Pages

Saturday, September 27, 2014

စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် အခက်အခဲရှိသည့်အတွက် စီးပွားရေးပိတ်ဆို့မှု လုံးဝရုတ်သိမ်းပေးရန် အမေရိကခရီးစဉ်တွင် ၀န်ကြီးဦးစိုးသိန်းပြော

 မြန်မာနိုင်ငံ၏ သက်တမ်း ၂ နှစ် မပြည့်သေးသော စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အခက်အခဲကြုံရသည့် အချိန်များရှိခဲ့သည်ဟု စီးပွားရေးဆိုင် ရာ ၀န်ကြီးတစ်ဦးက ပြောကြားခဲ့ သည်။

  မြန်မာနိုင်ငံတွင် အစောဆုံး ရင်းနှီးမြှုပ်နှံခဲ့သူတစ်ဦးဖြစ်ပြီး လူမှု ရေးပြုပြင်ပြောင်းလဲမှုများကို အား ပေးခဲ့သူ ဂျော့ဆိုးရော့စ်ကလည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲမှုများ အရှိန်ကျသွား ခြင်းက ၎င်းင်းအတွက် အခက်အခဲဖြစ် စေသည်ဟု ပြောကြားခဲ့သည်။ သို့သော် အရှေ့တောင်အာရှ၏ နောက် ဆုံးဈေးကွက်သို့ နိုင်ငံတကာကုမ္ပဏီ ကြီးများ ၀င်ရောက်လာသင့်သည် ဟု ယုံကြည်နေသေးကြောင်းဆိုးရော့စ် ကဆိုသည်။

စီးပွားရေးနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာန ၁၁ ခုနှင့် ချိတ်ဆက်ကာ စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင် ရွက်နေသည့် သမ္မတရုံးဝန်ကြီးဦးစိုးသိန်း က မြေယာပိုင်ဆိုင်မှု စည်းမျဉ်းစည်း ကမ်းများ ရှုပ်ထွေးနေခြင်းအား လာ မည့်နှစ်တွင် ပြင်ဆင်နိုင်ရန် မျှော်လင့် သည်ဟုဆိုသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံ မှုညီလာခံတွင် ၀န်ကြီးက “မြေယာအ သုံးပြုမှု၊ မြေယာမူဝါဒနဲ့ပတ်သက်ပြီး အပြည့်အ၀ လွှမ်းခြုံထားနိုင်တဲ့ ဥပဒေ တစ်ခု ၆ လကနေ ၁ နှစ်အတွင်း ရှိ လာမှာပါ” ဟု ရိုက်တာသတင်းအား ပြောကြားခဲ့သည်။ “အဲဒါပြီးရင် ရေနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ရ မှာဖြစ်ပြီး စုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စက်မှုဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ်” ဟု ၎င်းက ထပ် လောင်းပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းမှုများ စတင်ပြီးနောက် ပထမဆုံး အထွေထွေရွေးကောက်ပွဲအား လာမည့် နှစ်တွင် ကျင်းပမည်ဖြစ်သည်။ မြန် မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီး ပွားရေး ပိတ်ဆို့မှုအချို့အား အမေ ရိကန်က ရပ်ဆိုင်းခဲ့သော်လည်း ပိတ် ဆို့မှုအချို့ ကျန်ရှိနေသေးသည်။

အမေ ရိကန်နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ် ရေးရုံး (OFAC) ၏ စည်းမျဉ်းများ အရ မြန်မာနိုင်ငံ၏ စီးပွားရေး အ စိတ်အပိုင်း အများအပြားမှာ ကန့် သတ်ချက်များရှိနေသေးသည်။ OFAC က အထူးသတ်မှတ်ထားသည့် နိုင်ငံသားများ (SDN) စာရင်းကိုပြုစု ထားသည်။ အမေရိကန်နိုင်ငံသားများ အား ထိုစာရင်းပါလူနှင့် အဖွဲ့အစည်းများနှင့် စီးပွားရေးတွဲဖက်လုပ်ကိုင် ခြင်းမပြုရန် တားမြစ်ထားသည်။ တိုင်းပြည်စီးပွားရေးအပေါ် စစ်တပ်ကလွှမ်း မိုးနိုင်မှုနှင့် မူးယစ်ဆေးမှောင်ခိုမှုများ ကြောင့် နိုင်ငံတွင်းရှိ အရေးပါသည့် စီးပွားရေးသမားနှင့် ကုမ္ပဏီအများ အပြား ထိုစာရင်းတွင် ပါဝင်နေသည်။

