Pages

Monday, June 16, 2014

ပူးမလေး ရဲ့ ကမ္ဘာ့ဖလားဘော်လုံးပထမပွဲတော့ မှန်ခဲ့ပြီ


    14 June 2014
   

ကမ္ဘာ့ဖလားရဲ့ ဘောလုံးပွဲစဉ် အနိုင်အရှုံးတွေကို အကြားအမြင်ဆန်ဆန် အတပ်ဟောတဲ့ တိရိစ္ဆာန်တွေထဲမှာ ဆွစ်ဇာလန်က မက်ဒမ်ရှီဗားလို့ ခေါ်တဲ့ ပူးမလေးလည်း ပါဝင်လာပါပြီ။

Puuအဲဒီ့ ပူးလေးက ဆွစ်ဇာလန်အသင်းရဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ပွဲဦးထွက် ပွဲစဉ်မှာ အီကွေဒေါအသင်းကို အနိုင်ရလိမ့်မယ်လို့ နိမိတ်ဖတ်လိုက်ပါတယ်။

သူရွေးချယ်ပုံကို ဗီယာနားမှာ ဗီဒီယိုမှတ်တမ်းတင်ထားရာမှာတော့ ဘောလုံးကွင်းအသေးထဲမှာ ဂိုးတိုင်၂ခုကို နိုင်ငံ၂ခုအလံ စိုက်ထားပြီး ပူးကောင်လေးက ကွင်းထဲမှာ လျှောက်သွားရင်းကနေ ကွင်းလယ် ဒါမှမဟုတ် ဂိုးဧရိယာထဲ မစင်ပါချတာကို ခန့်မှန်းချက်ယူတာပါ။

အဲဒီ့မှတ်တမ်းအရ ဆွစ်ဂိုးဧရိယထဲ ၃ခါတိတိ ရောက်တာမို့ ဆွစ်ဇာလန်က အီကွေဒေါကို ပွဲဦးထွက်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် အဲဒီ့ပူးကောင်လေးဟာ ဇွန်လ ၂၀ ပြင်သစ်နဲ့ကန်မယ့်ပွဲ၊ ဇွန်လ ၂၅ ဟွန်ဒရက်စ်နဲ့ တွေ့မယ့်ပွဲတွေကိုလဲ ခန့်မှန်းထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီခန့်မှန်းချက်တွေကို ပွဲစဉ်အနီးကပ်မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ဂျာမဏီ ရေဘ၀ဲ ပေါလ် ရဲ့ ပွဲစဉ်ခန့်မှန်းချက် အများစု မှန်ကန်ခဲ့ရာကနေ တိရိစ္ဆာန်တွေ အသုံးပြု ခန့်မှန်းမှုတွေကို လူတွေ စိတ်ဝင်စားလာကြပြီး အခု ဆွစ်ဇာလန်ရဲ့ ခန့်မှန်းချက်တွေ အမှန်ဖြစ်မလာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

  By ဇင်မောင် DVB