Pages

Wednesday, June 18, 2014

မြိတ်တွင် ကျောပေါ် ရုပ်ပုံပါ ဂဏန်း တစ်ကောင် ဖမ်းမိ


Displaying IMG_20140618_145603(1).jpg
 ရုပ်ပုံပါ ဂဏန်းကို တွေ့ရစဉ်
ဓာတ်ပုံ - မြင့်မိုရ်/ Dawei Watch

၊Dawei Watch၊ မြိတ်၊ ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးကမ်းရပ်နေ ဂဏန်းဖမ်း ရေလုပ်သားတစ်ဦးသည် ကျောပေါ်တွင် ရုပ်ပုံပါသည့် ဂဏန်းမဲ အထီးတစ်ကောင်ကို ဇွန်လ ၁၄ ရက်နေ့က ကမ်းမီးစပ်ရွာ ကုန်းဖောက်ချောင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း  ဂဏန်းကို ဖမ်းမိသူ ဦးဆန်းထွန်းက ဆိုသည်။
ယင်းနေ့က အိမ်အတွက် ဟင်းစားရရန် ဂဏန်းမြုံး ၁၂ ခုဖြင့် ချောင်းအတွင်း ဂဏန်းဖမ်းရာ ယင်း ရုပ်ပုံပါ ဂဏန်း တစ်ကောင်တည်းသာ ရရှိသည်ဟု ဦးဆန်းထွန်းက ပြောသည်။
“ဂဏန်းအမဆိုရင် ကျောတွင်းရှိအဆီများနှင့် အရေခွံကပ်ပြီး အရုပ်ပေါ်နေတယ်လို့ ဆိုနိုင်ပေမဲ့ အခုက အထီးပါ ကျောမှ အဆီမရှိပါဘူး ထူးဆန်းနေတယ်”ဟု ယင်းရပ်ကွက်နေ ဂဏန်းဖမ်းနေသူ တစ်ဦးက ပြောသည်။
ဂဏန်းကျောပါပုံကို ဖမ်းမိသူများနှင့် အိမ်နီးချင်းများက အမျိုးသမီးတစ်ဦး၏ မျက်နှာပုံဟု ဆိုသည်။
အဆိုပါ ဂဏန်းရရှိပြီး နောက်တစ်ရက်မှာ အမျိုးသမီးတစ်ဦးမှ ၇ ရက်ပြည့်လျှင် ပြန်လွှတ်ပေးရန်နှင့် အလှူတစ်ခု လုပ်ပေးပါရန် အိမ်မက်လာပေးတယ်ဟု ဦးဆန်းထွန်း၏ ဇနီးက ပြောသည်။
“နှစ်လုံးထီဂဏန်းလည်း ပေးတယ်။ အိမ်နီးနာချင်းတွေ တော်တော်များများ ပေါက်ကြလို့ ငွေလာလူထားတာ တစ်သောင်းခွဲ ရပြီ။ ၇ ရက်ပြည့်ရင် အလှုလုပ်ပြီး ပြန်လွှတ်ပေးမယ်”ဟု ဦးဆန်းထွန်းက ဆိုသည်။
ကျောတွင် ရုပ်ပုံပါ ဂဏန်း ဖမ်းမိသည်မှာ ထူးဆန်းသည်ဟု ပြောရမည်ဖြစ်ပြီး ဂဏန်းဖမ်းသက်တမ်းတစ်လျှောက် ယခုကဲ့သို့ မကြုံဖူးဟု ဂဏန်းဖမ်းလုပ်ကိုင်နေသူ တစ်ချို့က ပြောပြသည်။
Dawei Watch