Pages

Sunday, November 30, 2014

ရေဖြူနှင့် ကလိန်အောင် မြစ်ကူးတံတားနှစ်စင်း လာမည့်နှစ်ပြီးမည်ဟုဆို

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=149e6bde715f7946&attid=0.1&disp=inline&realattid=file0&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1417320886853&sads=1vAondkxQxL_VrAtKOYIIP6ltB0
ဆောက်လက်စ ရေဖြူတံတားနှင့် ရေဖြူ ကူးတို့ဆိပ်မြင်ကွင်း

ဓာတ်ပုံ - တင့်လွင် / Dawei Watch



|Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် ကလိန်အောင်မြို့နယ်ခွဲတွင် ဆောက်လုပ်နေသည့် ရေဖြူ နှင့် ကလိန်အောင် မြစ်ကူးတံတားနှစ်စင်းကို လာမည့်နှစ်တွင် အပြီးဆောက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တံတား အထူးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် ယင်းတံတားနှစ်စင်း၏ ရေလယ်တိုင်များနှင့် ကမ်းကပ်တိုင်များ ကွန်ကရစ်သွန်းလောင်းနေပြီဖြစ်ကြောင်း အထက်ပါ အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။
ကလိန် အောင်တံတားကို လာမည်နှစ် ဒီဇင်ဘာလတွင် ပြီးစီးရန် လျာထားပြီး ရေဖြူတံတားကိုမူ လာမည့်နှစ် မတ်လအကုန်တွင် အပြီးဆောက်မည်ဖြစ်ကြောင်း ၄င်းတို့က ပြောဆိုသည်။
“အခုဘတ်ဂျက်ကုန်လို့ အလုပ်ခဏ ဆိုင်းထားတယ်၊ လာမယ့်နှစ်ဘတ်ဂျက်မှ ပြန်စရမှာ၊ လာမယ့်နှစ်ဘတ်ဂျက်မှာ အပြည့်အစုံ ချ ပေးမယ်ဆိုရင် ၂၀၁၅အကုန်လောက်မှာ ပြီးနိုင်ပါတယ်”ဟု ကလိန်အောင်တံတားကို တည်ဆောက်သည့် တံတား
ဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့ (၆)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကလိန်အောင်တံတားတွင် တံတားချဉ်းကပ်အခန်း ၃ခန်းရှိရာမှ ထားဝယ်ဖက်ကမ်းရှိ အခန်းနှစ်ခန်းအနက် တစ်ခန်းကို
ကွန်ကရစ်ကြမ်းခင်းသွန်းလောင်းပြီးစီးနေပြီး ရေဖြူတံတားတွင်လည်း ရက်မများသွန်းလောင်းခြင်းနှင့် Girder Launching
လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကွန်ကရစ်ကြမ်းခင်းသွန်းလောင်းခြင်းလုပ်ငန်းများကို အခန်းအလိုက် ဆက်လက် လုပ်ဆောင်သွားမည်ဟု ၄င်းတို့က ရှင်းပြသည်။
ကလိန်အောင်တံတားဟောင်းနှင့် ကပ်လျက် နေရာတွင် တံတားအသစ်ကို ၂၀၁၃ခုနှစ်  နှစ်စမှ စတင်တည်ဆောက်ခဲ့ပြီး ရေဖြူတံတားကိုမူ ၂၀၁၃ခုနှစ် သြဂုတ်လတွင် စတင်တည်ဆောက်ခဲ့သည်ဟု တံတားဆောက်လုပ်ရေး စီမံကိန်း အချက်အလက်အရ သိရသည်။
ယင်းတံတားနှစ်စင်းမှာ သံကူကွန်ကရစ်အမျိုးအစားတံတားများဖြစ်ပြီး ကလိန်အောင်တံတားကို အရှည် ၆၆၀ပေ၊ ယာဉ်သွား လမ်းအကျယ် ၂၄ပေနှင့် တစ်ဖက်စီတွင် လူသွားလမ်းသုံးပေစီ ထားရှိပြီး စုစုပေါင်း လမ်းအကျယ် ၃၀ပေ ထားကာ တည်ဆောက်သွားမည်ဖြစ်ပြီး ရေဖြူတံတားကို ပေအရှည် ၆၈၀ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ပေ၊ တစ်ဖက် ချက် တွင် လူသွားလမ်းနှစ်ပေခွဲစီထားရှိကာ စုစုပေါင်းလမ်းအကျယ်၂၉ပေထားရှိကာတည်ဆောက်သွားမည်ဟု သိရသည်။
ရေဖြူတံတားသည် ထားဝယ်မြို့မှ မြောက်ဘက် ၁၃မိုင်ကျော်အကွာ၌ တည်ရှိပြီး ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်မည့် တံတားတစ်စင်းဖြစ်လာမည်ဖြစ်ပြီး ကလိန်အောင်တံတားသည် ရန်ကုန်-ထားဝယ်ပြည်ထောင်စု လမ်းမ ကြီးအပေါ်၌တည်ရှိကာ ထားဝယ်မြို့မှ ၄၆မိုင်ကျော်အကွာအဝေးတွင် ရှိသည်။
Dawei Watch