Pages

Tuesday, June 10, 2014

ကော့သောင်း စိတ်ကြွဆေးပြား ကိုးထောင်ခန့် ဖမ်းမိ


|Dawei Watch| ကော့သောင်း၊ ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်တွင် ဇွန်လ ၇ ရက်နေ့ နေ့လည်က စိတ်ကြွဆေးပြား ကိုးထောင်ပြားခန့် ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အထက်ပါ ရပ်ကွက် ဆရာစံလမ်းထဲတွင် မူးယစ်ဆေးဝါးရောင်းချနေသည်ဟု သတင်းအရ ၀င်ရောက်ဖမ်းဆီးရာ WY စာတန်းပါ စိတ်ကြွဆေးပြား ၈၉၅၀ ပြား၊ ဘိန်းစာရွက် နှင့် ဘိန်းစာမှုန့်များကိုပါ နေအိမ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲတပ်ဖွဲ့က ပြောသည်။
ယင်းစိတ်ကြွဆေးပြားများနှင့် ဘိန်းစာရွက်၊ ဘိန်းစာမှုန့် အားလုံး၏ တန်ဖိုး ကျပ် သိန်း ၅၀၀ ခန့်ရှိပြီး စိတ်ကြွဆေးပြားများကို ထိုင်းနိုင်ငံ ရနောင်းမှ သွင်းယူလာသည်ဟု ထွက်ဆိုကြောင်း ယင်းရဲတပ်ဖွဲ့မှ သိရသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိ ရောင်းချနေသူ အမျိုးသားအား ကော့သောင်းမြို့မ ရဲစခန်းတွင် မှုးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀ (ခ) ဖြင့် အမှု ဖွင့်ထားကြောင်း ယင်းတပ်ဖွဲ့က ပြောကြားသည်။

Dawei Watch