Pages

Tuesday, March 18, 2014

အင်းစိန်ဗဟို အကျဉ်းထောင်က ပြစ်ဒဏ်ကျ လူငယ်များ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆို

*****************************************
လက်ရုံးညီ ၊ ၊ အတွဲ ၁၀ အမှတ် ၁၂ Flower News Journal

၂ဝ၁၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်နှင့် တိုင်းဒေ သကြီးအသီးသီးရှိ စာစစ်ဌာနများတွင် စတင်စစ်ဆေးနေ ပြီဖြစ်၏။ တက္ကသိုလ်ဝင်စာမေးပွဲသည် လူငယ်တို့အတွက် ဘဝအချိုးအ ကွေ့တစ်ခုဖြစ်သလို အရေးကြီးသော စာမေးပွဲလည်း ဖြစ်သည်။
စာစစ်ဌာနအသီးသီးတွင် လူငယ်များမျှော်လင့်တကြီးဖြင့် ဝင် ရောက်ဖြေဆိုနေကြသလို အင်းစိန်ဗဟိုအကျဉ်းထောင်တွင်လည်း အကျဉ်း သားလူငယ်များ စာမေးပွဲဖြေဆိုခွင့် ရခဲ့၏။
ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ပြီး ၂ဝ၁၃ ခုနှစ် မတ်လတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပြစ်ဒဏ်ကျ လူငယ် များအား စာမေးပွဲဖြေဆိုခွင့်ပြုခဲ့၏။ ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

အင်းစိန်အကျဉ်းထောင်ဝင်းအတွင်းရှိ အမှတ် (၁၃) အခြေခံ ပညာ အလယ်တန်းကျောင်းသို့ အင်္ဂလိပ်ဘာသာ ဖြေဆိုသောနေ့တွင် ကျွန်တော်ရောက်သွားသည်။ သူတို့လေးတွေ စာမေးပွဲဖြေကြတာ စုစုပေါင်း ခုနစ်ယောက်။ ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများက စောင့်ကြပ်ပေးသ လို ကျောင်းဝင်းအပြင်တွင် အကျဉ်းဦးစီးဝန်ထမ်းများကလည်း အားဖြည့် စောင့်ကြပ်ပေးနေ၏။ ကျွန်တော်ရပ်နေရာနားသို့ ကားတစ်စီး ထိုးရပ်လာ ပြီး လူတစ်ယောက် လာနှုတ်ဆက်၏။ ကျွန်တော်က မသိသော်လည်း သူ က သိနေသည်။
''ဆရာ...ကျွန်တော်က -----ပါ။ ကလေးတွေကို အင်္ဂလိပ် စာ သင်ပေးတဲ့ဆရာပါ။ ကျွန်တော် တမင်လာပြီး အားပေးတာပါ။ တစ်လ ပိုင်းတုန်းက ထောင်က လွတ်သွားတာပါ''။
အကျဉ်းထောင်အတွင်းရှိ ထောင်ကျောင်းခွဲမှာ ဆရာလုပ်ဖူး သူတစ်ယောက်။ ထောင်အတွင်း ကျောင်းခွဲမှာတော့ အကျဉ်းသားလူငယ် များကို အကျဉ်းကျ ပညာတတ်ဘွဲ့ရများက စာသင်ပေး၏။ ကလေးတွေ နှင့်ပတ်သက်ပြီး ကျွန်တော်မေးတော့ သူကဆက်ဖြေသည်။
''ကျွန်တော်ကျတာက ၁၇ နှစ်ပါ။ ငါးနှစ်နဲ့သုံးလ အထဲမှာနေ ခဲ့ရတယ်။ မနှစ်ကတော့ လေးယောက်ဖြေတယ်။ ဒီနှစ်တော့ ဆယ်ယောက် ရှိတယ်။ ပြန်လွတ်သွားတဲ့သူတွေရှိတော့ အခု ခုနစ်ယောက် ဝင်ဖြေကြ တယ်။ စာသင်ရတာ တော်တော်လေး အားရစရာကောင်းတယ်။ သူတို့ လေးတွေ လိုက်နိုင်တယ်။ ကြိုးလဲကြိုးစားကြတယ်။ ဒီအထဲမှာ အကျဉ်း ဦးစီးက တာဝန်ရှိသူတွေ၊ ကျွန်တော်တို့အကျဉ်းသားတွေပါ ဝိုင်းဝန်းကြိုး စားကြတယ်။ ဒါ အောင်မြင်မှုတစ်ခုပါပဲ။ ကျွန်တော်က အခုရုံးတစ်ဖက်နဲ့ တမင်တကာလာပြီး ကလေးတွေကို အားပေးတာပါ''။
အကျဉ်းသားဘဝတုန်းက ဆရာလုပ်ခဲ့ဖူးသူကပင် ဆယ်တန်း စာမေးပွဲဖြေဆိုနေသော အကျဉ်းသားလူငယ်၏ အဘွားတစ်ယောက်နှင့် မိတ်ဆက်ပေး၏။
''အဘွားနာမည် ဘယ်လိုခေါ်လဲ''။
''ဒေါ်ဝင်းပါ။ အဘွား လာမတွေ့ဖြစ်တာ သုံးလေးလလောက် ရှိပြီ။ အမေရယ်၊ အဒေါ်တွေ၊ အစ်မတွေ လာတွေ့တိုင်း အဘွားကိုမေး လွန်းလို့ ဒီတစ်ခါ လာတွေ့တာပါ။ မြေးလေးက ဆေးမှုနဲ့ကျတာပါ။ အ ပြင်မှာတုန်းက စာမေးပွဲဖြေတာ လေးရက်ပဲ ရှိသေးတယ်။ အမှုဖြစ်ပြီး ဒီထဲကို ရောက်ခဲ့ရတာလေ။ မနှစ်ကလည်း ဝင်ဖြေသေးတယ်''။

