Pages

Sunday, March 23, 2014

ထိုင်း မြန်မာ လာအို သုံးနိုင်ငံ စုပေါင်း၍ သံဃာတော် အပါး ၁၀၀၀၀အား စည်ကားသိုက်မြိုက်စွာဖြင့် ဆွမ်းလောင်းပွဲ ကျင်းပ

ဓာတ်ပုံ-တာချီလိတ် Online new

 သာသနာတော်ပြန့်ပွားရေးနှင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ခြင်းအဖြစ် ရွှေတြိဂံနယ်မြေဖြစ်သည့် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံတို့မှ သံဃာတော် အရှင်သူမြတ် အပါး (၁၀,၀၀၀)အား တာချီလိတ်မြို့၏ တစ်ဖက်ဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ စုပေါင်းဆွမ်းလောင်းပွဲအဖြစ် ယနေ့ ၂၀၁၄ခုနှစ် မတ်လ(၂၂)ရက်၊ နံနက်(၆)နာရီအချိန်မှ စ၍ နံနက် (၈)နာရီကျော်အထိ စုပေါင်းလောင်းလှူကြရာ မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး(၁၂၀၀)ခန့် ကြွရောက်ခဲ့ကြသည်။
အဆိုပါ ဆွမ်းလောင်းပွဲသို့ မြန်မာနိုင်ငံဘက်မှ နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ" အမှူးပြု၍ သံဃာတော်၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး (၁၂၀၀)ကျော် ကြွရောက်ခဲ့ကြပြီး လောနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ သံဃာတော်များအပါအ၀င် စုစုပေါင်း တစ်သောင်းဝန်းကျင် ကြွရောက်၍ အလှူခံတော်မူခဲ့ကြသည်။
ထိုင်းနိုင်ငံဘက်မှာ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး နိုင်းချာ့ချိုင်း ဆ၀မ်ဖုမ်း နှင့် ဒေသအုပ်ချုပ်ရေး ဆိုင်ရာများ နှင့် မြန်မာနိုင်ငံဘက်မှာ အလှူရှင်များလည်း တက်ရောက်၍ စုပေါင်း ဆွမ်းလောင်းလှူခဲ့ကြသည်။
တာချီလိတ် မှကူးယူပါသည် ။
ကောင်းထက်