Pages

Monday, July 7, 2014

တနင်္သာရီတိုင်းတွင် မော်တော်ဆိုင်ကယ် လိုင်စင် စီမံချက်မှ အခွန်ငွေ ကျပ် သိန်းပေါင်း ၁၇၀၀၀ ကျော်ရ

ေ   Displaying P7012191.JPG

Displaying P7012190.JPG
 ကော့သောင်းတွင် မော်တော်ဆိုင်ကယ် လိုင်စင် ပြုလုပ်ပေးနေစဉ်
ဓာတ်ပုံ - ညိုဝင်းမောင် / Dawei Watch
ထားဝယ်၊ ဇူလိုင် ၆
တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမဝင် မော်တော်ဆိုင်ကယ်များကို ယာဉ်လိုင်စင်ပြုလုပ်ပေးသည့် 
ယခုနှစ်စီမံချက်ကာလတွင် မော်တော်ဆိုင်ကယ် ၁၉၇၁၈ စီးကို လိုင်စင်ပြုလုပ်ပေးခဲ့ပြီး အခွန်ငွေ စုစုပေါင်း 
ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော် ရရှိခဲ့ကြောင်း တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်းရေး ညွှန်ကြားရေးမှု 
ဦးစီးဌာန(ကညန)ရုံးထံမှ သိရသည်။

စီမံချက်ကာလအတွင်း ထားဝယ်ခရိုင်တွင် ဆိုင်ကယ် ၆၉၁၈ စီး၊ မြိတ်ခရိုင်တွင် 
၈၀၄၁စီး၊ ကော့သောင်းခရိုင်တွင် ၄၇၅၉ စီး တို့ကို လိုင်စင်ပြုလုပ်ပေးခဲ့ပြီး အခွန်ငွေ ၁၇၂၆၆၄၁၃၅၃ ကျပ် 
ရရှိခဲ့ကြောင်း အထက်ပါ ရုံးမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးစိုက်ရာမြို့ ၃ မြို့တွင် ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဇူလိုင်လ ၄ 
ရက်နေ့အထိ ရုံးအချိန်အတွင်း ယာဉ်လိုင်စင်ပြုလုပ်ပေးခဲ့ပြီး၊ ဇွန်လမှစ၍ စနေ၊ တနင်္ဂနွေရုံး 
ပိတ်ရက်များတွင် ထားဝယ်ခရိုင်အတွင်း လောင်းလုံးမြို့၊ သရက်ချောင်းမြို့၊ ရေဖြူမြို့၊ ကံပေါက်ဒေသ၊ 
မြိတ်ခရိုင်တွင် ကျွန်းစုမြို့၊ တနင်္သာရီမြို့နှင့် ပုလောမြို့၊ ကော့သောင်းခရိုင်တွင် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲနှင့် 
ဘုတ်ပြင်းမြို့တို့သို့ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်ဟု အထက်ပါရုံးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ဇွန်လ ၅ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ လုပ်ဆောင်ပေးခဲ့သော 
စီမံချက်ကာလ၌  တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်တွင် ၂၇၄၂၁စီး၊ မြိတ်ခရိုင်တွင် 
၂၁၄၆၅စီးနှင့် ကော့သောင်းခရိုင် ၇၇၂၈စီး စုစုပေါင်း ၅၆၆၁၄စီး လုပ်ဆောင်ပေးခဲ့သည်ဟု 
ကညနရုံးမှတ်တမ်းအရ သိရသည်။
တရားမဝင်တင်သွင်းထားသော မော်တော်ဆိုင်ကယ်များကို ယာဉ်လိုင်စင်ပြလုပ်ပေးခဲ့သည်မှာ ၁၉၉၉ခုနှစ်မှ 
ယခုအချိန်အထိ ၉ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
Dawei Watch