Pages

Saturday, August 23, 2014

ကရင်တိုင်းရင်းသားများအတွက် ထောက်ပံ့ငွေ တိုင်းလွှတ်တော် တင်မည်

Displaying DSCF6267.JPG
  ထားဝယ်၊ သြဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အကူအညီလိုအပ်နေသည့်
ကရင်တိုင်းရင်းသားများအတွက် ထောက်ပံ့ငွေရရှိရန် စက်တင်ဘာလတွင်
ပြုလုပ်မည့် တိုင်းဒေသကြီးလွှတ်တော်၌ တင်ပြတောင်းခံမည်ဖြစ်ကြောင်း
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးစောဟာဗီက ပြောကြားသည်။
တိုင်းရင်းသားများအတွက် ထောက်ပံ့ကူညီနိုင်ရန်
သီးသန့်ဘတ်ဂျက်ချပေးထားခြင်းမရှ
ိသဖြင့် လိုအပ်သော
ကရင်တိုင်ရင်းသားများကို ပံ့ပိုးကူညီနိုင်မည့် ထောက်ပံ့ငွေရရှိရန်
တိုင်းဒေသကြီးဝန်ကြီးချုပ်ထံတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်တွင်
တင်ပြတောင်းခံမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောဆိုသည်။
“ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာ
ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုဘ၀ချို့တဲ့နေတဲ့ ကလေး၊
စားရိက္ခာမတတ်နိုင်သူများကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက်ဖြစ်တယ်”ဟု
ဦးစောဟာဗီက ဆိုသည်။
တိုင်ရင်းသားများကို ပံပိုးကူညီနိုင်ရန်အတွက်
ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားရေးရာ ၀န်ကြီးများအနက်
အချို့သည် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များတွင်
တင်ပြတောင်းခံခဲ့ပြီးဖြစ်သည်ဟု သိရသည်။
နိုင်ငံအ၀ှမ်း ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှ
တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ဦးမှ တစ်နှစ်စာအတွက် သိန်း ၁၆၀ ကျပ်စီကို
အသီးသီး တင်ပြတောင်းခံမည်ဖြစ်သော်လည်း တနင်္သာရီတိုင်းတွင် ကရင်
တိုင်းရင်းသားများ နေထိုင်လျက်ရှိသော ကျေးရွာများရှိ စာသင်ကျောင်းမှ
ရွာခန့်ဆရာ/ဆရာမများကို ထောက်ပံ့နိုင်ရန်အတွက်ပါ တောင်းခံသွားမည်ဟု
ဦးစောဟာဗီက ပြောဆိုသည်။
ကရင်တိုင်းရင်းသားများသည် လမ်းမကြီးများနှင့် ဝေးကွာပြီး လမ်းခရီး
ကြမ်းတမ်းသည့်နေရာများ၌ နေထိုင်ကြသူများဖြစ်ကာ ယင်းဒေသများသို့
သွားရောက်ရန်ခက်ခဲပြီး ခရီးစရိတ် အကုန်အကျများကြောင်း
ထားဝယ်ဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း ကရင်တိုင်းရင်းသားကျေးရွာ၂၁၀ရွာခန့်ရှိပြီး
အချို့ကျေးရွာများမှာ ပြည်ထဲရေး ၀န်ကြီးဌာန၌ အမည်မပေါက်သေးသည့်
ကျးရွာများဖြစ်သည်ဟု သိရသည်။
|Dawei Watch|