Pages

Friday, November 7, 2014

ကိုပါကြီးအလာင်းကို ညနေ ၅ နာရီ ဂူသွင်းသင်္ဂြိုဟ်မည်


ဒီကနေ့ မနက်က ကိုပါကြီးဇနီး ဒေါ်သန္တာ ကိုယ်တိုင် ဦးစီး သယ်ယူလာတဲ့ ကိုပါကြီး အလောင်း ဒီကနေ့ ညနေပိုင်းလောက် ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်တဲ့ အတွက် အလောင်းကို ညနေ ၅ နာရီ ဂူသွင်းသင်္ဂြိုဟ်ဖို့ စီစဉ်ထား တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

ရန်ကုန် ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ဖို့အတွက် နားရေးကူညီမှု အသင်း၊ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူတွေနဲ့ အဖွဲ့စည်းတွေက ကူညီဆောင်ရွက် နေပေးတယ်လို့လည်း ပြောပါတယ်။

အလောင်းကတော့ ရန်ကုန်ကို ၃ နာရီဝန်းကျင်လောက် ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

By ဒီဗွီဘီ