Pages

Wednesday, April 16, 2014

မန်စီမြို့နယ်မျာ အစိုးရတပ်နဲ့ ကေအိုင်အို တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ဒုက္ခသည်များ နေရပ်မှ ထွက်ခွာနေစဉ် (ဓာတ်ပုံ - Kachin Land)

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား ဧပြီ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ကေအိုင်အိုရဲ့ ဗဟိုကော်မတီဝင် ဦးဒွဲဗီဇက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကချင်ပြည်တွင်း ဒုက္ခသည်စခန်း ၂ ခု ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရသလို ရွာအများအပြားလည်း ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေနဲ့ ဒုက္ခသည်အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးဒွဲဗီဇာကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။




 By နော်နိုရင်း (ဒီဗွီဘီ)