Pages

Friday, June 27, 2014

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော (အသက် ၉၄ နှစ်) သည် ဇွန်လ ၂၆ ရက်နေ့ ညပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲစရီယန်း ( မိုင်းလုံကြီး) ရှိ နေအိမ်မှာ ကွယ်လွန်သွားပါ တယ်။ 


 ဓာတ်ပုံ- KNU

ကွယ်လွန်ချိန်တွင် သားသမီး ၈ ဦးနှင့် မြေး၊ မြစ်များစွာ ကျန်ရစ်ခဲ့ပါတယ်။ ကျန်ရစ်သူ သားသမီးများတွင် လက်ရှိ KNU ဒု ဥက္ကဋ္ဌ နော်စီ ဖိုးရာစိန်၊ KNLA စစ်ရေးချုပ် ဗိုလ်ချုပ် ဘီလပ်စိန်နှင့် KNLA အရာရှိ ဗိုလ်မှူးချုပ် မဲအေစိန်တို့သည် ထင်ရှားသူများဖြစ်ကြပါတယ်။

ဗိုလ်ချုပ်ကြီး တာမလာဘောသည် လွတ်လပ်ရေးစစ်ကြိုခေတ်က ဗြိတိသျှ စစ်တပ်တွင် တာဝန်ထမ်းဆောင် ခဲ့သူတဦးလည်းဖြစ်ပြီး ၁၉၄၉ ခုနှစ် ကရင်တော်လှန်ရေး စတင်ချိန်ကတည်းက ပါဝင်ခဲ့သူ တဦးဖြစ်ပါ တယ်။  

ဇနီးသည် နော်ဖောကဝေါဟာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အသက် ၉၅ အရွယ်တွင် ကွယ်လွန်ခဲ့ပါတယ်။ 



ဧရာဝတီ