Pages

Tuesday, July 22, 2014

ကွမ်းသီးခြောက်ဈေးနှုန်း စံချိန်တင် မြင့်တက်

Displaying DSCF4451.JPG
ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲရှိ ကွမ်းသီးလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
ဓာတ်ပုံ - တင့်လွင်/ Dawei Watch

  ထားဝယ်၊ ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီးခြောက်ဈေးကွက်တွင်ဒေသထွက်ကွမ်းသီးခြောက်ဈေးနှုန်း
မှာ ယခုနှစ်တွင် စံချိန်တင်မြင့်တက်နေကြောင်း ထားဝယ်၊ မြိတ် ကွမ်းသီးခြောက်ဈေးကွက်အတွင်းမှ သိရသည်။
ကလေးမြို့နှင့် တမူးမြို့တို့မှ ကွမ်းသီးဝယ်လိုအားများခဲ့၍ကွမ်းသီးရာသီပိတ်ခါနီးအချိန်တွင် ယင်းသို့ စံချိန်တင်မြင့်တက်သွားခြင်းဖြစ်ကြောင်းထားဝယ်မြို့ကွမ်းသီးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောကြားသည်။

ကွမ်းသီးရာသီအစက ကွမ်းသီး တစ်ပိဿာ ၂၁၀၀၊ ၂၂၀၀ ကျပ် ရရှိခဲ့ရာမှ
ကွမ်းသီးရာသီ ပိတ်ခါနီးအချိန်တွင် ၄၂၀၀၊ ၄၃၀၀ကျပ်အထိ ဈေးနှုန်းအသီးသီး
ရရှိခဲ့ကြောင်း ထားဝယ် ကွမ်းသီးဈေးကွက်အတွင်းမှ သိရသည်။
ကွမ်းသီးဈေးနှုန်းမြင့်မားသဖြင့် မြိတ်မြို့နယ်အတွင်းတွင်
ကွမ်းသီးညပ်စိပ် တစ်ပိသာကို ငွေ ၅၀၀၀ ကျပ် ကျော် အထိ ပေးဝယ်နေရသည်ဟု
စက်ဝင်းရပ်ကွက်နေ ကွမ်းယာရောင်းနေသူတစ်ဦးက ပြောသည်။
မိုးကွမ်းသီး နွေကွမ်းသီးနှစ်မျိုးရှိပြီး ကွမ်းသီးခြောက်အလုံးများကို
နိုင်ငံခြားသို့ တင်ပို့ရောင်းချရပြီး အခြမ်းများကို ပြည်တွင်းတွင်
စားသုံးကြသည်ဟု အရောင်းဝယ်ဒိုင်များမှ သိရသည်။
ယခင်နှစ်က ရောင်းဈေး တစ်ပိသာကို ၂၆၀၀-၂၇၀၀ ကျပ်အထိသာ ဈေးအမြင့်ဆုံး
ရရှိခဲ့သည်ဟု မြိတ်ဈေးကွက်အတွင်းမှ သိရသည်။
၂၀၁၀ပြည့်နှစ်ခန့်က ကွမ်းသီးတစ်ပိသာလျှင်
လေးထောင်ကျပ်ခန့်အထိရရှိခဲ့ဖူးသည်ဟု ကွမ်းသီးဈေးကွက်အတွင်းမှ သိရသည်။
ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့မှ တစ်နှစ်လျှင် ပိဿာ ၆၀ ၀င်
ကွမ်းသီးအိတ်ရေ ငါးသောင်းမှ ခြောက်သောင်းအကြား
ရန်ကုန်ဈေးကွက်သို့ တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။


|Dawei Watch|