Pages

Monday, June 16, 2014

မဟာသန္တိသုခအရေး U.S ရောက် သံဃာတော်များလည်း စိတ်မအေး

မဟာသန္တိသုခကျောင်း နှင့်ပတ်သက်၍ သာသနာ့ဥသျောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ ချုပ်က သတင်း ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ထားပါတယ်။ 



 မဟာသန္တိသုခကျောင်းကို ဇွန်လ ၁၀ ရက်နေ့ ညက ၀င်ရောက်စီးနင်းပြီး သံဃာတော်များကို ခေါ်ဆောင်သွားစဉ်၊ 
ဓာတ်ပုံ- ဧရာဝတီ


အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

 ၁။ ကျောင်းတိုက်တခုပိုင်ဆိုင်ခြင်း အငြင်းပွားမှုဖြစ်ပေါ်လာသောအခါ ဒေသနာလာအဆုံးအဖြတ်တို့ဖြင့် တရား နည်းလမ်း တကျပြုလုပ်ရန် အတိအကျ သတ်မှတ်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံ၌လည်း ဗုဒ္ဓ အလိုကျ လုပ်ထုံးလုပ်နည်းတို့ကို စည်းကမ်းသတ်မှတ် ဆုံးဖြတ် လာခဲ့ပြီးဖြစ်သည်။ 

၂။ ယခုအခါ ပီနန်ဆရာတော်ဘုရားနှင့် နိုင်ငံတော်သံဃာ့မဟာနာယကတို့ အကြား မဟာသန္တိသုခကျောင်း ပိုင်ဆိုင်ခြင်း အငြင်းပွားမှု ဖြစ်ပေါ်လျှက်ရှိသည်။ 

၃။ ထိုအငြင်းပွားမှုကို ဗုဒ္ဓ၏ နည်းလမ်းတကျ ဖြေရှင်းနည်းများရှိပါလျှက် အင်အားများစွာဖြင့် မဟာသန္တိ သုခကျောင်း တွင်းသို့ ဝင်ရောက်လျှက် သီတင်းသုံးကြသော သံဃာတော်များအား ဖမ်းဆီး ခေါ်ဆောင်ခြင်း ကို-၁၀-၆-၂၀၁၄ ညက ပြုလုပ်ခဲ့သည်။ 

ထိုပြင် ယင်းသံဃာတော်တို့ အထဲမှ ပြည်ပသာသနာပြု ဆရာတော်ဦးဥတ္တရအပါအဝင် သံဃာတော် ၅ ပါး ကို ကာယကံရှင်တို့ အလိုဆန္ဒမပါပဲ အတင်းလူဝတ်လဲ တရားစွဲခဲ့သည်။ 

၎။ ဗုဒ္ဓအဆုံးအမကို ခံယူပြီးဟု မိမိ ကိုယ်ကိုယ်ကို သတ်မှတ်ထားပါလျှက် ဗုဒ္ဓအဆုံးအမနှင့် ဆန့်ကျင်ပြီး အင်အားသုံး သံဃာတော်တို့အား ဖယ်ရှားမှု ၊ အပြစ်မရှိသော သံဃာတော်တို့ကို တဖက်သတ် အတင်း လူဝတ်လဲစေမှုတို့သည် မပြုလုပ် သင့်သည်ကို အာဏာအလွဲသုံး ပြုလုပ်ခြင်းသာဖြစ်သည်။ 

၅။ ဖော်ပြပါဖြစ်စဉ်ကို ထောက်ဆပြီး ထိုမတရားပြုမူချက်တို့ကို ကန့်ကွက်ကြောင်းနှင့် ဗုဒ္ဓနည်းလမ်းကျ အဆုံးအဖြတ် အတိုင်း အမြန် ဆောင်ရွက် ပေးရန် သက်ဆိုင်သူအားလုံးသို့ တောင်းဆိုသည်။ 


သာသနာ့ဥသျောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် 

နယူးယောက်မြို့
အမေရိကန်