Pages

Saturday, March 1, 2014

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကြီး ရည်ရွယ်ချက် လက်ကမ်းစာစောင်ဖြန့်ဝေ


ရန်ကုန် ၊ မတ်လ ၁

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအပြီးအပိုင် ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကြီး၏ ရည်ရွယ်ချက်အား သိရှိစေရန်
လက်ကမ်းစာစောင်ဖြန့်ဝေပေးလျှက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းအပြီးအပိုင် ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့မှ မေခ၊ မလိခ မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကြီး၏ ရည်ရွယ်ချက်လေး ချက်အား ပြည်သူများသိရှိရန် ယနေ့ မတ်လ ၁ ရက်တွင် လက်ကမ်းစာစောင် (၂၀၀၀) ကိုဖြန့်ဝေပေးလျှက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်( နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီ )မှ ကိုရဲထွဋ်ခေါင်က

"မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းဖို့အတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်တဲ့ ရည်ရွယ်ချက်ကို လူထုသွားလာမှုများတဲ့ မြို့တော်ခန်းမရှေ့နဲ့ ဆူးလေဘုရားတဝိုက်မှာ လက်ကမ်းစာစောင် ဖြန့်ဝေပေးနေတာပါ " ဟုပြောသည်။

ထို့အပြင် မတ်လ ၃ ရက်နေ့ တွံတေးမြို့နယ်သို့သွားရောက်ကာ လက်ကမ်းစာစောင် (၂၀၀၀) အားဖြန့်ဝေမည်ဖြစ်ပြီး မတ်လ ၁၀ ရက်တွင်မူ မြစ်ကြီးနားမြို့နယ်၌ အသိပညာပေးဟောပြောမှု များကို ပြုလုပ်သွားမည်ဟု သိရသည်။

Popular Myanmar News Journal