Pages

Monday, July 21, 2014

လူထူဆန္ဒနှင့် ဆန့်ကျင်သည့် အံဒင်ကျောက်မီးသွေးစက်ရုံ ရပ်ဆိုင်းသင့်ဟုဆို

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=147589d19c0a630f&attid=0.1&disp=inline&realattid=file3&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1405960450222&sads=0qN6_gkPkCJps7-o7MpOJxs9_lg
 ကုမ္ပဏီမှ ကျောင်းမီးသွေးစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံတွေကိုရှင်းလင်းနေစဉ်          
              ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch

 မော်လမြိုင်၊ ဇူလိုင် ၂၁
ဒေသခံ ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒနှင့် ဆန့်ကျင်နေသည့် ရေးမြို့နယ်
အံဒင်ကျေးရွာကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိ
န်းအား
ရပ်ဆိုင်းသင့်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥပဒေ၊အဆို၊မေးခွန်း၊ဒေသန္တရ
စီမံကိန်းများ လေ့လာသုံးသပ်ရေးကော်မတီက ပြောသည်။
မွန်ပြည်နယ်လွှတ်တော် ဥပဒေ၊အဆို၊မေးခွန်း၊ဒေသန္တရစီမံကိန်းများ
လေ့လာသုံးသပ်ရေးကော်မတီက ဒေသခံပြည်သူလူထုတို့၏ ဖိတ်ခေါ်ချက်အရ
လွှတ်တော်ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် အံဒင်
ကျောက်မီးသွေးစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများနှင့်
ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့
သုံးသပ်ပြောလိုက်ခြင်း ဖြစ်သည်။
ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်ပြီး ကော်မတီ၏ လေ့လာတွေ့ရှိချက်၊
အကြံပြုချက်များကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ဥက္ကဌ၊
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း
ကော်မတီဥက္ကဌ ဦးအောင်နိုင်ဦးက ပြောသည်။
“နယ်မြေဒေသခံ သံဃာတော်တွေနဲ့ ပြည်သူလူထုတွေက
ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ဆန္ဒလုံးဝမရှိကြောင်း ပေါ်လွင်နေပါတယ်၊
ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံးရဲ့ သဘောထားဆန္ဒနဲ့ ဆန့်ကျင်နေတဲ့
ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ရပ်ဆိုင်းသင့်တယ်လို့ အကြုံပြု
တင်ပြထားပါတယ်” ဟု ကော်မတီဥက္ကဌ ဦးအောင်နိုင်ဦးက ပြောသည်။
ထို့အပြင် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစိတ်
အစီအစဉ်များကိုလည်း ဒေသခံပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ
အသိပေးဆောင်ရွက်မှု အားနည်းကြောင်းနှင့် ကုမ္ပဏီအနေဖြင့် သက်ဆိုင်ရာ
သဘောတူညီချက်မပါဘဲ မိမိတို့အကျိုးစီးပွားလုပ်ငန်းများ
အကောင်အထည်ဖော်နိုင်ရေးအတွက် မသိနားမလည်သည့် တောင်သူများထံမှ
မြေနေရာဝယ်ယူရန် အလျင်စလို ကြိုးပမ်းခြင်းကို မပြုလုပ်သင့်ကြောင်း
တင်ပြထားသည်။
အံဒင်ကျေးရွာတွင် Toyo-Thai Group မှ ၁၂၈၀ မဂ္ဂါဝပ်
ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းတည်ဆောက်ဖြစ်ပြီး ၂၀၁၄ ခုနှစ်
နှစ်ဆန်းပိုင်းကတည်းက မြေဝယ်ယူရန် ကုမ္ပဏီက စတင်ဆောင်ရွက်ခဲ့သည်။
နောက်ပိုင်းတွင် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ၏ ဆိုးကျိုးများနှင့်
ပတ်သက်ပြီး လူထုက တဖြည်းဖြည်းသိရှိ နားလည်လာကာ ပြည်သူလူထုတရပ်လုံးက
ကန့်ကွက်လာသည်။
“ဒီစက်ရုံအကြောင်း အစပိုင်းကတော့ သိပ်မသိကြဘူး၊ ကုမ္ပဏီကလည်း
အသေးစိတ်ရှင်းပြပေးထားတာမရှိဘူး၊ ဒါပေမယ့် ဒီနောက်ပိုင်း စက်ရုံကြောင့်
ဖြစ်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို တော်တော်လေးသိလာတော့
ကျွန်တော်တို့ လူထုတွေက ကန့်ကွက်လာတယ်၊ အခုလည်း သံဃာတော်တွေရော
လူထုတွေရော ဘယ်သူမှ သဘောမတူကြဘူး” ဟု အံဒင်ရွာခံတဦးက ပြောသည်။
စီမံကိန်းသည် Ultra Super Critical
နည်းပညာကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းဖြစ်ပြီး
အမေရိကန်ဒေါ်လာ သန်း ၂၇၀၀ အကုန်ကျခံတည်ဆောက်မည်ဖြစ်ကာ BOT စနစ်ဖြင့် အနှစ်
၃၀ စီမံကိန်း လုပ်ဆောင်ရန် လျာထားသည်။
စက်ရုံစီမံကိန်းအတွက် မြေဧက ၅၀၀ အသုံးပြုမည်ဖြစ်ကာ စီမံကိန်းကို ၄၈
လအတွင်း တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် အကုန်တွင် စီးပွားဖြစ်
စတင်လည်ပတ်ကာ ၂၀၁၈ ခုနှစ် ဇွန်လတွင် စက်ရုံတစ်ခုလုံး
စီးပွားဖြစ်လည်ပတ်မည်ဟု စီမံကိန်းအကျဉ်းချုပ်တွင် ဖော်ပြထားသည်။

Dawei Watch