Pages

Monday, September 29, 2014

ဗိုလ်မိုးကြိုး အုတ်ဂူမှာ ဗိုလ်ချုပ်မှူးကြီး သွားရောက် ဂါရ၀ပြု

ဂျပန် ဗိုလ်မှူးကြီး ဆူဇူကီး ခေါ် ဗိုလ် မိုးကြိုးရဲ့ နေအိမ်နဲ့ အုပ်ဂူကို ဂျပန် နိုင်ငံရောက် မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နဲ့ အဖွဲ့က သွားရောက် လေ့လာ ကာ ဂါရ၀ ပြုခဲ့ပါတယ်။ 



 ဓာတ်ပုံ-မြ၀တီ၊ ကြေးမုံသတင်းစာဖြတ်ပိုင်း
ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army-BIA) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ  စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ ဗြိတိသျှ ကိုလိုနီကို ပြန်လည် အံတု တိုက်ခိုက်ရန် မြန်မာပြည်သို့ ပြန် ၀င်လာစဉ် ဂျပန်တပ်မတော် အရာရှိ ဗိုလ်မှူးကြီး ဆူဇူကီးဟာ အတူ ဦးဆောင်ပါ ၀င် ခဲ့သူလည်းဖြစ်ပါတယ်။ 

ဗိုလ်မှူးကြီး ဆူဇူကီးဟာ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော် သုံးကျိပ်ကို အားပေးကူညီခဲ့ သူ၊ မြန်မာ့ လွတ်လပ်ရေး အတွက် ထိုစဉ်က အဓိက ကူညီပေးခဲ့တဲ့ ဂျပန် မီနာမီကီကန်း အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ 

 ဗိုလ်မှူးကြီး ဆူဇူကီး ရဲ့ အိမ်နဲ့ အိမ်ကို သွာရောက်လေ့လာနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်





အိမ့်သံစဉ် ~ ဧရာဝတီ
                   အဆင်ပြေလျှင်ကြော်ငြာကို ကလစ်တစ်ချက်ပေးခဲ့ပါ