Pages

Wednesday, October 22, 2014

လိပ်ကျွန်း လူသတ်မှုအရေး ဘန်ကောက် မြန်မာသံရုံးမှာဆွေးနွေး (သတင်းနှင့်ဓာတ်ပုံ)

လိပ်ကျွန်း လူသတ်မှုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ ၂ ဦးကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းက ဘန်ကောက် မြို့က မြန်မာသံရုံးမှာ ဆွေးနွေးပွဲ တခု လုပ်ခဲ့ပါတယ်။ 


 
လိပ်ကျွန်းအမှု ကိစ္စ ထိုင်း-မြန်မာ ကိုယ်စားလှယ်များ ဘန်ကောက်ရှိမြန်မာသံရုံးတွင်ယနေ့ ဆွေးနွေးစဉ်၊ 
ဓာတ်ပုံ- မင်းဦး

 အဲဒီဆွေးနွေးပွဲမှာ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီက ပုဂ္ဂိုလ်တွေ အပါအဝင် မြန်မာသံရုံးတာဝန်ရှိသူတွေ၊ သံရုံးရဲ့ အထူးအဖွဲ့ဝင် FED နဲ့ MAT ဆိုခေါ်တဲ့ မြန်မာ အလုပ် သမား အရေး လှုပ်ရှားနေသူတွေနဲ့ ဖမ်းဆီးခံ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေ ပါဝင်ခဲ့ကြပြီး လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာကို ဆွေးနွေး တိုင်ပင် ခဲ့ကြပါတယ်။ 



အဲဒီလို ဆွေးနွေးပွဲ မလုပ်ခင်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ရဲ့ မိသားစုတွေက မြန်မာသံရုံးရှေ့မှာပဲ လာရောက် ကြတဲ့ ထိုင်း- မြန်မာ သတင်းဌာနက သူတွေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။


ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိသားစုတွေရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း တချို့၊ ဓာတ်ပုံများ- ကိုဘခက် ( MAT)
ယနေ့ နံနက်ပိုင်း က ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘများ ဘန်ကောက် ဒွန်မောင်လေဆိပ်သို့ ဆိုက်ရောက်လာစဉ် မြင်ကွင်းများ





အိမ့်သံစဉ် - ဧရာဝတီ Blog