Pages

Tuesday, March 11, 2014

မလေးရှားလေကြောင်းလိုင်းက သတင်းတွေ အဆက်မပြတ် ထုတ်ပြန်

မလေးရှားလေကြောင်းလိုင်းက ပြီးခဲ့တဲ့ရက်ပိုင်းခရီးစဉ်အတွင်း ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့  လေယာဉ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲဖြစ်ထွန်းသမျှကို အဆက်မပြတ် ထုတ်ပြန်နေပါတယ်။
ပြီးခဲ့တဲ့ ၄ ရက်အတွင်း ကြေညာချက် ၁၂ စောင် ထုတ်ပြန်ခဲ့တာပါ။
 -

 -

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က မလေးရှားလေကြောင်းလိုင်းရုံးခန်း (ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)


ကြေညာချက်တွေထဲမှာ နောက်ဆက်တွဲ ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာကအစ ခရီးသည်တွေရဲ့ မိသားစုဝင်တွေ၊ သတင်းသမားတွေ၊ ခရီးသွားလာနေသူတွေ သိလိုတဲ့ အချက်အလက်၊ တုန့်ပြန်ချက်တွေအဆုံး ပါဝင်နေတာပါ။

မလေးရှားလေယာဉ်ပေါ် ခိုးယူပတ်စပို့နဲ့ လိုက်သူ အီရန်တဦးဟုဆို
 

http://blog.irrawaddy.org/2014/03/blog-post_6422.html

၎ ရက်ကြာခဲ့သော်လည်း လေယာဉ် ဘာဖြစ်သွားတယ်ဆိုတာကို ပြသတဲ့ သက်သေအထောက်အထား ထွက်ပေါ်မလာသေးပါဘူး။

ပင်လယ်ပြင်အတွင်း တွေ့ရတဲ့ ဆိုတဲ့ အပျက်အစီး အစိတ်အပိုင်းတချို့ နဲ့  ဆီကွက်ကြီးက ဒီလေယာဉ်နဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ မနက်ပိုင်း  မလေးရှားလေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေကို သြစတေးလျ၊ တရုတ်၊ ထိုင်း၊ အင်ဒို၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အမေရိကန်နိုင်ငံတို့က ကူညီနေတယ်၊ လေယာဉ် ၉ စီး၊ ရေယာဉ် ၂၄ စီး သုံးကြတယ်လို့ ဒီကနေ့မနက် ကြေညာချက်မှာ ရေးပါတယ်။ ပင်လယ်ပြင်ပိုင်းသာမက ကုန်းတွင်းပိုင်းကိုလည်း ရှာနေပါတယ် တဲ့။

ကမ္ဘာတ၀န်းသတင်းဌာနတွေကလည်း ဒီထုတ်ပြန်ချက်တွေကို ကိုးကားပြီး ရေးသား ထုတ်လွှင့်နေကြတာပါ။

သတင်းတွေကို အဆက်မပြတ် ထုတ်ပြန်ခြင်းဟာ အများအတွက် အကျိုးရှိတယ်၊ ကောလာဟလ ဖြစ်ပွားမှု လျော့ပါးစေတယ် ဆိုတာ  ဒီလုပ်ရပ်က သက်သေပြနေပါပြီ။

နိုင်ငံ ၁၄ ခုက ခရီးသည်တွေ လိုက်ပါသွားတာပါ။ ဘယ်နိုင်ငံက ခရီးသည် အရေအတွက် ဘယ်လောက် လိုက်ပါသွားကြတယ် ဆိုတာကို http://blog.irrawaddy.org/2014/03/blog-post_3816.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

အဲဒီအချက်အလက်ကလည်း 
လေကြောင်းလိုင်း အွန်လိုင်းကနေ ရယူထားတာပါ။
လေကြောင်းလိုင်း အွန်လိုင်း ပင်မစာမျက်နှာ www.malaysiaairlines.com မှာ ထုတ်ပြန်ချက်တွေကို တွေ့ရပါလိမ့်မယ်။  UPDATE ON MALAYSIA AIRLINES FLIGHT MH370 Read more here ဆိုတဲ့ နေရာကို ကလစ်ပြီး ဖတ်နိုင်ပါတယ်။

အင်္ဂလိပ်၊ တရုတ် ဘာသာတွေနဲ့ ဒီကနေ့ ထုတ်ပြန်ချက်ကို  ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
 -


  • ဆက်စပ်သတင်း
Malaysia Air Probe Finds Scant Evidence of Attack: Sources
http://www.irrawaddy.org/asia/malaysia-air-probe-finds-scant-evidence-attack-sources.html


ဧရာဝတီ Blog