Pages

Wednesday, November 5, 2014

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ ယခုလအတွင်း ကျင်းပနိုင်ရန် MPC ပြောဆို

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာ MPC တို့ ပြုလုပ်သည့် လုပ်ငန်းအကြိုဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲကို ယခုလအတွင်း ကျင်းပနိုင်ရေး MPC ဘက်မှ တင်ပြထားသည်ဟု သိရသည်။


 NCCT နှင့် UPWC တို့ ၆ ကြိမ်မြောက်ဆွေးနွေးပွဲ 

သို့သော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ၇ ကြိမ်မြောက် အကြိုဆွေးနွေးပွဲ ထပ်မံ ကျင်းပ ရေးအတွက် NCCT ဘက်မှ ယခုလ ၁၀ ရက်နေ့နောက်ပိုင်းမှ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကပြောသည်။

 “သူတို့ဘက်ကတော့ ၁၀ ရက်နေ့ နောက်ပိုင်းမှာ NCCT အစည်းအဝေးပြန်ခေါ်မယ်လို့ပြောပါတယ်။ အဲဒီ နောက်ပိုင်းမှာမှ အကြောင်းပြန်သွားမယ်လို့ ပြောပါတယ်။ ဘာသဘောတူညီချက်မှမရှိခဲ့ဘူး” ဟု ၄င်းက ဆိုသည်။

လာမည့်ဆွေးနွေးပွဲကို ယခုလအတွင်းထပ်မံကျင်းပနိုင်ရန် MPC မှ အကြောင်းကြားတင်ပြ ခဲ့ကြောင်း သိရ သည်။

 ခုနှစ် ကြိမ်မြောက်ဆွေးနွေးပွဲကိုမည်သည့် အချိန်တွင် တွေ့ဆုံဆွေးနွေးမည်ကို မသတ်မှတ် နိုင်သေးကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“တပ်ပိုင်းဆိုင်ရာလည်းဆွေးနွေးခဲ့ခြင်းမရှိဘူး၊ အရင်ဆွေးနွေးပွဲအကြောင်းအရာလည်းဘာမှ မပြောဖြစ်ဘူး။ NCCT ခေါင်းဆောင်တွေ နဲ့ ပြန်တွေ့ကြမယ်” ဟု ၄င်းကပြောသည်။

ယခုဆွေးနွေးပွဲကိုချင်းမိုင်မြို့တွင်နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့ပြီး MPC ဘက်မှ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ဦးညိုအုန်းမြင့်နှင့်NCCTဘက်မှ
ဗိုလ်မှူးကြီးခွန်ဥက္ကာဦးဆောင်သောအဖွဲ့ဝင် ၄ ဦး တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့ထိ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင် ဦးအောင်မင်းနှင့်NCCT အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေးစာချုပ်အတွက်ဆွေးနွေးခဲ့သည်။သျှမ်းသံတော်ဆင့်