Pages

Wednesday, July 9, 2014

မြန်မာ့တပ်မတော် နှင့် တအာင်းတပ်မတော် (TNLA) ပြင်းထန် တိုက်ပွဲဖြစ်ပွါး

၉ ရက် ဇူလှိုင်လ ၂၀၁၄ ခုနှစ်

 တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာနှင့် ပန်လုံးကျေးရွာကြားတွင် ယနေ့ ဇူလှိုင်လ ၉ ရက် ညနေ ၁၃း၀၀ နာရီမှ ၁၆း၂၀ နာရီ အချိန်ထိ တအာင်းတပ်မတော် ဗျူဟာ(၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၇၁၇)နှင့် မြန်မာစစ်တပ် တပ်မ(၇၇)တို့ အပြန်းအထန် ရင်ဆိုင်တိုင်ပွဲ ဖြစ်ပွား လျှက်ရှိသည်။

တိုက်ပွဲတွင်တအာင်းတပ်မတော်ဖက်မှထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက် တင်ပြသွားပါမည်။

တိုက်ပွဲတွင် နှစ်ဘက်တပ်ဖွဲ့မှ အပြန်အလှန် လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက် ခဲ့သည်။

တိုက်ပွဲ လုံးဝ ပြီးဆုံးသွားခြင်း မဟုတ်ဘဲ နှစ်ဘက်စောင့်ကြည့်သည့် အနေအထားတွင် ရှိနေသေးသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