စာမေးပွဲအချိန်ပြည့်ဖို့ နီးကပ်လာပြီ။ အင်းစိန် ဗဟိုအကျဉ်း ထောင်၏ ဒုတိယထောင်မှူးကြီးဦးတင်ဌေး ရောက်လာသည်။ ကျွန်တော် သိလိုသည်များကို မေးလိုက်မိ၏။
''ဒီနှစ်က ဒုတိယနှစ်နော်။ စုစုပေါင်း ဘယ်နှယောက်ဖြေလဲ မသိဘူး''။
''ပညာရေးဝန်ကြီးဌာနရယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရယ် ပူးပေါင်း ပြီး အကောင်ထည်ဖော်တာ။ မနှစ်က ပထမဦးဆုံးပဲ။ လေးယောက်ဖြေ ခွင့်ရတယ်။ ဒီနှစ်တော့ ခုနစ်ယောက်။ အကျဉ်းထောင်ဆိုတာက အယုတ် အလတ်အမြတ်မရွေး၊ ကြီး/ငယ်၊ ကျား/မ မရွေး ရောက်လာတတ်ကြ တယ်။ ဆယ်တန်းစာမေးပွဲ ဖြေခွင့်ရှိတဲ့အရည်အချင်းနဲ့ ပြည့်မီသူတိုင်း ကို ဖြေခွင့်ရအောင် စီစဉ်ပေးပါတယ်''။
''အထဲမှာ ကျောင်းရှိတယ်။ အကျဉ်းသားဆရာတွေက ဦးစီး ပြီး စာသင်ပေးတယ်။ ဒီပြင့်အတန်းတွေကထားပါတော့။ ဆယ်တန်းဆို တော့ ပြည့်စုံလုံလောက်မှု ဘယ်ရှိပါ့မလဲ''။

