Pages

Wednesday, November 12, 2014

အိုင်အက်စ်အဖွဲ့ ခြေကုပ်စခန်းကို ဆီးရီးယားအစိုးရတပ် လေကြောင်းဖြင့် တိုက်ခိုက်

 
ဆီးရီးယားအစိုးရတပ်က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)ရဲ့ ခြေကုပ်စခန်း အယ်လ်ရက်ကာမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွေ ဆင်နွှဲခဲ့ပါတယ်။

အယ်လ်ရက်ကာမြို့လယ်က အိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေပုံရပြီး အဆောက်အဦ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဆီးရီးယား အစိုးရတပ်တွေနဲ့ မဟာမိတ်လက်နက်ကိုင်အုပ်စုတွေကတော့ အိုင်အက်စ်အဖွဲ့ တိုက်ခိုက်ရေးသမားတွေ လက်ထဲက ဓာတ်ငွေ့သိုက် နယ်မြေတခုကို နိုဝင်ဘာ ၆ ရက်နေ့က ပြန်သိမ်းနိုင်ခဲ့တယ်လို့ စောင့်ကြည့်ရေးအုပ်စုတခုက ပြောပါတယ်။

ဆီးရီးယားအလယ်ပိုင်းက ရှားဓာတ်ငွေ့သိုက်ဟာ ဇူလိုင်လတည်းက ခုထိ ၄ ကြိမ် လက်ပြောင်းလက်လွှဲ လုပ်ခံရပြီးပါပြီ။

ပထမအကြိမ် အိုင်အက်စ်အဖွဲ့က ဓာတ်ငွေ့တွင်းကို သိမ်းခဲ့စဉ်က အစိုးရတပ်သားတွေ မဟာမိတ် ပြည်သူ့စစ်တွေ၊ အစောင့်တွေနဲ့ ဝန်ထမ်းတွေ အယောက် ၃၅၀ ကို သတ်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဘာသာရေးစစ်ဝါဒီတွေဟာ ဆီးရီးယားမြောက်ပိုင်းခရိုင် ရက်ကာထဲက အစိုးရ အခြေစိုက်စခန်းတွေ အပါအဝင် စခန်းအတော်များများကို ကျန်ခဲ့တဲ့ နွေရာသီက စတင် သိမ်းပိုက်ခဲ့တာပါ။

အဲဒီအချိန် မတိုင်ခင်က ဆီးရီးယားသမ္မတ ဘာရှားလ် အယ်လ် အာဆတ်ကို သစ္စာခံတဲ့ တပ်တွေနဲ့ အိုင်အက်စ်အဖွဲ့တွေကြာ ပဋိပက္ခဖြစ်မှု ရှားခဲ့ပါတယ်။

By ဒီဗွီဘီ