Pages

Sunday, November 16, 2014

အရေးပေါ်လူနာ ကုသတာကို ကြန့်ကြာအောင်လုပ်ရင် အရေးယူတော့မယ်

   Saturday, 15 November 2014 10:19
  
ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ အရေးပေါ်လူနာကို ဆေးရုံဆေးခန်းဆီ အချိန်မီပို့တဲ့အခါ နှောင့်နှေးကြန့်ကြာအောင် တားဆီးတာတွေ၊ အနှောင့်အယှက်ပြုတာတွေ လုပ်နေတယ်လို့ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ်နဲ့ငွေဒဏ် ပူးတွဲ အမိန့်ချနိုင်တဲ့ ဥပဒေကို လွှတ်တော်က အတည်ပြုလိုက် ပြီဖြစ်ပါတယ်။

အသက်ဘေးအန္တရာယ် စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရသူကို အချိန်မီ ကူညီစောင့်ရှောက်ရေး ဥပဒေကြမ်းကို နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

အသက်ဘေးစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရသူတွေ အတွက် လုံခြုံရေးအရ စစ်ဆေးခံရတာတွေ၊ မှုခင်းမှတ်တမ်း အရာရှိ ခွင့်ပြုချက်တွေကို စောင့်ဆိုင်းရတာတွေနဲ့ ဆေးရုံရောက်တဲ့ အချိန်မှာ အရေးပေါ် မကုသနိုင်တဲ့ ဖြစ်ရပ်တွေ ခဏခဏ ဖြစ်နေလို့ခုလို အတည်ပြုလိုက်တာ ဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ကန်ပက်လက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက တင်သွင်းခဲ့တဲ့ ဒီဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ်ထိုး ထုတ်ပြန်နိုင်ဖို့ အမြန်ဆုံး ပေးပို့သွားမှာဖြစ် တယ်လို့လည်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။
The Voice