Pages

Friday, March 14, 2014

ထားဝယ်တိုင်းရင်းသားများပါတီဗဟိုရုံးတွင်နိုင်ငံရေးသိပ္ပံမိတ်ဆက်ဟောပြောပွဲ ကျင်းပ

ဆရာ မင်းခက်ရဲ ဟောပြောစဉ် (ဓာတ်ပုံ DNP)
ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို)မှ နိုင်ငံရေးသိပ္ပံမိတ်ဆက် ဟောပြောပွဲ အခမ်းအနား ကို 11.3.2014 အင်္ဂါနေ့ နံနက် ၉း ၀၀ နာရီအချိန်တွင် ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို) ရုံးခန်းတွင် ပါတီဝင်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပါတီဝင် (၄၀) ဦးကျော် တက်ရောက်ကြပါသည်။

နိုင်ငံရေးသည် လူတိုင်း၏ အရေးဖြစ်ပြီး လူတစ်ဦးချင်းစီမှ လူ့အဖွဲ့အစည်းတရပ်လုံး၏ နေ့စဉ်ရှင်သန်လုပ်ဆောင်မှုများကို များစွာလွှမ်းမိုးပါသဖြင့် အခေါင်အချုပ်ဖြစ်သော နိုင်ငံရေးဒဿနမှသည် လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အမျိုးသားနိုင်ငံတည်ဆောက်ရေးတို့ကို သီအိုရီမှ လက်တွေ့လုပ်ဆောင်ချက်များ အပါအ၀င် နိုင်ငံရေးပါတီတို့၏ မဟာဗျူဟာရေးဆွဲခြင်း အခန်းကဏ္ဍများကို
၁။ ဆရာမင်းခက်ရဲ(အယ်ဒီတာ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်)၊
၂။ ဆရာဝေယံဘုန်း (တာဝန်ခံ အယ်ဒီတာ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်)၊
၃။ ဆရာကျော်စွာ ( လက်ထောက်အယ်ဒီတာ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်)၊
၎။ ဆရာထူးကျော်ဝင်း ( လက်ထောက်အယ်ဒီတာ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်)၊
၅။ ဆရာ အောင်မျိုးမြတ် (ကျောင်းအုပ်၊ Greenhill Education Center)၊
၆။ ဆရာဇော်ဦး ( ဒါရိုက်တာ Myanmar Knowledge Society) တို့မှ ဟောပြောကြပြီး
ညနေ ၅း ၀၀ နာရီ အချိန်တွင် အဆိုပါအခမ်းအနာ ပြီးဆုံးခဲ့ပါသည်။
 ပါတီဝင်များ နိုင်ငံရေးဆိုင်ရာအသိအမြင်များ တိုးတက်လာစေရန် ရည်ရွယ်၍ အထူးသဖြင့် 
အတန်းပညာနိမ့်သော ပါတီဝင်များ၏ နိုင်ငံရေးအတွေးအခေါ်သည် ပညာတတ်ဘွဲ့ရ သူများနှင့်
တန်းတူ ဖြစ်နိုင်စေရန်ရည်ရွယ်၍ ဤသို့သော ဟောပြောပွဲ ၊သင်တန်းများကို မကြာခဏပြုလုပ်
ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 
Dawei Nationalites Party (Facebook)