Pages

Tuesday, July 8, 2014

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို Facebook တာဝန်ရှိသူတွေ ၂၄ နာရီ စောင့်ကြည့်မယ်

 
အင်တာနက်လူမှုရေး စာမျက်နှာ ဖေ့စ်ဘွတ်ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက် ရေးသားမှုတွေ လျော့နည်း သွားအောင် Facebook တာဝန်ရှိသူတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့် သွားမယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ အဓိကရုဏ်းတွေ ဖြစ်နေချိန်မှာ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတွေဟာ Facebook ဌာနချုပ်က ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဝါရှင်တန်၊ အိုင်ယာလန်၊ စင်္ကာပူမှာရှိကြတဲ့ Facebook တာဝန်ရှိသူ (၃)ယောက်ကို မြန်မာနိုင်ငံအတွက် တာဝန်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုရှိကြဖို့အတွက် ပညာပေးဆွေးနွေးပွဲတွေကိုလည်း ဖေ့စ်ဘွတ် တာဝန်ရှိသူတွေဟာ မကြာခင်မှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ဖေ့စ်ဘွတ်အပြင် တခြားအိုင်တီ နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Google ကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
                    အဆင်ပြေလျှင်ကြော်ငြာတစ်ခုစီကိုကလစ်တစ်ချက်စီနှိပ်ခဲ့ပါ။