Pages

Thursday, August 21, 2014

ဂျပန်မှာ မြေပြိုမှုကြောင့် လူပေါင်း ၃၉ဦး သေဆုံး

 
 ဟီရိုရှီးမား ဒေသက မြေပြိုမှုကြောင့် တွေ့ရတဲ့ ပြိုကျနေတဲ့အိမ် (Credit: Reuters)
ဂျပန်နိုင်ငံ ​အနောက်ဘက်ခြမ်းမှာ ​မိုးသည်းထန်စွာ ​ရွာသွန်းမှုကနေ ​မြေပြိုကျမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် ​အနည်းဆုံး ​လူပေါင်း ​၃၉ ​ဦး ​သေဆုံးခဲ့ပြီး ​လူပေါင်း ​အတော်များများလည်း ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။

ရက်သတ္တပါတ်ကြာ ​ဆက်တိုက် ​မိုးရွာ ​သွန်းမှုကြောင့် ​Hiroshima ​ဒေသက ​မတ်စောက်တဲ့ ​တောင်ကုန်း ​တွေနဲ့ ​ဆင်ခြေ ​လျှောတွေ ​ကနေ ​မြေပြိုမှုတွေ ​ဖြစ်ပေါ် ​ခဲ့တာဖြစ်ပါတယ်။

ပြိုကျ ​လာတဲ့ ​တောင် ​ကုန်း ​တွေ ​က ​ရွံ့ ​တွေ ​ကျောက်ခဲ ​တွေနဲ့ ​ရောပြီး ​ပါလာတဲ့ ​ရေတွေ ​ဟာ ​အိမ်တွေ ​ကို ​တိုက်စား ​ပြိုကျ ​သွားစေခဲ့တာ ​ဖြစ်တယ် ​လို့လည်း ​သိရပါတယ်။

ABC Radio Australia