Pages

Thursday, August 14, 2014

ရခိုင်ပြည်နယ်မှာဖြန့်တဲ့ အနှိုင်းမဲ့ရေသန့် "သောက်သုံးရန်မသင့်"



"အနှိုင်းမဲ့/ Zhulian/ Beyond Water/ (ဘီယန်း အမှတ်တံဆိပ် သောက်ရေသန့်)"ဟာ သောက်သုံးရန်မသင့်ဘူး ဆိုပြီး ကျန်းမာရေးဌာနရဲ့ ကြေညာချက်ကို သြဂုတ် ၁၃ ရက်နေ့ထုတ် အစိုးရသတင်းစာများမှာ တွေ့ရပါတယ်။

ရေသန့်လုပ်ငန်းလိပ်စာကို ဖော်ပြထားခြင်း မရှိပါ တဲ့။

ဒီရေသန့်ဘူးကို ဘယ်ဒေသမှာ ရောင်းနေသလဲ ဆိုတဲ့မေးခွန်း ပေါ်လာပါတယ်။

ကျန်းမာရေးဌာနအရာရှိတယောက်ရဲ့ ဖေ့စ်ဘုတ်မှာတော့ - မသောက်သင့်ဘူးဆိုပြီး သတိပေးထားချက်ဟာ "
ဘယ်မြို့မှာမဆို အကျုံးဝင်ပါတယ်၊ စတွေ့တာကတော့ ရခိုင်ပြည်နယ်မှာပါ" လို့ ရေးထားပါတယ်။
 အွန်လိုင်းမှာ တယောက်က -  ရေသန့့် ဌာနပေါင်း ၁၈ ဌာနက ထောက်ခံချက် ရထားတဲ့ Beyond Water ကို သောက်သုံးဖို့ မသင့်တော်ဘူးလို့ တင်လိုက်တော့ မှားများမှားနေမလားလို့ ပါ ဆိုပြီး မှတ်ချက်ပြုပါတယ်။

သူက ... စက်ရဲ့နည်းပညာအပေါ်ပေးထားခြင်းသည်သောက်ရေသန့်ကို လွှမ်းခြုံမှုမရှိပါ၊ ပြုပြင်သန့်စင်တဲ့စက်ကောင်းတိုင်း ရေကောင်းတယ်လို့မဆိုနိုင်ပါ၊ အခုပြထားတဲ့ပုံမှာကိုက ရိုးသားမှုအားနည်းပါတယ်၊ ဒီတံဆိပ်တွေသည် နိုင်ငံများကို ကိုယ်စားမပြုပါ၊ ပုဂ္ဂလိက အဖွဲ့အစည်းများသာဖြစ်သည်၊ တံဆိပ် ၁၀ခုရှိလို့ ၁၀နိုင်ငံလို့ပြောလို့မရပါ၊ ဒီထောက်ခံချက်တွေရှိရင် ဘယ်နိုင်ငံမဆိုကြိုက်တာလုပ်လို့ရပြီဟု သတ်မှတ်ချက်မရှိပါ လို့ ပြန်လည် ရှင်းပါတယ်။

ရေသန့်ဘူးလုပ်ငန်းပေါင်းများစွာ ရှိတဲ့ မြန်မာပြည်မှာ  စစ်ဆေးစမ်းသပ်တာတွေ လုပ်ဖို့ ကျန်းမာရေးဌာနမှာ   ဘတ်ဂျက်နဲ့ အင်အား ဒီထက် ပိုများမယ် ဆိုရင်တော့ စားသုံးသူတွေအတွက် ပိုမို အကျိုးများမှာ ဖြစ်ပါတယ်။
 
ဧရာဝတီblog