတယ်လီပို့ ကတော့ မြန်မာနိုင်ငံမှာ အင်တာနက် ၀န်ဆောင်မှုတွေ ပေးနေပြီး၊ ပြည်တွင်း ကုမ္ပဏီ ၁၃ ခု ရယ် မြန်မာအစိုးရတို့နဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။

ဧရာဝတီ Blog