ဦးစိုးသိန်းက “အရေးယူမှုတွေ ရပ် ဆိုင်းထားတာက ဘာမှမလုပ်တာ ထက်စာရင် ပိုကောင်းပေမဲ့ လုံးဝရုပ် သိမ်းဖို့ ကျွန်တော်တို့ ပိုလိုလားပါတယ်” ဟု ပြောကြားခဲ့သည်။

လာမည့်နှစ် ရွေးကောက်ပွဲတွင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက သမ္မတရာထူး အတွက် အဆိုပြုသူမရှိဘဲ ၀င်ရောက်ရဖွယ်ရှိသဖြင့် နိုင်ငံရေးအရ မရေရာမှုများရှိနေသည်။ မြန်မာနိုင်ငံ တွင် သမ္မတအား လွှတ်တော်ကရွေး ချယ်ခြင်းဖြစ်သဖြင့် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်စေလိုသော်လည်း ရွေးချယ်ခွင့် မရှိပေ။
ညီလာခံတွင် ဦးစိုးသိန်းဘေး၌ ထိုင်နေခဲ့သည့် ဆိုးရော့စ်က ၎င်းင်း၏ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေး ရှင်းရုံးအား မြန်မာနိုင်ငံတွင် ဖွင့်လှစ် ခဲ့သည်မှာ နှစ် ၂၀ ရှိပြီဖြစ်ပြီး အ ဆုံးထိ ဆက်လက်လုပ်ကိုင်သွားမည် ဟုဆိုသည်။ လွန်ခဲ့သော နှစ်ဝက်အ ထိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ မှာ အံ့အားသင့်ဖွယ်ဖြစ်ခဲ့သည်ဟု ဆိုးရော့စ်ကဆိုသည်။ “လှုပ်ရှားမှုတွေ ကို ရွေးကောက်ပွဲအရိပ်က လွှမ်းမိုး လာတဲ့အတွက် တုန့်ဆိုင်းသွားပါတယ်။ ရွေးကောက်ပွဲပြီးရင် ပြန်လည်အရှိန် ရလာဖို့ မျှော်လင့်ထားပြီး တကယ် ဖြစ်လာဖို့လည်း လိုအပ်နေပါတယ်” ဟု ၎င်းကပြောကြားသည်။

အမေရိကန်ကုမ္ပဏီများအနေဖြင့် OFAC ၏ စည်းမျဉ်းနှင့်ကိုက်ညီစေရန် အသုံးပြုမည့် အိမ်ယာမြေများ၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သေချာလေ့လာရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် မြန်မာဈေးကွက်အား နိုင်ငံတကာကုမ္ပဏီများ လျစ်လျူရှုရန်မသင့်ဟု ဆိုရော့စ်က ယုံကြည်ထားသည်။ ယခုဘဏ္ဍာနှစ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာ ဏ ၅ ဘီလီယံထိရှိရန် အစိုးရက မျှော်မှန်းထားသည်။ SPA Group ဥက္ကဋ္ဌ မစ္စတာဆာ့ခ်ျပန်း၏ စီးပွားရေးလုပ်ငန်းများတွင် ဆိုးရော့စ်က ဒေါ် လာသန်းနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားသည်ဟု ၎င်းကပြောကြားသည်။ ဆိုးရော့စ်က “ဘဏ်လုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါဟာ ဒီနိုင်ငံနဲ့ ပြည်သူတွေ အဓိကလိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု တွေပါ” ဟု ပြောကြားခဲ့သည်။

KHTun