Pages

Monday, April 14, 2014

နိုင်ဂျီးရီးယားမှာ ဗုံး ၂လုံးကွဲ၊ ၇၁ ဦး သေ


ပေါက်ကွဲမှု ဖြစ်ပွားအပြီး ကားတွေ ပျက်စီးနေစဉ်

နိုင်ဂျီးရီးယား နိုင်ငံ၊ အဘူဂျာ မြို့တော် ဆင်ခြေဖုံးက ဘတ်စကား ရပ်နားစခန်းမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လူ ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကားတွေ အတော်များများကိုပါ ပျက်စီးစေခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့် နောက်ထပ် လူ ၁၂၀ ကျော်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

    ယာဉ်မောင်း အလုပ်လာလျှောက်သူ အများအပြား နင်းမိသေဆုံး
    နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ်တွေ တိုက်ခိုက်

Nyanya ဘတ်စ်ကား ရပ်နားစခန်းမှာ မြို့ထဲကို သွားမယ့် လူတွေ အပြည့် အသိပ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ဘယ်အဖွဲ့ကမှ ခုချိန်ထိ ထုတ်ဖော် မပြောသေးပါဘူး။

ဒါပေမဲ့ အစ္စလာမ်မစ် Boko Haram အဖွဲ့ ဖြစ်နိုင်ချေရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဘူဂျာမှာ အရင်က တိုက်ခိုက်ခဲ့မှုတွေကို သူတို့ အဖွဲ့က လုပ်ခဲ့ပါတယ်။
BBC