Pages

Wednesday, July 30, 2014

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ်တင်အောင်ချစ်အား ခန့်အပ်

ဗိုလ်ချုပ်မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ပြီးနောက် လစ်လပ်သွားသော နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးနေရာတွင် ဗိုလ်ချုပ်တင်အောင်ချစ်အား ယနေ့ခန့်အပ်လိုက်ပြီဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတက ဇူလိုင် ၂၉ ရက်တွင် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။