Pages

Tuesday, April 15, 2014

ချင်းမိုင် သင်္ကြန်



 ချင်းမိုင်တစ်မြို့ လုံး စစ်ပွဲတစ်ခုနှယ်သို့ ပြန်ရောက်ရှိသွားသလိုမျိုး
လူတိုင်းကိုယ်စီရေသေနတ်များ၊ ရေပုံးများ ကိုင်စွဲလျှက် အေး
စက်သော ရေခဲရည်များဖြင့် တစ်ဦးကိုယ်တစ်ဦး ရေပက်ကစား
သည့်ပွဲမှာ ယနေ့ သင်္ကြန်အကြိုတစ်ရက်လုံးပင်ဖြစ်သည်။

ထိုသင်္ကြန်ရေသည် ၅မိနစ်မကျော်ခင်အချိန်လေးအတွင်းမှာပင်လမ်း
မတစ်လမ်းလုံးရေများပြည့်လျှံသွားသည်အထိဖြစ်ခဲ့သည်။ ထိုသင်္ကြန်
ပွဲတော် သည် ထိုင်းနိုင်ငံအတွက် ကမ္ဘာလှည့်ခရီးသွားများစွာ အား
ကြီးမားသော ဆွဲဆောင်မှုတစ်ခုဖြစ်သော ပွဲတော်တရပ်ပင်ဖြစ်သည်။

လူတိုင်းလူတိုင်း ယင်း သင်္ကြန်ပွဲတော်တွင်ရေပက်ကစားကြခြင်း
ကြောင့် လမ်းမတိုင်းလိုလိုတွင် ယာဉ်ကြောပိတ်ဆို့ မှုများ၊
ရေလွှမ်းမိုးမှုများဖြစ်ပေါ်သည်အထိ စည်ကားသိုက်မြိုက်လျှက်
ရှိကြောင်းတွေ့ မြင်နိုင်သည် ဖြစ်ပါသည်။
သူရိယနေ၀န်း