Pages

Sunday, July 20, 2014

မြိတ်ခရိုင် မြို့နယ်လေးခုတွင် နိုင်ငံသားစီစစ်ရေး ကတ်ပြား ကွင်းဆင်း ပြုလုပ်ပေးမည်


|Dawei Watch| မြိတ်၊ ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင် ဇူလိုင်လ
၂၅ ရက်နေ့မှ စပြီး နိုင်ငံသားကဒ်များကို
ကွင်းဆင်းပြုလုပ်ပေးသွားမည်ဖြစ်
ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယင်းအစီအစဉ်ကို လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် နော်ဝေဒုက္ခသည်ကောင်စီ
NRC(Norwegian Refugee Council) တို့
ပူးပေါင်းပြီးဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု သိရသည်။
မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလော (၄)မြို့နယ်ကို
ဇူလိုင်လ ၂၅ ရက်နေ့မှစပြီး လာမည့်နှစ် မေလအထိ နိုင်ငံသားကဒ်များကိုပြုလုပ်ပေးသွားမည်ဟု မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှသိရသည်။
“ယခုလို NRC အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ပေးတာ မြိတ်ခရိုင်မှာ
ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
မြို့နယ်လေးမြို့နယ်အတွင်းရှိ ဝေးလံခေါင်းပါးပြီး သွားလာရခက်ခဲသောဒေသများရှိ တိုင်းရင်းသားများကိုလည်းနိုင်ငံသားကဒ်များပြုလုပ်ပေးသွားမည်ဖြစ်ကာ ဒေသခံများအနေဖြင့်
အချိန်ကုန်သက်သာခြင်း၊ အလုပ်အကိုင်ပျက်ခြင်းမရှိဘဲနှင့်နိုင်ငံသားကဒ်များကို အဆင်ပြေလွယ်ကူစွာရရှိသွားမည်ဟု မြို့နယ်
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ သိရသည်။
Dawei Watch