''အကျဉ်းသားဆရာတွေကတော့ အနီးကပ် သင်ကြားပို့ချတာ ပေါ့။ အပြင်က ဆရာ၊ ဆရာမတွေကိုလဲ ခေါ်ပြီးသင်ပါတယ်။ ကလေးတွေ ကလဲ ကြိုးစားကြပါတယ်။ ဘာပဲပြောပြော၊ ထောင်ကျပေမယ့် သူတို့လေး တွေရဲ့ အခွင့်အရေး မဆုံးရှုံးအောင် အားလုံးက ဝိုင်းပြီး ကြိုးစားအားထုတ် ပေးနေတာပါ။ ကျွန်တော်တို့အစ ဆရာ၊ ဆရာမတွေအဆုံး သာမန်ထက် ပိုပြီးတော့ ပံ့ပိုးကူညီပေးကြတယ်။ ပြစ်မှု၊ ပြစ်ဒဏ်တစ်ခုခုကြောင့် လူအ ကျဉ်းကျနေပေမယ့် သူတို့ရဲ့စိတ်တွေ၊ သူတို့ရဲ့မျှော်လင့်ချက်တွေကိုတော့ အကျဉ်းမကျစေချင်ဘူး။ ဒါ... တကယ့်စိတ်ရင်းအမှန်ပါ''။
ကျွန်တော်တို့ စကားကောင်းနေတုန်းမှာပင် ကလေးတွေ ဖြေ ဆိုခန်းထဲမှ ထွက်လာကြသည်။ စာမေးပွဲရက်အတွင်းမို့ သူတို့လေးတွေ စိတ်အနှောင့်အယှက်မဖြစ်စေချင်။ ဓာတ်ပုံရိုက်ရင်းကပင် ခဏတစ်ဖြုတ် စကားပြောဖြစ်၏။ ကျွန်တော်က များများစားစားမမေး။ သူတို့ပြောသမျှ ကိုသာ အသံဖမ်းထားဖြစ်၏။

''ကျွန်တော့်နာမည်က ------ပါ။ လုယက်မှုနဲ့ ထောင်ငါးနှစ် ကျပါတယ်။ အပြင်မှာတုန်းက ဆယ်တန်းကျလို့ ကျောင်းထွက်လိုက်တယ်။ စာမေးပွဲပြန်ဖြေဖို့ ကျူရှင်တက်နေတုန်းမှာပဲ အမှုဖြစ်ခဲ့တယ်။ မနေ့က မြန်မာစာကို ကောင်းကောင်းဖြေနိုင်ပါတယ်။ ဒီမှာစာမေးပွဲဖြေရတာ ပို ကောင်းသလိုပဲ။ စာကြည့်ချိန်များတယ်။ အောင်ရမယ်လို့ မျှော်လင့်တယ်''
''ကျွန်တော့်နာမည်ကတော့-------ပါ။ မုဒိမ်းမှုနဲ့ ခုနစ်နှစ်ကျ တယ်။ အပြင်မှာတုန်းက ဆယ်တန်းတက်နေရင်း ကျောင်းထွက်လိုက် တယ်။ နောက်ပိုင်း အလုပ်လုပ်ရင်းနဲ့ အမှုဖြစ်ပြီး ထောင်ထဲရောက်ခဲ့ပါ တယ်။ စာမေးပွဲဖြေရတာ စိတ်တိုင်းကျပါတယ်။ ဖြေပြီးတဲ့ နှစ်ဘာသာ စလုံး ဖြေနိုင်တယ်။ နောက်ဆက်ဖြေမယ့် ဘာသာရပ်တွေအတွက်လဲ ပြင်ဆင်ထားပြီးသားပါ။ အပြင်မှာဆိုရင် လူက စိတ်ကစားပြီး သွားချင် လာချင်တာတွေ များနေဦးမှာ။ ဒီမှာက အားအားရှိ စာပဲဖိလုပ်နေရတာ လေ။ ဘဝတူ ဆရာတွေကလဲ ဂရုစိုက်ကြပါတယ်''။

