Pages

Thursday, May 29, 2014

ထားဝယ်သို့ ပြဌာန်းစာအုပ် ကျောင်းအပ်ချိန် အမီမရောက်


  ထားဝယ်၊ မေ ၂၈

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသသို့ ၂၀၁၄-၂၀၁၅
ပညာသင်နှစ်တွင်အသုံးပြုမည့် ကျောင်းသုံးပြဌာန်း စာအုပ်များ
ကျောင်းအပ်နှံအချိန်အမီ မရောက်ရှိလာသေးကြောင်း ပညာရေးအသိုင်းအ၀ိုင်း ထံမှ
စုံစမ်းသိရှိရ သည်။

ပုံမှန်အားဖြင့် သင်္ကြန်အပြီး အခြေခံပညာရေးကျောင်းများ
စာမေးပွဲအောင်စာရင်းထွက်သည့် အချိန်များတွင် ရန်ကုန် မြို့မှ
ရေလမ်းခရီးဖြင့် စက်လှေ /သင်္ဘောများဖြင့် ရောက်ရှိလာလေ့ရှိသော်လည်း
ယခုနှစ်တွင် ကျောင်းသုံးပြ ဌာန်းစာအုပ်များ တင်ပို့ထားပြီးဖြစ်သည်ဟုသာ
သတင်းရရှိထားပြီး  ယနေ့အထိ ထားဝယ်ဆိပ်ကမ်းသို့ စက်လှေ/သင်္ဘောမှာ
ရောက်လာခြင်းမရှိသေးကြောင်း ထားဝယ်မြို့နယ် ပညာရေးသမ၀ါ ယမလီမိတက် (GEC)မှ
တာ ၀န်ရှိသူတစ်ဦးကပြောကြားသည်။

ယခုနစ်ကျောင်းဖွင့်အချိန်မီ ပညာသင်ကြားနိုင်ရန်အတွက် ယခင်နှစ်က
လက်ကျန်ကျောင်းသုံး စာအုပ်များ ကို ဖြန့်ဝေပေးလျှက်ရှိကြောင်း
၎င်းကပြောဆိုသည်။

“စာသင်ကျောင်းတိုင်းကို ကျောင်းသုံးစာအုပ်တစ်ဝက်လောက်စီ
တော့
ခွဲဝေပြီးဖြန့်ဝေပေးနေပါတယ်” ဟု ၄င်း တာဝန်ရှိသူက ဆိုသည်။

၂၀၁၄-၂၀၁၅ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်တွင်
ကျောင်းသုံးပြဌာန်းစာအုပ်တစ်စုံ၊ ဗလာစာအုပ် ၆ အုပ်၊ စာရေးကိရိယာကြေး ၁၀၀၀
ကျပ်အခမဲ့ပံ့ပိုးပေးမည်ဖြစ်ပြီး အလယ်တန်းအဆင့်တွင် ကျောင်းသုံးပြဌာန်
စာအုပ် တစ်စုံ၊ မိဘဆရာအသင်းကြေး၊ ကျောင်းလခ၊ အားကစားကြေး၊
စာရေးကိရိယာကြေး၊ စာကြည့်တိုက်ကြေး တို့ ကို ကောက်ခံတော့မည်မဟုတ်ကြောင်း
တိုင်းဒေသကြီးပညာရေးညွန်ကြားရေးမှူးရုံးက ထုတ်ပြန်ထားသည်။

ကျောင်းသုံးစာအုပ်များပြည့်စုံစွာမရရှိ၍ ယခင်နှစ်ကျောင်းသားများမှာ
လက်ကျန်စာအုပ်ဟောင်းများ၊ ယခုနှစ် ရရှိ
သောစာအုပ်သစ်များနှင့်ပေါင်းကာသင်ကြားရမည်ဖြစ်ကြောင်း လေးထပ်ဘုန်းတော်
ကြီးသင်ပညာရေး ကျောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက ဆိုသည်။

“နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးတဲ့ ကျောင်းသုံးစာအုပ်ကို
ကျောင်းလာအပ်တာနဲ့ ပေးအပ်ဖို့လိုအပ်တယ်။ ကျောင်း ဖွင့်လိုက်တာနဲ့
ဒီစာအုပ်နဲ့စာသင်နိုင်အောင်လုပ်သင့်တယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

ယင်းသို့ကျောင်းသုံးပြဌာန်းစာအုပ်များ ထားဝယ်ဒေသရှိစာသင်ကျောင်းများသို့
အချိန်မီ ပြည့်စုံစွာ မပေးအပ် နိုင်၍ ကျောင်းသားများမှာ
ပြင်ပစာအုပ်အရောင်းဆိုင် ဈေးကွက်ကမှီခိုကာ ၀ယ်ယူ အသုံးပြု နေရ သည်ဟု
ကျောင်းသားမိဘများထံမှ သိရသည်။

ပြီးခဲ့သည့် ပညာရေးနှစ်တွင် မဟာစင်မုန်တိုင်းကြောင့် စက်လှေတွေထွက်မရ၍
ထားဝယ်ဆိပ်ကမ်းကို စက်လှေ ရောက်နောက်ကျခဲ့ကာ ကျောင်းဖွင့်ပြီး
ရက်သတ္တနှစ်ပတ်အကြာမှ  ကျောင်းသုံးစာအုပ်များ ပြည့်စုံစွာ ဖြန့်ဝေ ပေးနိုင်ခဲ့သည်။

ထားဝယ်ခရိုင်တွင် အခြေခံပညာကျောင်းပေါင်း ၄၉၄ကျောင်းရှိပြီး
ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၁၆ ကျောင်းရှိသည်။


Dawei Watch |