Pages

Thursday, April 10, 2014

ယုဇနပလာဇာရှိ ဝေဒီဖိနပ်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွား

 


ယနေ့နံနက် ၉နာရီ ၅ မိနစ်ခန့်တွင် ယုဇနပလာဇာရှိ ဝေဒီဖိနပ်ဆိုင်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပြီး ဈေးသူ ဈေးသားများ အလန့်တကြား ပြေးဆင်း ခဲ့ကြသည်။

မိနစ် ၃၀ နီးပါခန့် အကြာတွင် Air Con gas ပေါက်ကွဲမှုသာ ဖြစ်ကြောင်း ဈေးအုပ်ချုပ်ရေး အဖွဲ့က ကြောငြာခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဆိုင်၏နောက်ဘက်ရှိ မှန်တခါးချပ်အချို့ ပေါက်ကွဲထွက်ခဲ့သည်။ ထိခိုက်ဒါဏ်ရာရရှိခြင်း မရှိသော်လည်း ပထမထပ် တစ်ထပ်လုံး gas အနံ့များနှင့် ဖုံးလွှမ်းလျှက်ရှိနေသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)