''ကျွန်တော့်နာမည်ကတော့ -------ပါ။ ကျွန်တော် မနှစ်က လဲ ဝင်ဖြေပါတယ်။ မနှစ်ကတော့ လေးယောက်ဖြေတယ်။ ဒီနှစ်တော့ ခုနစ်ယောက်ပါ။ အကောင်းဆုံးဖြေနိုင်တယ်။ ဒီနှစ်တော့ အောင်မယ်လို့ ယုံကြည်တယ်''။
''ကျွန်တော်က ------ပါ။ ထောင်ကျနေရင်း ဆယ်တန်းဝင်ဖြေ ဖြစ်တာ။ ဒုတိယမြောက် စာမေးပွဲပါ။ စာကျက်မှတ်ရတာရော၊ ဒီကလူ တွေဂရုစိုက်တာရော အားလုံးကို အားရပါတယ်။ နောက်ဘာသာတွေ ဆက်ဖြေနိုင်ပြီး အောင်မှာပါ''။

''ကျွန်တော့်နာမည်ကတော့-------ပါ။ အပြင်မှာ နေခဲ့တုန်းက တော့ ဆယ်တန်းကို တစ်ကြိမ်ဖြေဖူးတယ်။ မအောင်ခဲ့ဘူး။ အခုထောင် ထဲရောက်မှ ဒုတိယအကြိမ်ဝင်ဖြေတာပါ။ ကျွန်တော်က လူသတ်မှုနဲ့ ထောင် ကျတာပါ။ စာမေးပွဲဖြေရတာတော့ အပြင်ကပုံစံအတိုင်းပါပဲ။ အောင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်''။

''ကျွန်တော်က ဆေးမှုနဲ့ ထောင်ငါးနှစ် ပြစ်ဒဏ်ကျနေသူပါ။ အပြင်မှာတုန်းက ဆယ်တန်းကို တစ်ကြိမ်ဖြေဖူးပါတယ်။ ထောင်ထဲရောက် နေတော့ သိတဲ့အတိုင်းပဲ၊ စိတ်က ငြိမ်တယ်။ ပိုဖြေနိုင်တယ်လို့ ထင်တယ်။ ဒီနေ့ဖြေတဲ့ အင်္ဂလိပ်စာကို အားရတယ်။ နောက်ဘာသာတွေကိုလဲ အ ကောင်းဆုံး ဖြေဆိုနိုင်လိမ့်မယ်လို့ ယုံကြည်တယ်''။

''ကျွန်တော်အပြင်မှာနေတုန်းက ဆယ်တန်းကို တစ်လလောက် ပဲ တက်လိုက်တယ်။ ကျောင်းထွက်လိုက်တယ်။ အခု ဆေးမှုနဲ့ ထောင် ငါးနှစ် ကျတယ်။ ဒီထဲမှာ စာမေးပွဲဝင်ဖြေရတာကို စိတ်ထဲမှာတစ်မျိုးပဲ ခံစားရတယ်။ ပြောတော့ ပြောမပြတတ်ဘူး။ အောင်,အောင် ကြိုးစားပြီး ဖြေမှာပါ''။

သူတို့ နေထိုင်ရာ အကျဉ်းထောင်အတွင်းရှိ အဆောင်များရှိ ရာသို့ ပြန်ဖို့ပြင်ကြပြီ။ စာမေးပွဲဖြေဆိုတာကို လာရောက်အားပေးကြသော မိသားစုဝင်များနှင့် အချိန်ရတုန်း နှုတ်ဆက်ကြသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် ခြေလှမ်းချော်ပြီး ထောင်အုတ်ရိုးအတွင်း သို့ ရောက်ခဲ့ကြရသည်။ သူတို့ဘဝတွေ ဆုံးမသွားစေချင်။ အခွင့်အရေး ရတုန်းရခိုက်မှာ သူတို့ ကြိုးစားသလောက် အသီးအပွင့်တွေ ဖြစ်ထွန်းနိုင် ပါစေဟု ဆုတောင်းပေးနေဖြစ်သည်။