Pages

Thursday, May 22, 2014

တနင်္သာရီတိုင်းတွင် နေ့စားလပေး မူပြ ၁၂၀၀ ကျော် ခန့်မည်

Displaying P . Z (4).JPG
ပညာရေးကောလိပ်ကျောင်းဝင်းအတွင်း သင်တန်းသူ ဆရာမများကို တွေ့ရစဉ်

ဓာတ်ပုံ - Dawei Watch
|Dawei Watch| ထားဝယ်၊ မေ ၂၁
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျောင်းဆရာဆရာမ ၅ ဦးမပြည့်သော အခြေခံပညာမူလတန်းကျောင်းများ ယခုနှစ်အတွင်း နေစားလပေး မူလတန်းပြ ဆွဲခန့်ဆရာ/ဆရာမ ၁၂၀၀ကျော်ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေး ညွန်းကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နေစားလပေး ဆရာဆရာမများခန့်ထားရန် လျှောက်လွာခေါ်ယူရာ ဘွဲ့ရ ၃၀၇၆ ဦး၊ ဆယ်တန်းအောင် ၂၄၇၇ ဦး၊ န၀မတန်းအောင် ၂၉၃၃ဦး စုစုပေါင်း ၈၄၈၆ ဦးလျှောက်ထားပြီး ဘွဲ့ရ ၂၈၁၆ဦး ၊ ဆယ်တန်းအောင် ၂၂၇၂ဦးနှင့် န၀မတန်းအောင် ၂၅၈၅ ဦး၊ စုစုပေါင်း ၇၆၇၃ဦး ၀င်ရောက်ဖြေဆိုခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
“အမှတ်စာရင်းတော့ ခြစ်ပြီးပြီ၊ အလုပ်ခန့်ထားနိုင်ရေးမူကို ရေးဆွဲပြီး  ဇွန်လ ၁ ရက်နေ့အမှီ ခန့်ထားနိုင်အောင် ဆောင်ရွက် နေပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
အဆိုပါ နေ့စားလပေး ဆွဲခန့် မူလတန်းပြ လျှောက်ထားသူများကို မေလ ၁၂ ရက်နေ့က အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေ ဗဟုသုတ ဘာသာရပ် သုံးခုကို ပေါင်းကာ တစ်နာရီအကြာ မေးခွန်း မေးမြန်းခဲ့သည်ဟု သိရသည်။
ဝေးလံသော ကျေးလက်ဒေသရှိ စာသင်ကျောင်းများတွင် န၀မတန်းအောင်ပြီးသော ယင်းကျေးရွာများ နေထိုင်သူများကို ခန့်အပ်သွားမည်ဟု ယင်းတာဝန်ရှိသူက ပြောဆိုသည်။
တနင်္သာရီတိုင်းတွင် အခြေခံပညာမူလတန်းကျောင်း  ၇၀၀ ကျော် ရှိသည်။

Dawei Watch